သောက်မှတ်မရှိနိုင်ပါတဲ့ Wang Yibo ရဲ့
သောက်သိတရားမရှိနိုင်သေးတဲ့လက်တစ်ဖက်ဟာမထိန်းနိုင်စွာလေပေါ်တစ်ဝက်လောက်မြောက်တက်သွားသေးသည်။ဒီလူ့မျက်ရည်တွေကိုသုတ်ပေးချင်လို့တဲ့...။
သောက်ကျိုးနည်းရယ်ရလွန်းတဲ့အကြောင်းပြချက်ကြီး။
ရင်ဘတ်တစ်ခုလုံးပေါက်ထွက်မတတ်ခံစားခဲ့ရတဲ့ညတွေကိုတင်းခံဖြတ်ကျော်ရင်းအသံတိတ်မျက်ရည်ကျခဲ့ရတဲ့သူ့ဘေးနားကျတော့ဘယ်သူမှမရှိခဲ့ဘူးမို့လား။
ဒါပေမယ့်ခဏပါပဲ။အနောက်က'Xiao Zhan'လို့ခေါ်သံပိုင်ရှင်မိန်းကလေးနဲ့အတူသူ့လက်လဲအောက်ပြန်ကျသွားခဲ့တယ်။
"မတွေ့ရတာကြာပြီနော်..."
ငါးနှစ်ကြာပြီးနောက် Wang Yibo ရဲ့ Xiao Zhan အတွက်ပထမဆုံးနှုတ်ထွက်စကားပင်။
အနားရောက်လာတဲ့မိန်းကလေးကလဲရှေ့ဆက်မတိုးပဲသူတို့နှစ်ယောက်အခြေအနေကိုဝင်ပါသင့်၊
မပါသင့်လှမ်းအကဲခတ်နေသလိုပဲ။အမှန်တိုင်းပြောရရင် Yibo ထက်အသက်ကြီးပုံရမဲ့ဒီကျဲကိုကျေးဇူးတင်ရမယ်။သူရောက်လာလို့သာကိုယ့်ရဲ့လက်တွေ့ဘဝဟာမီးမောင်းထိုးပြလိုက်သလိုရုပ်လုံးပေါ်လာတာ။
"ကောက မိသားစုဘဝလိုချင်တာ...ကလေး
လိုချင်တာ...ကောသွေးသားကိုလိုချင်တာ...
ကောကို မင်းကလေးမမွေးပေးနိုင်ဘူး Yibo...
မိသားစုဘဝမရှိတဲ့ ဆက်ဆံရေးမျိုးက
ရေရှည်ခိုင်မြဲမယ်ထင်လို့လား..."အိပ်မက်ဆိုးကြီးလိုနေ့ညမပြတ်ကြားယောင်နေတဲ့စကားသံ...။
သေသည်အထိမေ့နိုင်တော့မယ်မထင်တဲ့စကားသံ...။
အရိပ်မည်းကြီးတစ်ခုလိုနောက်ကလိုက်ကပ်နေဆဲပဲ။ကိုယ်ဟာအရာရာပြည့်စုံနေပါရက်နဲ့ချို့ယွင်းချက်ရှိနေသူတစ်ယောက်လိုအားပြင်းပြင်းနဲ့ဖိနှိပ်နိုင်လွန်းတယ်။
ကျန့်ကောဘေးမှာသူ့လိုကောင်စားမျိုးထက်
ဒီကျဲလိုမျိုးမိန်းကလေးတစ်ယောက်ပဲရှိနေသင့်တာ။ဒီကျဲလိုမှမဟုတ်ပါဘူး။အဓိကကမိန်းကလေးဖြစ်နေဖို့ပဲ။ဒါဆိုအဆင်ပြေပြီမလား။
YOU ARE READING
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။
Episode-(25) Z+U
Start from the beginning