အချစ်​ဦးမို့...ချစ်​ပါသည်​.."8"

Start from the beginning
                                    

"ကြည့်ပါအုံး အကိုရယ်ကူးကူးကို...ဒါမို့ အဖိုးရသေ့ကြီးက
ပြောတာနေမှာ ဒီကလေးသာလျှင် သားလေးရဲ့
အိမ်ထောင်ဖတ်ကောင်းဖြစ်မယ်ဆိုတာ...ကလေးတွေနဲ့
ပျော်နေတာလေးက တကယ် ဖြူဖြူစင်စင်လေး ပဲ...
ခင်တို့ ဒီလို ဖြူဖြူစင်စင်လေးဖြစ်အောင် အများကြီးဂရုစိုက်
ကြရအုံးမှာ..."
ဦးမျိုးချစ်မောင်မျတ်နှာတည်ပေ့မယ့် သူလည်းလက်ခံသည်။
ကူးကူးသည် ဒီစံအိမ် ရဲ့ လိုအပ်ချက်တွေကို ဖြည့်စီးသွားနိုင်မယ့်သူတစ်ယောက်မို့.....

"မှူးလေးက ကြက်သားလိုချင်သေးလို့လား.... ကူးကူးဆီက ယူနော်...ကူးကူးဟင်းလေးပေးမယ်.."
သူပန်းကန်ထဲက ကြက်သားတုံးလေးကိုထည့်ပေးလိုက်တဲ့ကူးကူး.....

"ကျေးဇူးတင်ပါတယ် ခင်ဗျ... မှူးလေးမုန့်တွေရရင်
ကူးကူးကိုပြန်ကျွေးမယ်နော်"

"တကယ်နော် မေမေခင်တို့သကြားလုံးတွေများကြီးပါတယ်...ကူးကူးကို တစ်လုံးပြန်ကျွေးရမယ်နော်"

အချင်းချင်းအပေးအယူတည့်နေတဲ့ ကူးကူးကို ကြည့်ပြီး
အားလုံးမှာသဘောတကျရယ်မောမိတဲ့ထိပင်...

ကူးကူးထမင်းစားပြီး မြန်မြန်ရှိရာကိုတစ်ချက်ချောင်းကြည့်လိုက်သည်။
မြန်မြန်က သူ့သူငယ်ချင်းနဲ့စကားပြောနေတာမို့
ကိုကိုဘတ်ကိုကြည့်လိုက်သေးသည်။

ကူးကူးရဲ့နှလုံးသားလေးက ဖြူလေးဆိုတဲ့ မမနဲ့
ကလေးတွေ ကိုဝေပေးမယိ့အရုပ်တွေ မုန့်တွေစီစဉ်နေတာများပြုံးပျော်လို့....
ရင်ဘတ်ကြီးမှာတစစ်စစ်နဲ့နာတယ်....
ဒါမယ့်ကိုကိုက ကူးကူးအပိုင်လို့ ကူးကူးသွားမပြောပေါင်...
ကူးကူးအိန္ဒြေလေးနဲ့ နေရမယ်....

ဟူးသဘောကျရတာပင်းပန်လိုက်တာ...မြန်မြန်လည်း
ကူးကူးသဘောကျရတာ ပင်ပန်းမှာပဲ...
ကူးကူးစိတ်ဆိုးမှာစိုးလို့လာမပြောရဘူးထင်တယ်....

လက်ထဲက မေမေခင်ပေးထားတဲ့ ချောကလတ် တောင့်လေးကိုကြည့်ပြီးမြန်မြန်ကို ကူးကူးပေးလိုက်ဖို့ စိတ်ကူးမိတယ်...

ကူးကူးမြန်မြန်ကို ကိုကို့လိုသဘောမကျပေ့မယ့်
ကူးကူးက ကိုယ်ချင်းစားတတ်ပါတယ်နော်...
မြန်မြန်ဆီသွားဖို့ ထိုင်ခုံသေးသေးလေးကနေ ထလိုက်တော့
ကူးကူးဘေးနားလာထိုင်တဲ့ရဲရင့်သုတ

အချစ်​ဦးမို့...ချစ်​ပါသည်​[ အခဈြဦးမို့...ချစ်ပါသည် ]Where stories live. Discover now