Part 1

6.5K 535 36
                                    

"မားမား...သားသား ကျောင်းမသွားချင်ဘူး.."
"ဘာလို့လဲ သားသားလေးရဲ့..မူကြိုမှာ ဆရာမတေရော
သားရဲ့ သူငယ်ချင်းလေးတေရောရှိတယ်လေ..
မနေ့ကတောင် သားသားပျော်ခဲ့ရတယ်မလား..."
"ဟင့် ဟင့်အင်း အဲ့မှာ ဆရာမ ရုပ်ဆိုးဆိုးကြီးလဲ ရှိတယ်..အသားဖြူဖြူကြီးနဲ့ ကောင်လေး နှစ်ယောက်လဲ ရှိတယ်...သားသား..သူတို့ကို ကြောက်တယ် မားမားရဲ့...."
"ဟင်...သားလေး...."
**မေလီ စဉ်းစားမိလိုက်တယ် သူတို့မျိုးရိုး တဆက်စီမှာ ဒီလို လူမျိုး တယောက်ဆီ ပါတတ်သည်လေ..ရှင်းရှင်းပြောရရင်. တစ္ဆေဝိညာဉ်တေကို မြင်ရတဲ့..မျက်လူံးပိုင်ရှင် လူသားပေါ့...သူမရဲ့ သားလေးရှောင်းကျန့်မှာမှ ဒီလိုဖြစ်ရတယ်လို့ကွယ်..သားလေးရယ်.....
.
.
.
_ငါးနှစ်သားလေး ရှောင်းကျန့်ခမျာ ထူးဆန်းလူတေက သူကို စူးစိုက်ကြည့်နေမှုတွေ... သူ့မျက်နှာ ရှေ့တည့်တည့် ပေါ်ပေါ်လာတတ်မှူတွေကို..
ကြောက်လန့်နေခဲ့ရပါတယ်......
.
.
.
.
Three years later....
.
ရှောင်းလေးတယောက် စာသင်ခန်းထဲမှာ ဆရာမ ဝင်မည့်အချိန်ကို စာအုပ်ဖတ်ရင်း စောင့်နေမိသည်..
သူက စကားနည်းတဲ့သူမို့ တခြားအတန်းဖော်များနဲ့လဲ
စကားစမပြောတတ်သူ...သူ့ကိုလာပြောရင်တော့..
အလိုက်အထိုက်နှုတ်ဆက်တတ်ပါတယ်...
.
"ဟေး မင်းနာမည်ဘယ်လိုခေါ်လဲ...."
"ရှောင်းကျန့်ပါ..."
_ကောင်လေးတယောက်က လာနှူတ်ဆက်တာမို့
မျက်နှာ မော့မကြည့်ပဲ ဖြေမိသည်...တဖက်က အသံတိတ်သွားတာမို့ မော့အကြည့်.....
.
"အယ် မင်းက ငါပြောတာကိုကြားသားပဲ..ဟားဟား"
_ဖြူဖြူစုတ်စုတ် မျက်နှာထက်မှာ ကန့်လန့်ဖြစ်အစင်းရာကြီးနဲ့ ကောင်လေးက..
တဟားဟားအော်ရယ်တော့သည်...
*မလာပါနဲ့.*
_ဖိုးဖိုးက အဆောင်ပေးထားတဲ့..စွယ်တော်ရွက်ပုံ
လော့ကတ်သီးနဲ့ ဆွကြိုးလေးကို...အရှေ့ထုတ်ပြီး
အော်မိသည်....
"ထွက်သွား!!."
"ဟင်..
"ဟမ်..
"ဟားဟား.....အရူးကောင်.....
.
.
_သူကဒီလိုပါပဲ သူရဲ့ထူးထူးဆန်းဆန်း အပြူအမူတွေကြောင့် တခြားသူတေက သူ့ကို
စိတ်မနှံတဲ့ သူလို့ထင်နေကြတာ...ပစ်ပယ်ထားကြတာ
ဒါက ရှစ်နှစ်အရွယ်ကလေးလေးတယောက်အတွက်
ကြီးမားလွန်းတဲ့ စိတ်ဒုက္ခတခုလို ဖြစ်လာတာပေါ့....
.
.
.

အတန်အသင့်နက်မယ်လို့ထင်ရတဲ့ ချောင်းလေးကို..
ဆက်သွယ်ထားတဲ့ တံတားလေး တစ်စင်း..
တံတားဘေးအစွန်းမှာ ကောင်လေးတယောက်
ဘေးနားမှာတော့..
.
"မင်းကို ဘယ်သူမှ မချစ်ဘူး မဟုတ်လား...
မင်းမှာသူငယ်ချင်းလဲ မရှိဘူးလေ..
ခုန်ချလိုက်စမ်းပါ..ငါမင်းနဲ့ သူငယ်ချင်းလုပ်ပေးမယ်..
ခုန်ချလိုက်...."
"ဟင့် အင့်...ဟင့်.."
"ဟာ မငိုနဲ့ လာ ငါနဲ့တူတူ ခုန်ချကြမယ်..ငါလက်ကို ကိုင်လိုက်....
ရှောင်ကျန့် ငါ့လက်ကို ကိုင်လိုက်....."
_ဘေးနားကနေ သေလမ်းဆီသို့ တွန်းပို့နေသော
ဝိညာဉ်ဆိုးများ....
"ခုန်....ချ.....လိုက်...."
....ရှောင်းကျန်မှာလဲ...စိတ်အားငယ်နေသော.ကလေး
တယောက်ပေမို့... ခုန်ချရန်..ခြေအလှမ်း.....
.
"ရာားး...ဒီဝိညာဉ်ကောင်တွေတော့..."
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဦးလေးကြီးက ဘယ်သူလဲဟင်..."
"Ohmo....ငါ့ကို ဦးလေးကြီး..."
"အင်းလေ...သားက ၈နှစ်လေ..ဦးလေးကြီးကရော.."
"၂၂၄ နှစ်.."
"ဟင်.. သားဖိုးဖိုးထက်တောင် အများကြီး ကြီးသေးတာပဲ....အာ့ဆို ဦးလေးကြီးကလဲ.. လူမဟုတ်ဘူးပေါ့...."
_ပြောနေရင်း အားငယ်သွားတဲ့ မျက်နှာလေးနဲ့ ခေါင်းငုံသွားတဲ့ ကောင်လေး...
"အေး..ဒါပေမဲ့ ငါက..ဝိညာဉ်တေကို နိုင်တယ်လေ..
မင်းတွေ့တယ်မလား..."
_ဂုဏ်ဆာနေသော မျက်နှာပေးနှင့်....
.
.
....All black suit နဲ့ အရမ်းကို လိုက်ဖတ်နေတဲ့သူ ....

Psychopomb(Completed)Where stories live. Discover now