မသိချင်ယောင်ဆောင်ထားရတဲ့အနာတရတွေက
သိစိတ်ပြန်ကပ်လာတဲ့အခါ
ပိုနာကျင်ရတယ် ကိုကို
ကျနော့်ဘဝထဲကခြေရာဖျောက်သွားတဲ့ခင်ဗျားကိုဘယ်စီလိုက်ရှာရမှန်းမသိတဲ့အခါကျနော်ကနာနာကျင်ကျင်ပြိုလဲပစ်ပါတယ်ကိုကိုမရှိရင်သေပစ်မှာလို့ပြောတုန်းကကိုကိုကမျက်ရည်ကျခဲ့တယ်အခုတော့ထားခဲ့တယ် လက်ကောက်ဝတ်ပေါ်ဓါးထက်ထက်ကိုတင်တဲ့အခါသွေးကြောတွေကတုန်လှုပ်တယ်ပြီးတော့
သွေးတွေကဖြန်းခနဲဖြာထွက်တယ် နောင်ဘဝမှာကိုကိုနဲ့ထပ်တွေ့မယ်။
Copter copter ကလေးရယ် ဘယ်လိုလုပ်ရက်ရတာတုန်း Nongသတိထားပါအုန်း Nong Nong........
ကိုကိုက ပြုံးပြနေတယ် ပြီးတော့နှင်လွှတ်တယ်
မဟုတ္ဘူး ကိုကို ကိုကို့ဆီလာတာလေ
ဘာလို့နှင်လွှတ်ရတာတုန်း ကိုကို က ကျနော့ကိုမချစ်တော့ဘူး ကိုကိုကကျနော့်ကိုမချစ်တော့ဘူး
မှိတ်ထားတဲ့မျက်လုံးတစ်စုံကိုဖွင့်ကြည့်ဖို့ကြိုးစားတဲ့အချိန်မှာ စူးခနဲမြင်ရတဲ့အလင်းရောင် နှာခေါင်းထဲရောက်လာတဲ့ဆေးရုံနဲ့ တစ်ဆစ်ဆစ်နာလာတဲ့ညာဘက်လက်လောက်ဝတ်ကဒဏ်ရာ...........
ကျနော်မသေသွားဘူးလား ကျနော်သေချင်တယ်လေ
ကျနော်သေသွားရင် ကိုကိုကျပန္လာမွာလား?
တရှုံရှုံငိုနေတဲ့အသံကြားရာကိုနားစွင့်လိုက်တော့
မမ Nanli ရဲ့ငိုသံ ပါးရဲ့သက်ပြင်းချသံ
Ai Kanရဲ့ တောက်ခေါက်သံ ကိုကို ကိုကို ကေတာ့ရွိမေနခဲ့ဘူးပဲ မဟုတ္ဘူး ပြန်မလာခဲ့ဘူးပဲ တကယ္ထားသြားခဲ့တာပဲ.................
လူနာကိုတစ်ချက်လောက်စစ်ကြည့်မယ်နော်
ဟုတ်ကဲ့ပါ ဆရာ ကျမမောင်လေးကိုကယ်ပါအုန်းဆရာ
သွေးတွေအရမ်းတွေမလွန်သွားပါဘူး တွေ့တာမြန်သွားလို့ဖြစ်မယ် စိုးရိမ်စရာမလိုတော့ပါဘူး သွေးအားပြည့်တဲ့အခါ ဆေးရုံကဆင်းလို့ရပါပြီ
ကျေးဇူးတင်ပါတယ် ဆရာ။
ပါး ပါး သားကိုခွင့်လွှတ်ပါ မောင်လေးကိုခွင့်လွှတ်ပါမမရယ်
သားလေးရယ် ပါး ပါး တစ်ခုပဲတောင်းဆိုချင်တယ်
နောက်ထပ် နောက်ထပ် ဒီလိုမလုပ်ပါနဲ့ ပါး ရင်တွေကွဲရလိမ့်မယ် သားရယ် သားဖြစ်ချင်သားရချင်တာသားလိုချင်တာ ပါး အကုန်ဖြည်းဆည်းပေးပါ့မယ် သားရယ်
ပါး ပါး ရယ် သားတောင်းပန်ပါတယ် ပါးတို့ကိုနာကျင်စေခဲ့လို့ နောက် နောက် ထပ် မရူးမိုက်တော့ပါဘူး
ပါး တို့ အတွက် သား အသက်ရှင်ပါ့မယ်
မောင်လေးရယ်မလုပ်ကောင်းမကိုင်ကောင်းတာတွေမမမှာဘယ်လောက်ရင်ပူရလဲသိလား အဟင့် အဟင့် အဟင့်
မမရယ် သားတောင်းပန်ပါတယ် မငိုပါနဲ့တော့နော်
သမီးNanli မောင်လေး က အခုမွ သတိပြန်ရကာစ နားပါစေတော့ကွယ်
ဦးနဲ့မမ အိမ်ပြန်နားလိုက်ပါ သား copterကိုဆေးရုံစောင့်ပေးလိုက်ပါ့မယ် သူလဲသိပ်မစိုးရိမ်ရတော့ပါဘူး
မမ ဦးကိုခေါ်သွားလိုက်ပါ
ကျေးဇူးပါပဲ Nong Kan တစ်ခုတစ်ခုထူးခြားရင် မမတို့ကိုphဆက်ပေးပါနော်.................
Copter မင်း ဘာတွေလျှောက်လုပ်နေတာလဲ ကြာ
မင်းသုံးရက်တောင်မေ့နေခဲ့တာ သိလား
ကိုယ့်ကိုထားခဲ့တဲ့လူတစ်ယောက်အတွက်ဘာကြောင့်သေပစ်ချင်ရတာလဲကွာ sorry မင်းခံစားနေရတာမသိလို့မဟုတ်ဘူးနော်
ရပါတယ် Ai Kanရာ ငါသတိလက်လွတ်ဖြစ်သွားမိတာပါ ငါ ငါ့မိသားစုကိုမတွေးလိုက်မိဘူး ဟုတ်တယ် မင်းပြောသလိုပဲ ထားခဲ့တဲ့သူတစ်ယောက်အတွက်ငါဒီလောက်မစွန့်စားသင့်ဘူး မင်းသိလား ထားခဲ့တယ်ဆိုရင်တောင်ကွာ ဘာကြောင့်ထားခဲ့တယ်ဆိုတာ သိခွင့်ရှိရမယ် မဟုတ္ဘူးလား ကြာ အခု ကိုကိုက ကိုကိုက
စကားသံတွေဆက်မထွက်လာနိုင်လောက်တဲ့အထိ အသံကတဖြည်းဖြည်းတိုးဝင်သွားတဲ့အခါKanကအလိုက္တသိ ကျောကုန်းကိုပုတ်ပေးပြီးနှစ်သိမ့်ပေးခဲ့တယ် သူ့အကျီနောက်ကျောမှာတော့မျက်ရည်တွေရွှဲစိုလို့ပေါ့........
#etk
Stayathome
ESTÁS LEYENDO
Beautiful Scar
Romanceမသိချင်ယောင်ဆောင်ထားရတဲ့အမှတ်တရတွေက သိစိတ်ပြန်ကပ်လာတဲ့အခါ ပိုနာကျင်ရတယ် ကိုကို Copter တစ်ခုလိုချင်တစ်ခုစွန့်လွှတ်ရမယ်တဲ့ ငယ်ငယ်ကတည်းကစိတ်ထဲစွဲနေခဲ့ရတဲ့စကားလုံး ကိုကိုက နှစ်ခုလုံးလိုချင်လို့ တစ်ခုကိုခဏလက်လွှတ်လိုက်ရုံပါ အချိန်တန်ရင်နှစ်ခုလုံးပိုင်ဆို...
