"မင်းကဘယ်လောက်ကြာမှာမို့လဲ"

"အင်း အတိအကျတော့မသိသေးဘူး
ဒါပေမဲ့ သေချာတာက ဒီကိုတော့ပြန်မလာဖြစ်
လောက်တော့ဘူး နောက်ဆုံးအနေနဲ့ကျွန်တော်တောင်းဆိုတာလေးကိုလိုက်လျောပေးလို့မရဘူး
လား ge"

မှိန်ဖျော့ဖျော့မျက်ဝန်းတွေရဲ့အားကိုမလွန်ဆန်နှိုင်မှုရဲ့နောက် အကြောင်းမရှိလေးလံနေတဲ့စိတ်အစုံ
နဲ့အတူခေါင်းငြိမ့်လက်ခံမိသည်
အဘယ်ကြောင့်များထိုမျှလောက်စိတ်တွေလေးလံ
နေရသလဲလေ

ခြံထဲကိုကားထိုးရပ်ပြီးတာနဲ့ စိတ်လှုပ်ရှားမှုကြောင့်
တုန်ယဉ်နေတဲ့ Yu Fei ရဲ့လက်အစုံကိုစုပ်ကိုင်
ပေးထားလိုက်သည်
သူ့ကိုယ်သူ Xiao Zhan ကို Yibo ဆီကလု
ယူမိသလိုဖြစ်နေပါတယ်ဆိုပြီးကိုယ့်ကိုယ်အပစ်
တင်ပြီး အမြဲအားနာစိတ်ဖြစ်နေခဲ့တဲ့ကောင်မလေးက Yibo နဲ့မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့ရတော့မယ်ဆိုတော့ တကယ်ကိုစိတ်လှုပ်ရှားနေသည်မှာသိသာလှသည်

" Fei ငါပြောမယ် သေချာနားထောင် အားလုံးက
ကံစီမံရာအတိုင်းဖြစ်သွားရတာခြည်းပဲ နင့်မှာဘာ
အပစ်မှမရှိဘူး ဘာမှစိတ်ပူစရာမရှိဘူး အခုချိန်မှာ
ငါကနင်နဲ့တရားဝင်လက်ထပ်ထားတဲ့နင့်ရဲ့ခင်ပွန်း
ပဲ ငါနဲ့ Yibo နဲ့ကလည်းဘာပတ်သတ်မှုမှမရှိတော့ဘူး အဲ့တာကြောင့်စိတ်ကိုလျှော့ထားနော်
Yibo ကလည်းနှုတ်ဆက်ချင်ရုန်သက်သက်ပါ
ဘာမှမဖြစ်ဘူးနော် Ok လား "

Zhan Zhan ရဲ့အပြုံးတွေကတစ်ကယ်တစ်ခြား
သူကိုအေးချမ်းစေနိုင်စွမ်းရှိတယ် ဒီလိုယောက်ျား
ကောင်းတစ်ယောက်ကိုသူမပိုင်ဆိုင်ထားရတာ
ဘယ်လောက်တောင်မှကံကောင်းလိုက်သလဲလေ

ဒါပေမဲ့ ဒီလူဟာ Wang Yibo ရဲ့သက်ဆိုင်သူ
သာဖြစ်ရမည်မဟုတ်လား သူမကဒီလို Yibo
ရဲ့နေရာကိုဝင်ယူထားပြီးဘယ်လိုလုပ်လိပ်ပြာလုံလုံ
နဲ့မူလပိုင်ရှင်ကိုတွေ့ရဲပါမလဲလေ

Xiao Zhan တို့ဝင်လာတာနဲ့အပြင်မှာထွက်စောင့်နေတဲ့ Yibo ကစင်ရှေ့ထောင့်ဘက်ခြမ်းကဝိုင်း
မှာ Xiao Zhan တို့ကိုနေရာချပေးပြီးပြန်ထွက်သွားတယ်

Xiao Zhan နည်းနည်းတော့စိတ်ထဲမတင်မကျဖြစ်မိသည် တွေ့ချင်လွန်းလို့အတင်းမရမကခေါ်ထား
ပြီး အခုကျတော့နေရာချပေးပြီးတာနဲ့ပြန်ထွက်သွားသည်မှာအရိပ်အယောင်တောင်မမြင်ရတော့
Yu Fei ကိုကြည့်ရတာလည်းနည်းနည်းလှုပ်လှုပ်
ရှားရှားဖြစ်နေတုန်းမို့ စိတ်လျှော့ထားဖို့ကပြောရသေးသည်
အတန်ကြာသည်ထိမလာတာမို့ သူတို့ပြန်ဖို့ပဲ
ဆုံးဖြတ်လိုက်သည်
နောက်ဆုံးအကြိမ်တွေ့ဆုံရခြင်းကထိုမျှလောက်နှင့်ပင်အပြီးသတ်ခဲ့ပြီပေါ့လေ
အနည်းဆုံးတော့နောက်ဆုံးအနေနဲ့အကောင်း
မွန်ဆုံနှုတ်ဆက်ချင်ခဲ့တာ
ဒီတစ်ခေါက်နှုတ်ဆက်ခြင်းကလည်းပထမတစ်
ခေါက်ကလိုပဲ မရေရာမှာတွေနဲ့အဆုံးသတ်သွား
ပြန်ပြီထင်ပါရဲ့

Love on youWhere stories live. Discover now