ရှောင်းကျန့်တို့ ရောက်နေတဲ့ဆိုင်လေးက
သပ်သပ်ရပ်ရပ်လေးနဲ့ အပြင်အဆင်က
လူငယ်တွေ ကြိုက်သည့်ပုံစံမျိုး...။
အခန်းကြိုယူထားပုံရလို့ ဝင်သွားလိုက်တော့..
လူများများစားစားမရှိ....။သူတို့သူငယ်ချင်း
နှစ်ယောက်ရယ်...ဝမ်ချောင်တို့အဖွဲ့ကလည်း
သုံးယောက်သာ..
ကျန်တာကတော့ ကောင်မလေးများ...။

"ရိပေါ် မလာသေးဘူးလား.."

ဝမ်ချောင်က ရိပေါ်နာမည်ကို ဘာလို့....

"လာခေါ်မယ် အပေါက်ကစောင့်နေ...တော်ကြာ
အခန်းမှားဝင်နေမှာစိုးလို့.."

ဝမ်ချောင်တစ်ယောက် Phပြောနေရင်းကနေ
အခန်းအပြင်ကို ထွက်သွားတဲ့အထိ
သူကြောင်တောင်တောင် ဖြစ်နေမိတုန်း..။

"ဝမ်ချောင်က ဝမ်ရိပေါ်ရဲ့
အစ်ကိုတစ်ဝမ်းကွဲလေ.."

"ငါရိပေါ်ကို ခေါ်ခိုင်းလိုက်တာ..ငါမပြောဘူးလား..
မလိုက်ရင် နောင်တရနေလိမ့်မယ်ပါဆို..."

"ခွေးပု.."

ဒီတစ်ခါ ခွေးပုလို့ခေါ်တဲ့အသံက အရင်ကလို
ဒေါသထွက်ရင်ခေါ်တဲ့အသံမဟုတ်ဘဲ...
ရှောင်းကျန့်နှုတ်ခမ်းတို့ကလည်း ကွေးညွတ်နေခဲ့
တယ်။

ဝမ်ချောင်အနောက်က ပါလာတဲ့ 
ကောင်လေးကိုကြည့်လိုက်တော့ ကောင်လေးက
သူ့ကိုမြင်ပုံမရသေး..။တစ်ယောက်ပြီးတစ်ယောက်
လိုက်ကြည့်နေရင်း အကြည့်တွေ သူ့ဆီ
ရောက်လာတော့ ပါးတွေမို့တက်နေအောင်
ပြုံးပြလာတယ်။ ရွပ္အက်ီၤအျဖဴေလးကိုမွ
လည်ပင်းမှာဖဲကြိုးနီလေးတွေ စည်းထားကာ
အနက်နဲ့အဖြူစက်ကြားဆွယ်တာလေးကို
အပေါ်ကနေထပ်ဝတ်လာတဲ့ ကောင်လေးက..
မီးရောင်အောက်မှာ ထင်းထင်းလင်းလင်းလေး...။

"အစ်ကို..စာမေးပွဲဖြေနိုင်တယ်မလား.."

သူ့ဘေးနားဝင်ထိုင်ရင်း ကောင်လေးက မေးတယ်။
အနီးကပ်ကြည့်လိုက်မှ ကောင်လေးက ဆံပင်ပုံစံ
ပြောင်းထားသည်ပဲ။နဖူးပေါ်ဝဲကျနေတဲ့ ခပ်အုပ်အုပ်
ဆံပင်လေးတွေက ပျော့အိအိနူးညံ့နေမှာ အမှန်...။
အခုမှ ကလေးလေးနဲ့ပိုတူသွားသလိုလို....။

"ဒီအချိန်က ရိပေါ်စာကျက်နေရမှာမလား.."

"ကျွန်တော်က စာရပြီးသား.."

𝐴𝑑𝑜𝑟𝑎𝑡𝑖𝑜𝑛 𝑌𝑜𝑢 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ] Where stories live. Discover now