Sad Ending

489 22 16
                                        

Uni group ရဲ့ ၃၂ လွှာ.....

မှန်ချပ်တွေ..ကာထားသည့်အတွက်...အပြင် လောက ကို....အထက်စီးက ..ကြည့်ရတဲ့ အရသာကို အပြည့်အဝ..ခံစားရစေသည်...

အရင်တုန်းက...ဒီနေရာကို..pete.. လာရတာ အရမ်းကြိုက်သည်.....

ခုံမှာ..ထိုင်ကာ...Ae ရဲ့ ရင်ခွင်ထဲကို တိုးဝေ့ရင်း..ချွှဲ ရတာကို သူအရမ်းသဘောကျသည်.....

အခုတော့ အခြေအနေကမတူ....
သူနဲ့ အတူ ထိုင်နေသည်မှာ Ae မဟုတ်

မိန်းကလေးတစ်ယောက် တိတိကျကျပြောရမယ်ဆို...Ae ရဲ့ရင်သွေးကိုလွယ်ထားရတယ်ဆိုတဲ့

Aeရဲ့ ဇနီးလောင်း...yu..

.
.
.
.
.
ငါတောင်းပန်ပါတယ်...pete..
တောင်းဆိုတာပါ...
ငါ့ကို မငဲ့ရင်တောင်...ငါ့ရဲ့ဗိုက်ထဲက..Ae ရဲ့ ကလေးကိုပဲဖြစ်ဖြစ်ငဲ့ပေးပါနော်..

ငါက.ဘာလုပ်ပေးရမှာလည်း..yu

ထွက်သွားပေး.....မဟုတ်ဘူး..Ae ရဲ့ ဘဝထဲ ကပါ ပျောက်ကွယ်သွားပေး.....ဘယ်တော့မှ သူ့ရှေ့ကို ပေါ်မလာနဲ့...မဟုတ်ဘူး....မဟုတ်ဘူး..ဘယ်တော့မှ ငါတို့နှစ်ယောက် အရှေ့ကိုပေါ်မလာနဲ့...

ဘာ...နင်ရူးသွားပြီ...နင်လုံးဝရူးသွားပြီ yu..

ဟုတ်တယ် pete ..ငါရူးသွားပြီ...ငါ..သူ့ကိုချစ်လွန်းလို့ ရူးသွားတာ..အဲ့ဒါကြောင့်..နင်က ထွက်သွားပေးပါ....

နင်တော်တော့yu

Yuရဲ့ တစ်ဖတ်သတ်ဆန်လွန်းတဲ့.. စကားတွေကို မခံနိုင်တဲ့ အဆုံးမှာ...ကိုင်ထားတဲ့ yu ရဲ့ လက်ကို ခါချကာ..မတ်တပ်ထရပ်မိတယ်...
.
.
.
.

ရုတ်တရတ်..မတ်တပ်ရပ်နေတဲ့ သူ့အရှေ့မှာ...ဒူးထောက် ထိုင်ချလိုက်တဲ့ yu ကြောင့် pete ကြောင်အစွာ..ကြည့်နေမိသည်.

ငါတောင်းပန်ပါတယ်....တောင်ပန်ပါတယ်pete ရယ်..ငါ့ဗိုက်ထဲက ကလေးလေးကို..ဘာမှမလုပ်ပါနဲ့......

တောင်းပန်ပါတယ်...

ရုတ်တရတ် ဆန်လွန်းတဲ့ အခြေအနေကြောင့် pete မှာ ကြောင်အစွာ ရပ်နေရုံမှ အပ ဘာမှမသိလိုက်

Pete....မသိလိုက်တဲ့ ထဲမှာ..ဒူးထောက်နေတဲ့ yu ရဲ့ မျက်နှာ...မဲ့ပြုံးတစ်ခုနဲ့..လှေကားက တက်လာတဲ့ ကောင်လေးတစ်ယောက်ပါ..ပါသည်...

 EndingStories to obsess over. Discover now