"ကိုယ့်ညီကိုယ် ကျောင်းလိုက်ပို့တာပဲ ဘယ်
သူက ဘာပြောမှာလဲ"

"ဘာပဲ ဖြစ်ဖြစ် အခုသွားတော့နော်ကိုဇော်။
ကျွန်တော်လည်း အတန်းတက်ရတော့မယ်"

အလျင်အမြန် နှင်နေသည့်ကျွန်တော့်ကို
ကိုဇော်က နားမလည်သလိုကြည့်နေပြီးမှ။

"တစ်ယောက်ထဲဆိုပြီး အတန်းတော့မပြေးနဲ့
နော် ဆုလာဘ်။အပြန်ရော ကိုယ်လာကြိုပေးရ
မလား"

"ဟင်အင်း ကျွန်တော့်ဘာသာပြန်လာလို့
တတ်ပါတယ်။ကိုဇော်သွားတော့နော် အခု
မြန်မြန်သွားတော့ ကားကိုလည်းဂရုစိုက်ပြီး
မောင်း"

"အဲ့တာဆိုလည်း ကိုယ်သွားပြီ ကျောင်းပိတ်
ရက် အိမ်လာခဲ့အုံး"

အတင်းနှင်နေတော့ ကိုဇော်က ကျွန်တော့်ကို
စိတ်မချသလိုကြည့်သွားပြီး နှုတ်ဆက်ကာ
ကျောင်းထဲကနေ ကားမောင်းထွက်သွားသည်။
ကျွန်တော်မူမမှန်နေတာ သိနေတဲ့ ကိုဇော်က
အခုဘာမှမပြောသွားပေမဲ့ ကျောင်းပိတ်ရက်
သူ့အိမ်သွားရင်တော့ အကျိုးအကြောင်းမေးပြီး
ဆူတော့မှာ သေချာနေပြီ။

ကိုဇော် ကားမောင်းထွက်သွားသည်ကို
မြင်ကွင်းထဲကနေ ပျောက်သွားသည်အထိ
ကျွန်တော် ရပ်ကြည့်နေပြီးမှကျွန်တော်တို့
စာသင်ဆောင်ဆီသွားဖို့အနောက်လှည့်လိုက်
တဲ့အချိန် ကျောင်းလမ်းဘေးမှာသူ့ကားကို
မှီပြီးရပ်နေကာ ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့
သူကြောင့် လန့်သွားရသည်။

ကိုမင်းစစ်ကြောင်းကိုမြင်ပြီး ကျွန်တော်တော်
တော်လေး လန့်သွားရကာ ဘာလုပ်ရမှန်းမသိ
တော့ပဲ ခြေလှမ်းတွေရပ်တန့်သွားရသည်။
ကျွန်တော်ခုဏက ဟိုဘက်ဒီဘက်ကြည့်နေ
တာ ဘာလို့မတွေ့တာလဲ။ဘယ်အချိန်ထဲက
သူကျောင်းရောက်နေပြီးကြည့်နေတာလဲ မသိ
ဘူး ကျွန်တော်ကို ကိုဇော်လာပို့ထဲကလား။

ကျွန်တော် ကျောပိုးအိတ်ကြိုးနှစ်ဖက်ကိုကိုင်
ပြီး ရှေ့ဆက်သွားရမလို ဒီမှာပဲရပ်နေရမလိုဖြစ်
နေတုန်း ကိုမင်းစစ်ကြောင်းကိုပြန်ကြည့်လိုက်
တော့ ကျွန်တော့်ကိုအဝေးကနေ အကြည့်
မပျက်။သူ့ဆီလာဖို့ခေါ်နေတာလည်း မဟုတ်။မနေ့ကမှသူ့ကိုသွားတွေ့ထားပြီး ဒီနေ့မတွေ့
ချင်ယောင်ဆောင်ပြီးပြေးသွားရင် ကျွန်တော့်
ကို သံသယတွေဘာတွေများဝင်သွားမလား။
ကိုဇော် ကျွန်တော်တို့ကျောင်းလာတာရော
တွေ့သွားပြီလား သူ့ကောင်မလေးနဲ့သဘော
တူထားတဲ့ သူမှန်းသိနေမလား။

Reward[Him From Final Year]Where stories live. Discover now