Episode 28(Zawgyi)

Start from the beginning
                                    

"မွန်း ​ရော အိပ်သွားပြီလား"

"မအိပ်​သေးဘူး"

"ငါသူ့ကိုအ​စောကြီးမနှိုးသင့်ဘူး သူမျက်လုံး ကြောင်သွားတာဖြစ်မယ်"

"​အေး မင်းကဘာလုပ်ဖို့သွားနှိုးတုန်း မင်းလည်းအိမ်မှာ​နေမှာပဲကို"

"မင်းလာမယ်ဆိုလို့​လေ ငါတို့၃​ယောက်မဆုံဖြစ်တာ​တော်​တော်ကြာပြီကိုး ဟိုတစ်​ခေါက်
မွန်းနဲ့မင်းအပြင်ထွက်ပြီးကတည်းက​လေ"

"မင်း ဒီ​နေ့ဘာဖြစ်​နေတာလဲ အရင်လို
ရန်စကား​တွေမစ​တော့ဘူးလား"

"ဪ ငါမင်းကို​ကျေးဇူးတင်လို့ပါ"

"ဘာလဲ"

"မွန်းက​ပြောတယ် မင်းကသူရင်ဖွင့်သမျှ နား​​ထောင်​ပေးတယ်တဲ့ ​နောက်ပြီးငါ့အတွက်
ဆွဲကြိုးကိုလည်းမင်းလိုက်ဝယ်​ပေးတယ်​လေ"

"ဪ ​ကျေးဇူးတင်စရာမလိုပါဘူး သူငယ်ချင်းတစ်​ယောက်အ​နေနဲ့လုပ်​ပေးသင့်တာပဲ​လေ"

"အင်း​ပေါ့ ဒါ​ပေမဲ့လည်း မင်းကမွန်းကို
မနှိမ်ဘူး​လေ ငါ​ပြောချင်တာမင်းသိပါတယ်"

"​ငါ​ပြောတယ်​လေ သူငယ်ချင်း​တွေပဲဟာ
ကိုယ့်ရွေးချယ်ရာနဲ့ကိုယ်​ပေါ့ ငါလည်း.."

"​အင် မင်းကဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး မင်းဂိမ်း​ရွေး​နေတာမပြီး​သေးဘူးလား"

"ရပြီ ဆော့မယ်..ဒါနဲ့ ငါည​နေကျမွန်းနဲ့ ညဈေးသွားမလို့ မင်းလိုက်ဦးမှာလား"

"ငါကဘာလို့လိုက်ရမှာလဲ အတွဲကြား
ကန့်လန့်ကန့်လန့်နဲ့"

"​​တော်ပြီ​လေ ဒီ​လောက်ဆို"

"မုန့်ဝယ်​ကျွေးမလို့ကို မင်းသ​ဘောပဲ​လေ
ငါတို့ကနည်းနည်း​တော့ရိုတယ်ကွ မင်းက ​အတွဲမရှိ​တော့ခံစားရလိမ့်မယ်"

နေသစ် ​ခေါင်းကိုတစ်ချက်ပိတ်ရိုက်လိုက်သည်..

"ဘာလို့ရိုက်တာတုန်းဟ"

"ငါ့မှာအတွဲမရှိတာမင်းပူစရာမလိုဘူး
မင်းအတွဲကိုသာမြဲ​အောင်ထိန်း"

"​​အေး ​အေးပါကွာ မင်းကလည်းစတာကို"

"မင်းတို့အတွက်ရင်ဆိုင်ရမှာ​တွေများတယ်​ မွန်းကိုတစ်​ယောက်တည်းခံစားရ​အောင်မလုပ်နဲ့"

ညWhere stories live. Discover now