(ohse ဘာဖြစ် ။ သိကြလား? ဒါဒါတို့ ။ ကျွန်တော်လည်းသိဘူးဗျ😅)

Chan ကတော့ သူ့ရဲ့မူပိုင်အပြုံးနဲ့ပြန်ဖြေလေရဲ့။

Chan : " မင်းခြေလှမ်းတိုင်းက ပန်းကလေးတွေတောင် အရှုံးပေး ခစားရတယ် လို့ဆိုလို့တာပါ။ မင်းခြေလှမ်းတွေ သိပ်လှတာကိုတင်စားချင်တဲ့သဘောပါ။ "

သူပြောနေပုံက ကဗျာတစ်ပုဒ်ရွတ်နေတာနဲ့တောင်တူနေသေး။ Ks ရဲ့ ရင်ထဲ ထိတ်ခနဲ ရင်ဖိုသွားတာလား။ ပညာပါလို့လန့်သွားတာလားဆိုတာ သူကိုယ်တိုင်ပဲသိမှာပါ။ Ks ကိုယ့်ကိုပြန်ထိန်းရင်း

Ks : " မင်းကတော့ ရူးပါ့ကွာ"

ဆိုပြီးရွှတ်နောက်နောက်ပြောပြီး အတန်းထဲဝင်သွားတော့သည်။ Chan ကလည်း မကျန်ခဲ့ပါဘူး။ Ks ရဲ့ အတန်းရှေ့ထိလိုက်လာမဲ့ပုံ။ လမ်းတစ်လျှောက်လုံး နှင်းဆီပန်းတွေက အတုံးအရုံး ကျန်နေခဲ့မှာ သေချာပါတယ်။ Baek တို့ နဲ့ Kai တို့ကတော့ အရမ်းစိတ်ဝင်စားနေတဲ့ အမူအရာတွေနဲ့ Ks နဲ့ Chan ရဲ့ ဘေးကနေပါလာလေရဲ့။ အကုန်လုံးကတော့ အထူးအဆန်းအနေနဲ့သူတို့ကိုကြည့်နေကြလေရဲ့။ Sehun ကတော့ပါမလာပါဘူး။ (Ks တို့အတန်းကိုပြောတာပါ။ အတန်းမတူပါဘူးနော်။ အရှေ့မှာပြောထားပါတယ်။ မရှင်းမှာစိုးလို့။ 😁) sehun မပါတော့ minsoek လည်းမပါ။ Chen ကအစကတော့ ကြက်ကြီးလည်လိမ်သလိုဖြစ်နေပေမဲ့ Ks တို့နှစ်ယောက်ကို ပြူးပြဲပြီးကြည့်နေတော့တာ။
အတန်းထဲရောက်တော့ Ks ထိုင်ခုံမှာထိုင်အောင်တောင် မစောင့်နိုင်တဲ့နှစ်ယောက်ကတော့ ဆရာမ မဝင်မချင်းကို နားငြီးအောင်​မေးနေ ​တာဆိုတာ ဆရာမ ဝင်လာလို့တော်သေးတာပေါ့။

(ကဲ နောက်တစ်ဖွဲ့ သွားမယ် 😁 လျှာရှည်အုံးမယ်နော်။ Ks . Baek Chen က တစ်ဖွဲ့ မေဂျာတူပါတယ်( English)။ Sehun Minsoek နဲ့ Suho tao သူတို့ကတစ်ဖွဲ့။ မေဂျာ တူပါတယ်။(German ) ပါ။ Suho tao ကနောက်ပိုင်းတွေပါမှာပါ။နောက်ပြီး Yeol kai Kris lay သူတို့က တစ်ဖွဲ့။ major က ( France )ပါ။ Kris lay က လည်းနောက်ပိုင်းတွေမှာပါမှာပါ။ နောက်ပိုင်းတွေမှာ ဘယ်လိုပက်သက်ကြလဲဆိုတာ တဖြေးဖြေးချင်းထည့်ပေးပါ့မယ်။ အခုတော့ ပြန်ဆက်လိုက်အုံးမယ်။ )

Chan က Ks တို့အခန်းရှေ့မှာရပ်ကြည့်နေပါသေးတယ်။ ထိုင်ခုံထိုင်တာ မြင်ပြီးခါကြမှ ပြန်လှည့်ဖို့အလုပ်...

ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgyi + Unicode)Unde poveștirile trăiesc. Descoperă acum