ထိုစကားကိုတော့ သူ့ကိုစေ့စေ့ကြည့်ပြီး
ပြောလာလေတယ်...
သူက အရာရာကိုမေ့နေခဲ့တာမို့
စုံလုံးကန်းခဲ့သလောက်
ဘိုးဘိုးကတော့အားလုံးကို
စုံစမ်းထားခဲ့ပုံပါပဲ....

" အဲ့ဒါတွေကို ဘိုးဘိုးအစထဲကသိနေခဲ့
တာလား....''

"ဘယ်ဟုတ်မလဲ....သူတို့စီစဉ်တာ
တော်တော်လေးကိုပိရိခဲ့တာလေ....
မြေးKong accident ဖြစ်တာကို
သိပေမယ့် မသေဘူးလို့ပဲဘိုးဘိုး
ထင်ခဲ့တာ...ရခဲ့တဲ့ဒဏ်ရာတွေကြောင့်
တော်တော်ကြာသတိမေ့နေခဲ့တယ်ဆိုတာကို ယုံနေခဲ့တာ...
ဘိုးဘိုးရဲ့အထောက်တွေကလည်း
အဲ့လိုပဲသတင်းပို့ခဲ့တာကိုး...''

"ဒါဆို...ဒီကိစ္စ တွေကိုဘယ်တုန်းက
စသိတာလဲ...''

"မြေးကို ဒီကိုပြန်ခေါ်ခဲ့ပြီးတော့မှ
ထူးဆန်းနေလို့ DNA စစ်ခဲ့တာလေ...
ဘိုးဘိုးကအသက်ကြီးနေတာတော့
မှန်တယ်....
ဒါပေမယ့် ဦးနှောက်ကတော့အကောင်းတိုင်းရှိနေသေးတယ်လေ....''

ဆိုတော့....
သူရောက်လာပြီးမှဘိုးဘိုးသိသွား
ခဲ့တာပေါ့....

" ကျွန်တော်က Singto ဆိုတာကိုရော
ဘယ်လိုသိတာလဲ...''

"လွယ်လွယ်လေးပဲလေ မြေးရယ်
DNA နဲ့တိုက်စစ်လိုက်တာပဲပေါ့...
လွန်ခဲ့တဲ့ငါးနှစ်က ပျောက်ဆုံးသွားသူတွေ
ရဲ့ DNA တိုက်စစ်ကြည့်တော့
Singto Prachaya Ruangrojရဲ့
မျိုးရိုးဗီဇနဲ့တစ်ထပ်ထဲပဲလေ...
ငွေရှိရင်ဘာမဆိုလုပ်လို့ရနေတဲ့လောက
မှာ ဒီကိစ္စ လောက်ကမခက်ပါဘူး...''

ခုတော့......
အားလုံးကိုသူသိသွားခဲ့ပါပြီ...
သူဟာ Singto ဆိုတာသိပြီးတဲ့နောက်
တော့ တခြားကိစ္စတွေ ကဘာများခက်ခဲ
မှာမို့လဲ....

ဘိုးဘိုးပြောသလို ငွေရှိရင်
အရာအားလုံးကိုသိနိုင်နေတာပဲ
မဟုတ်လား....

သူ accident ဖြစ်တာ...
Cola ကသူ့ကို Canada ပို့ပြီးဆေးကုသ
မှုခံယူစေတာ....
သူ့မှတ်ဉာဏ်တွေကိုဖျက်ပေးပြီး
Kongpob ရဲ့မှတ်ဉာဏ်အပိုင်းအစတွေ
ကိုထည့်ပေးခဲ့တာ...

အားလုံးက ငွေကြောင့်ပဲပြီးပြည့်စုံခဲ့သလို
ငွေကြောင့်ပဲ သူဟာအသုံးချခံဖြစ်ခဲ့ရတာ...

Kongpob မိဘတွေနဲ့ Cola တို့မိသားစု
ရဲ့ လောဘတွေကြားမှာ
ဘုမသိဘမသိနဲ့ နစ်နာရသူက
Singto ဆိုတဲ့သူ နဲ့ Singto ကို
ငါးနှစ်ကြာလိုက်ရှာနေခဲ့တဲ့ Phi Kit...

Without YouWhere stories live. Discover now