00

12.1K 994 31
                                    

Finding Someone ♥

__________________________________

  ” ငါက ဝမ်ရိပေါ်ပါ ”

အဲ့ဒီနေ့က ပထမဆုံး တွေ့ဆုံခဲ့တယ် ။ တိတ်ဆိတ်နေ
တဲ့   စာသင်ခန်းရဲ့ ရှေ့မှာ အတန်းပိုင်ဆရာဘေးနား
ဆံပင်နောက်မြှီးရှည်ရှည် နဲ့ အေးစက်တဲ့ မျက်နှာထားရှိ တဲ့  ကောင်လေး တစ်ယောက်ကို ပထမဦးဆုံး စသိခဲ့ရတယ် ။ အနက်ရောင် ကျောပိုးအိတ်ကို
လွယ်ထားပြီး  မင်သေသေ အေးစက်စက်အကြည့်
တွေကြောင့်  အဲ့ဒီကောင်လေးကို စိတ်ဝင်စားခဲ့တယ်၊
ပထမဆုံး ကျောင်းပြောင်းလာတဲ့ ကျောင်းသား တစ်
ယောက်ဖြစ်ပေမဲ့  စိတ်လှုပ်ရှားမှုဆိုတာမျိုး အစအန
ရှာလို့မရအောင်  အဲ့ဒီကောင်လေးက ငြိမ်သက်နေခဲ့
တယ် ။

နောက်ဆုံး ခုံကိုမှ ရွေးယူပြီး ဝင်ထိုင်သွားတဲ့ အဲ့ဒီ
ကောင်လေးကို  သမင်လည်ပြန် လိုက်ငေးမိပါသေး
တယ် ။ ပထမဆုံး စာသင်ရက်ကို အဲ့ဒီကောင်လေးက သိပ်ပြီး ထူးခြားမနေပုံပဲ ။  ထူးထူးခြားခြား နောက်မြှီးရှည်နေတဲ့ ဆံပင်တွေကို တော်တော်လေး မုန်း
ပေမဲ့  အဲ့ဒီကောင်လေးနဲ့ အရမ်း ကြည့်ကောင်းတယ်၊

"  စာသင်မယ်  ကိုယ့်စာကိုယ် အာရုံစိုက်ကြ "

ဆတ်ခနဲ ခေါင်းကို ပြန်လှည့်ပစ်လိုက်ပြီး စာအုပ်ရဲ့
စာရွက်တွေကို အလောတကြီး တဖြန်းဖြန်း လှန်ရ
တော့တယ် ။ ဆရာက ပထမစာပိုဒ်ရဲ့နှစ်ကြောင်း
မြောက်ကိုတောင်  ရွတ်ပြနေပြီ ။ အလျင်စလို ခဲတံ
ကောက်ကိုင်ပြီး  အချို့စာလုံးတွေရဲ့ အောက်မှာ အ
ဓိပ္ပါယ်လေးတွေ လိုက်ရေးလိုက်တယ် ။ ဆရာရဲ့နား
ထောင်ကောင်းတဲ့ အင်္ဂလိပ်စာ အသံထွက်ကို အရမ်း
သဘောကျတယ် ။ ဘယ်လောက်ပဲ ကြိုးစားကြည့်
ကြည့်  အင်္ဂလိပ်စာအသံထွက်မကောင်းလာတာက
တော်တော်လေး ဆိုးတယ် ။ အင်္ဂလိပ်သီချင်းတွေကြိုး
စားပြီး  လိုက်နားထောင်ပေမဲ့ အသံထွက်က ထူးခြား
လာတာမျိုး မရှိပြန်ဘူး ။ ရှောင်ကျန့်က အင်္ဂလိပ်စာကို
သဘောကျတယ် ။ အင်္ဂလိပ် စာပိုဒ်တွေ ဖတ်ရတာကို
ကြိုက်ပြီး  ဘာသာပြန်ရတာကိုလဲ သဘောခွေ့တယ်။
အင်္ဂလိပ်သီချင်းတွေ နားထောင်ရတာကိုလဲ ကြိုက်ပြီး
အင်္ဂလိပ်ကဗျာတွေ ဖတ်ရတာကိုလဲ ကြိုက်တယ် ။

Finding Someone ♥[ Completed] Where stories live. Discover now