Blue eyes and Black jean

51.7K 2.1K 39
                                        

Unicode :

အနက်ရောင်ဂျင်းပြဲလေးနဲ့ နှုတ်ခမ်းအောက်ကမှဲ့နက်လေး။

ဘုရားသခင်ဟာကျွန်တော့်ကိုရူးသွပ်စေဖို့ခင်ဗျားကိုဖန်ဆင်းပေးတာဖြစ်ရမယ်...။

အနက်ရှိုင်းဆုံးကူးခတ်သွားချင်တာပေါ့

ခင်ဗျားရဲ့မျက်လုံးပြာတွေထဲ....။

---------------🍓🚬🍓----------------------

တစ်စုံတစ်ယောက်နဲ့မတွေ့ဆုံခင်အထိတော့ကျွန်တော်ကနယ်မြို့လေးက သာမန်အထက်တန်းကျောင်းသားလေးပါပဲ။

အဖေကတရားသူကြီး အမေကကျောင်းဆရာမဆိုတဲ့ ပညာတတ်မျိုးရိုးရဲ့လောင်းရိပ်အောက်က စာကြမ်းပိုးလေး။

ဘယ်သိနိုင်မလဲနေ့စဉ်ဓူဝပျင်းစရာကောင်းတဲ့ကျွန်တော့်ဘဝထဲ ခင်ဗျားဝင်လာပြီး ပြောင်းလဲမယ်ဆိုတာ။

ဘယ်သိနိုင်မလဲကျွန်တော့်အချစ်ဦးဟာခပ်ပေပေယောက်ျားတစ်ယောက်ဆိုတာ။

ဘယ်သိနိုင်မလဲကျွန်တော်ခင်ဗျားကိုဘယ်လောက်ထိချစ်သွားမယ်ဆိုတာ။

ဘုရားကျောင်းရဲ့ခေါင်းလောင်းသံတတောင်တောင်ရဲ့နောက်မှာ ဆူညံနေတဲ့ကလေးတွေရဲ့တစ်ယောက်တစ်ပေါက်ပြောသံတွေကပါ နောက်ကကပ်ပါလာသည်။

"ဖာသာ သားသားဖယောင်းတိုင်မှုတ်မယ်နော်"

မွေးနေ့ကိတ်ဘေးမှာ ပတ်ဝိုင်းကာထိုင်နေကြသောအရွယ်မတူသည့်ကလေးတွေထဲကမှ ခပ်သေးသေးကလေးလေးက မပီတပီလေးနဲ့ဖာသာကိုလှမ်းပြောသည်။

"မှုတ်ရမှာပေါ့ရှောင်ဖေးလေးရဲ့"

ဖာသာကကလေးလေးခေါင်းကို ပုတ်ရင်းပြောတော့ထိုအသေးလေးကသွားသေးသေးလေးများပေါ်အောင်ရယ်ပြသည်။

"ရိပေါ်ရေမီးခြစ်လေးယူခဲ့ဦးဖယောင်းတိုင်မှုတ်ရအောင်"

ဖာသာအော်သံအဆုံးမှာအဝါရောင်တီရှပ်လေးဝတ်ထားတဲ့ ဆယ်ကျော်သက်ကောင်ငယ်လေးဟာ အပြေးအလွှားရောက်လာတယ်။

ဘုရားကျောင်းမှာခေါ်ယူမွေးစားထားတဲ့ကလေးလေးတွေကို ဖာသာကတစ်နှစ်တစ်ခါစုပေါင်းမွေးနေ့ပွဲလုပ်ပေးလေ့ရှိပြီးလသူကတော့ကျောင်းပိတ်ရက်ဖြစ်ကတာကြောင့် ဖာသာနဲ့ကလေးကူထိန်းရန်ရောက်လာခြင်းဖြစ်သည်။

STRAWBERRIES AND CIGARETTES ( Completed)Stories to obsess over. Discover now