နောက်ဆုံးတော့လည်း မေမီမရမက
အတင်းကြည့်တော့ အင်အားချင်းက
မမျှတော့ မေမီလက်ထဲကိုရည်မွန့်ဖုန်း
ရောက်သွားသည်။မေမီက ဖုန်းကိုကြည့်ရင်း။

"ရည်မွန်နင်နဲ့ အခုစကားပြောနေတာ
ဘယ်သူ။အတန်းပြီးပြီလား ညီမလေး
နေ့လည် ကိုယ်လာခေါ်လို့ရမလားတဲ့။
ဒါဘယ်သူ ကိုဝဏ္ဏ ဘာ!! ကိုဝဏ္ဏဟုတ်လား
ရည်မွန် နင်"

မေမီရဲ့ အံ့သြသံအဆုံးမှာ ကျွန်တော်ပါ
ရည်မွန်ကိုကြည့်မိပြီး ရည်မွန်ကတော့
ကျွန်တော်တို့ရှေ့ အပြစ်လုပ်ထားသလိုနဲ့
ခေါင်းကိုမဖော်လာတော့ပါ။

"နင်ဘာလို့ အဲ့ဒီလူနဲ့ဒီလိုတွေပြောနေ
တာလဲ။နင်တို့ ဘယ်အခြေအနေထိ
ရောက်နေပြီလဲ"

"ငါ ငါ"

"ရည်မွန် နင်မို့လို့ ဘာမှမဖြစ်ခဲ့သလို
ကိုဝဏ္ဏနဲ့ စကားပြောရက်တယ်။သူတို့
ကြောင့် ဆုလာဘ်ငိုခဲ့ရတာမေ့လိုက်ပြီလား"

"မေမီ ခဏနေအုံး။ငါမေးမယ်"

ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်သည်
အထိစိတ်လောပြီးဒေါသထွက်ကာ ရည်မွန်
ကိုအော်နေတဲ့မေမီကို ဘေးမှာပြန်ထိုင်
ခိုင်းလိုက်ရသည်။ရည်မွန်ကတော့ ကျွန်တော်
တို့နှစ်ယောက်ကြားမှာ မျက်နှာငယ်နဲ့ဖြစ်နေ
သည်မို့ ကျွန်တော်လည်းတစ်ခုခုကိုစိုးရိမ်
နေပါပြီ။

"ရည်မွန် ငါပြောမယ် ငါတို့ဖြစ်ခဲ့တဲ့ပြဿနာ
ကိုခဏထား။နင်ကိုဝဏ္ဏနဲ့ အခုဘယ်အခြေ
အနေရောက်နေပြီလဲ။သူ့လိုမျိုး မိန်းကလေး
တွေကို လိုက်စတတ်တဲ့သူကို နင်ဘာဖြစ်
လို့လက်ခံပြီးစကားပြောနေတာလဲ။ရည်မွန်
နင်က ရိုးရိုးလေးနေတတ်တဲ့မိန်းကလေး
ဟိုက လူရှုပ်လူပွေဖြစ်နေမယ်ဆိုရင်
ဘယ်လိုလုပ်မလည်း နင်မကြောက်
ဘူးလား"

"နင်တို့ထင်သလို လုံးဝမဟုတ်ဘူး သူက
ပျော်ပျော်နေတတ်လို့ပါဟာ။သူရည်းစား
ရှိခဲ့ဖူးတာကိုလည်း ငါ့ကိုအမှန်အတိုင်း
ဝန်ခံတယ် သူတစ်ယောက်တည်းဖြစ်နေ
တာလည်းကြာပြီ။ငါကရိုးပေမဲ့ လူတစ်
ယောက်ရဲ့ စိတ်နေသဘောထားကိုတော့
အကဲခတ်တတ်ပါတယ်။ငါ့ကိုမြင်မြင်ချင်း
ခင်ချင်လို့ သူစလိုက်တာ တစ်ခြားသဘော
မှမပါဘူးဆိုတာ ငါသူနဲ့စကားပြောရင်း
တစ်ဖြည်းဖြည်းသိလာတယ်။ပြီးတော့ငါ
ကျောင်းမလာခင် ငါ့ကိုမနက်တိုင်းအဆောင်
ရှေ့မှာစောင့်နေပြီး တောင်းပန်နေတော့
ငါ ငါကသနားလို့ပါ"

Reward[Him From Final Year]Where stories live. Discover now