ရှောင်းကျန့်လက်ထဲက ကြက်ဥကြော်ပန်းကန်ကမြေပေါ်ခွမ်းခနဲကျဆင်းသွားတယ်.....။ ရိပေါ်ဆီပြေးသွားဖက်ထားလိုက်ပြီး မျက်ရည်စက်အချို့က ရိပေါ်ပခုံးပေါ်ကြွေကျတယ်....။
ဆရာဝန်တစ်ယောက်ဖြစ်ခဲ့တဲ့ ရှောင်းကျန့်က ရိပေါ်ကိုချက်ချင်းဖမ်းဆွဲပြီး ဆေးရုံကိုဆေးသွားစစ်တယ်.....။ သူထင်ခဲ့တဲ့ အတိုင်းပါပဲ.....ရိပေါ်မှာ သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ရှိတဲ့ အယ်ဇိုင်းမားရောဂါဖြစ်နေပြီ.....။
အဲ့ဒီနေ့က အဘိုးကြီးတစ်ယောက်က နောက်အဘိုးကြီးကို ဖက်လို့ ဆေးရုံ Reception တင်ကြေကြေကွဲကွဲကို ငိုနေတာ ၀န်ထမ်းတွေတောင်မကြည့်ရက်တဲ့ အထိပဲ....။
ရိပေါ်ကတော့ သူ့ရင်ခွင်ထဲက တသိမ့်သိမ့်ငိုနေတဲ့ အဘိုးအိုလေးကိုကျောလေးပုတ်လို့ နှစ်သိမ့်တယ်.....။
"မငိုပါနဲ့..... ကိုကို့ကို ကျွန်တော်မမေ့သွားပါဘူး.....မမေ့ပါဘူး.....ကျွန်တော်ကတိပေးတယ်နော် မမေ့ဘူး လုံးဝမမေ့ဘူး...... ဝမ်ရိပေါ်က ရှောင်းကျန့်ကိုမေ့သွားစရာလား....."
မမေ့ဘူးလို့ ကတိတွေအထပ်ထပ်ပေးတဲ့ ရိပေါ်က နောက်လအနည်းငယ်အကြာမှာ ရှောင်းကျန့်ကို မသိသလို
သူစိမ်းဆန်ဆန် စိုက်ကြည့်ရင်းမေးတယ်....။"ဦးလေးကဘယ်သူလဲ.....ကျွန်တော့်ကိုကိုဘယ်သွားလဲသိလားဟင်.....သူကဦးလေးလို နှုတ်ခမ်းအောက်မှာမှည့်လေးနဲ့ပဲ....ဦးလေးတွေ့မိလား......"
အဲ့ဒီနေ့က ရှောင်းကျန့်က ရိပေါ်ရှေ့ကပြေးထွက်ပြီး ဧည့်ခန်းထဲကဆိုဖာပေါ်ထိုင်ရင်း မျက်နှာပေါ်လက်အုပ်လို့ ရင်ကွဲမတတ်ငိုတယ်.....။
မမေ့သွားဘူးဆို ခွေးစုတ်လေး ကလေးဆိုးလေး လိမ်ရဲတယ်....!!!
ရိပေါ်က တစ်ချက်တစ်ချက် ပြန်မှတ်မိလာလိုက် မေ့သွားလိုက်ပဲ.....။ တစ်ခါတစ်လေဆို သူ့ကိုယ်သူရော ရှောင်းကျန့်ကိုပါ မမှတ်မိဘူး.....။
ပြန်မှတ်မိလာတဲ့အချိန်ဆို ရှောင်းကျန့်ကိုထပ်မေ့သွားမှာစိုးလို့ ရိပေါ်က ရှောင်းကျန့်နာမည်ကို Sticky Note တွေနဲ့ရေးပြီး အိပ်ရာပေါ်ကမျက်နှာကျက်မှာ ကပ်ထားတာအရောင်တွေကိုစုံလို့......။
Once Upon An Us-10<Final>
Start from the beginning