"ထိုင်တာက ဘယ်လိုထိုင်မှာလဲ..."
"ကျန့်ကောတို့ မောင်နှမနှစ်ယောက်အတူ
ထိုင်လိုက်လေ..."နှစ်ခုံတွဲတွေကအလယ်လိုင်းမှာရှိပြီးပြတင်း
ပေါက်နဲ့ကပ်ရပ်မှာကတစ်ယောက်ထိုင်ခုံတွေပဲထားတာ။နှစ်ယောက်တွဲခုံတွေနဲ့တစ်ယောက်ထိုင်ခုံတွေကအလယ်မှာလျှောက်လှမ်း
ခြားတယ်။"ကောနဲ့ Yibo ပဲ အတူတူထိုင်လိုက်ပါ...Zu er
ဒီဘက်က တစ်ယောက်ခုံမှာပဲထိုင်တော့မယ်...လွတ်လွတ်လပ်လပ်ရှိတာပေါ့...""ဖြစ်ပါ့မလား Zu er..."
"ရတယ်...ကိစ္စမရှိဘူး...Yibo တစ်ယောက်တည်းထိုင်ခိုင်းရင် ပျင်းနေလိမ့်မယ်...Zu er နဲ့ကောက
သွားတိုင်းလဲ အမြဲတူတူထိုင်နေကျပဲဟာ...ဒီတစ်ခေါက်က Yibo ပါလာတော့ Yibo နဲ့ပဲထိုင်လိုက်...
ကောတို့ ယောက်ျားလေးအချင်းချင်း
စကားလဲပြောလို့ရတာပေါ့...""အေး...အေး...ဒါဆိုလဲပြီးရော..."
အမှန်တော့သူမ Yibo နဲ့ထိုင်ချင်ပါတယ်။ဒါပေမယ့်မသင့်တော်ဘူးမလား။ဒီတော့ဆန္ဒကိုသိက္ခာနဲ့
ထိန်းရတာပေါ့။အကယ်၍ထိုင်ဖြစ်ရင်လဲစကားပြောရဖို့နေနေသာကိုယ့်ကိုအဖက်လှည့်လုပ်ရင်တောင်ကံကောင်း။
အစ်ကိုဖြစ်သူနဲ့ထိုင်ပြန်တော့လဲ Yibo တစ်ယောက်တည်းငေါင်တောင်တောင်ဖြစ်နေမှာ။
Yibo ကိုယ်တိုင်လဲကောနဲ့ထိုင်ချင်နေတာပါ။
အစောက Zu er ကိုကောကသူနဲ့ထိုင်မလားလှမ်းမေးတဲ့အချိန်သူမကိုမျှော်လင့်တကြီးနဲ့ဖြတ်ခနဲ
ကြည့်လိုက်တဲ့အရိပ်တွေကိုမြင်တာပေါ့။အေးလေ...သူတို့ကညီအစ်ကိုတွေလိုဖြစ်နေတာဆိုတော့ငါ့ထက်စာရင်သံယောဇဉ်ရှိကြမှာပဲလေ။
ငါ 'Song Zu er' သဘောထားကြီးပေးလိုက်ပါ့မယ်။"ကျွန်မတို့ လေကြောင်းလိုင်းခရီးစဉ်သည်
ဘေကျင်းကနေ ချုံချင်းကို ပျံသန်းထွက်ခွာမှာဖြစ်ပါတယ်...လေယာဉ်စတင် ပျံသန်းတော့မည်ဖြစ်၍ လေကြောင်းအတက်တွင်မငြိမ်မသက်မှု
ရှိပါလျှင် ထိခိုက်မှုမဖြစ်စေရန်အတွက် ထိုင်ခုံခါးပတ်လေးများ ခေတ္တပတ်ပေးထားပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်..."
YOU ARE READING
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။
Episode-(19) Z+U
Start from the beginning