သူအတွေးများနေတုန်း အန်တီက သူ့ရှေ့ နွားနို့ တစ်ခွက် လာချပေးတယ် ။

" သားငယ်လေး နွားနို့ သောက်အုံး..."

" ရပါတယ် အန်တီ ကျွန်တော် စားခဲ့ပြီးပြီး"

" ပူတုန်းလေး သောက်လိုက်...ပြီးတော့ မားလို့ပဲ ခေါ်ပါ သားငယ်လေး ညီဆိုတော့ မားသားလေးပဲပေါ့ "

" ဟုတ်  ဟုတ်ကဲ့ "

ရိပေါ် နွားနို့ခွက်ကိုကိုင်ပြီး တစ်ငုံသောက်လိုက်တယ် ။

နွေးထွေးတယ် ဆိုတာ အစ်ကိုတို့ သားအမိကို ပြောတာပင် ။ စကားပြောတာ လေသံအေးအေးလေးကစ တကယ် နားထောင်လို့ကောင်းလွန်းသည် ။ တည်ငြိမ်လွန်ပြီး အေးချမ်းလွန်းတဲ့ သူ့ရှေ့က အမျိုးသမီးကို သဘောကျသည် ။ ပြီးတော့ ကျေးဇူးတင်ရမည် အစ်ကို့ကို မွေးဖွားပေးခဲ့တဲ့အတွက် ၊ ကျွန်တော် မြတ်နိုးရတဲ့ အစ်ကို့ကို ။

" သားငယ်လေးက ဒီမှာ တူမလေးနဲ့နေတာဆို နေရထိုင်ရအဆင်ပြေရဲ့လား "

" ဟုတ်ကဲ့ ဒေါ်ကြီးတစ်ယောက်လဲ ရှိတော့ အဆင်ပြေပါတယ် "

"တစ်ခုခု လိုအပ်တာရှိရင် မင်းအစ်ကို့ဆီကနေ မားကိုပြောနော် "

" ဟုတ်ကဲ့ "

စကားနည်းတဲ့ ရိပေါ်ကြောင့် သူတို့စကားဝိုင်းလေးက တိတ်ဆိတ်သွားပြန်သည် ။ ၁၅မီစ်လောက်ကြာတော့ လှေကားက ခြေသံ ။ အစ်ကိုဆင်းလာပြီးနဲ့တူတယ် ။

" မား ။  ရိပေါ် ဘယ်လိုလုပ် "

အိမ်ပေါ်ထပ်က ဆင်းလာတဲ့ အစ်ကိုက ကျွန်တော့ကို တွေ့တော့ အံ့သြသွားသည်ထင် ။ မျက်လုံးပြူး ပခုံးတွန့်ပြရင်း ဖြေရှင်းချက်တောင်းနေပုံရသည် ။

"  မား အပြင်ထွက်ရင်း သားငယ်လေးကိုတွေ့လို့ အိမ်ထဲမှာစောင့်ခိုင်းထားတာ "

" အော်.... ဒါဆို ကျွန်တော်တို့ သွားပြီးနော် မား "

" မား ကျွန်တော် သွားတော့မယ်နော် "

"သားငယ်လေး နောက်ဆို မင်းအစ်ကိုနဲ့ အိမ် လိုက်လာနော်"

...........

" မား လို့တောင် ခေါ်တယ်ပေါ့ "

" အစ်ကို့ အမေကအဲ့လို ခေါ်ခိုင်းလို့ပါ ။ ဘာလဲ မနာလိုတာလား
"

Adieu, My Love (YIZHAN)Where stories live. Discover now