Episode(5)[Z+U]

435 42 0
                                    

"ပြန်ရောက်ပီနော်"

"သားလေး ကျောင်းကနေပြန်လာပီလား...ကျောင်းမာအဆင်ပြေရဲ့လား..သူငယ်ချင်းတွေရခဲ့လား"

"အဆင်ပြေပါတယ်..သူငယ်ချင်းတော့ ရခဲ့တယ်ထင်တာဘဲ"

အမေ့မျက်နှာဝင်းလက်သွားကာ အားတက်သရောနဲ့...

"သူငယ်ချင်းရတော့ သားလေးအထီးမကျန်ရတော့ဖူးပေါ့"

"ကျနော်တရေးမှေးအုံးမယ်နော်"

"ထမင်း စားတဲ့ချိန် အမေ လာနှိုးလိုက်မယ်"

ကျောင်းအင်ကျီမလဲတော့ဘဲ အိစက်စက်မွေ့ယာပေါ်ကိုယ်လုံးလေးနစ်မြုပ်သွားတဲ့ထိ ခြေပစ်လက်ပစ်လှဲချလိုက်သည်..နဖူးကျဉ်းကျဉ်းပေါ်လက်တင်ရင်းမျက်နှာကြက်ဖြူကို အကြောင်သား ငေးကြည့်မိသည်..

နမ်းရှိုက်လိုက်တဲ့နှုတ်ခမ်းတစုံရဲ့အငွေ့အသက်တွေကျန်နေသေးတဲ့လည်ပင်းကိုယောင်ယမ်းကိုင်မိ​တော့ အက်ရှရှသူ့အသံကိုအမှတ်ရမိသွားသည်..

သူ့ကိုဘလိုင်းရီးစော်ကားသွားတဲ့ထိုလူ့မျက်နှာကိုသေချာမြင်ချင်သေးသယ်..အားနဲနေတာကိုအခွင့်ကောင်းယူကာ လက်သရမ်းနိုင်တဲ့ မျက်ခွက်ကို စုတ်ပဲ့သွားအောင် ဒဏ်ရာလှလှပေးချင်လို့....

လေးလံလွန်းတဲ့ခန္ဓာကိုယ်ကသူ့ကိုအတင်းတက်ဖိထားတဲ့ခံစားချက်ကြောင့် အိပ်မာကျနေရာမှ ကယောင်ကတမ်းနိုးလာတယ်..သတိဝင်လာပြီး ရုန်းဖို့ပြင်တော့လဲ လက်တချောင်းလေးတောင် လှုပ်မရ..နှလုံးသားတခုလုံးထုံကျင်သွားတဲ့ထိ ​လေးလံတဲ့အရာကအသေဖိထားတော့ အသက်ကိုမနဲရှူ နေရသည်..

"အရမ်း​အောင့်တယ်...မလုပ်ပါနဲ့​နော်.ကျနော်မခံစားနိုင်​တော့ဖူး"

နှလုံးသားနေရာကို အချွန်နဲ့စိုက်ထိုးသလို ထိုးအောင့်လာပီး အသက်ရှူ ရတာ မွန်းကြပ်လာသည်...ပယ်လိုမှမခံစားနိုင်လို့ ကျနော်မဟုတ်တဲ့တိုင်း မျက်ရည်လည်ရွှဲနဲ့ တဖွဖွတောင်းပန်မိသည်...

နှလုံးသားနေရာကပေါ့သွားတော့ လည်ပင်းဆီမှ သွားနဲ့ကိုက်ဖြတ်သလိုအရမ်းနာကျင်လာပြန်တယ်..ခေါင်းတခြမ်းထိုးအောင့်လာတဲ့ထိအကိုက်ခံထားရလို့ လွတ်မြောက်ချင်လို့ အတင်းရုန်းတော့ ပိုလို့တောင် တက်ဖိထားသယ်..

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now