သူက ခွန်းလက်ထဲ အတင်းပေးနေတော့ ခွန်း သူ့ကိုကြည့်ကာ အော်ပြောလိုက်သည်။

"ဘာလုပ်လို့လဲ မင်းကိုကူညီတာလေ "

"မလိုဘူး "

"ဒါဆိုလဲ နေပေါ့ စေတနာနဲ့ပေးတာ "

ဆိုကာ သူ သူ့ရဲ့ပုဝါကို ပြန်သိမ်းလိုက်သည်။ခွန်း သူ့ကိုကျောပေးကာ မိုးရွာနေတဲ့အပြင်ကိုကြည့်လိုက်တော့ တလောကလုံး မှုန်ရီနေသဖွယ် မိုးများက သည်းထန်စွာ ရွာနေသည်။ကားလာချိန်ကလဲ နီးနေပြီဖြစ်သည်။

"ဂျိမ်း ဂ လိမ်း လိမ်း "

"အ "

လျှက်စီးက ဝင်းခနဲ လက်ကာ ဆူညံကျယ်လောင်တဲ့ မိုးကြိုးပြစ်သံကိုကြားလိုက်ရတော့ ခွန်းကြောက်လန့်ကာ ဘေးက သူ့အနားကိုကပ်ကာအော်လိုက်သည်။

"အဟင်း ဒီလိုလဲ ကြောက်တာပဲလား "

"မိုးကြိုးပြစ်သံက ဒီလောက်ကျယ်တာ လန့်တာပေါ့ ခင်ဗျားရော မလန့်လို့လား "

"မလန့်ပါဘူး ဒီလောက်အသံလေးကို ယောကျ်ားဖြစ်ပြီး သွေးမနဲဘူး "

ထိုသို့ပြောတော့ ခွန်း သူ့ကိုမျက်စောင်းထိုးကာသူနဲ့ဝေးဝေးနေရန်ပြင်လိုက်ပေမဲ့ မိုးထပ်ချိမ်းမှာ ကြောက်တာမို့ အဝေးကြီးလဲ မသွားရဲ

"ဘာလဲ ဘာမကောင်းမှုတွေလုပ်ထားလို့ မိုးချိမ်းတာကိုကြောက်နေတာလဲ ကြိုပြောထားနော် စက်ကွင်းမလွတ်ရင် ငါပါ ပါနေမှာဆိုးလို့ "

"ခင် ခင်ဗျား "

ခွန်းသူ့ကို မျက်စောင်းထိုးကာကြည့်တော့ သူက ပြုံးနေသည်။ သေချာကြည့်မှ သူပြုံးနေတာက တော်တော်ကို ဆွဲဆောင်မှုရှိသည်။ အသားညိုညိုနဲ့ အရပ်မြင့်မြင့် မျက်လုံးမျက်ခုံးကောင်းကောင်း နှာတံ ပေါ်ပေါ်နဲ့ သူက ချောတယ်လို့ပြောရမည်။

ဝတ်စားပုံက ပုဆိုးတိုတို လက်ရှည်အင်္ကျီအရှည်ကို ခေါက်ထားတဲ့ သူက သာမန်လူတန်းစားတစ်ယောက်သာဖြစ်လိမ့်မယ်လို့ ယူဆရသည်။

"ဘာလို့ငါ့ကို ကြည့်နေတာလဲ "

"ဘယ်မှာကြည့်လို့လဲ "

ခွန်းပြောကာ သူ့အကြည့်ကို လွဲလိုက်ပြီး သူနဲ့ခပ်ဝေးဝေးနေရာသွားတော့ သူက ထိုင်ရာမှ ထကာ ခွန်းရဲ့အနားသို့ကပ်လာသည်။

သခင့်ရဲ့ အရုပ်Where stories live. Discover now