Once Upon An Us-6

Start from the beginning
                                    

သီချင်းထဲမှာ ဆယ်ကျော်သက်ချာတိတ်လေးတစ်ယောက်ရဲ့ သူ့ကိုကိုကို သူဘယ်လိုစချစ်ခဲ့ကြောင်းတွေပါတယ်.....
တောက်ပနေတဲ့မျက်လုံးအစုံကို စရင်ဆိုင်ရတုန်းက ဘယ်လိုမေ့ဖို့ခက်ခဲခဲ့ကြောင်းတွေလည်းပါတယ်....
သူ့အချစ်ကို ၀န်ခံဖို့ဘယ်လိုမဝံ့ရဲခဲ့ကြောင်းတွေ
ဘယ်လောက်ပဲထိန်းချုပ်ချုပ် အဆုံးသတ်တော့လည်း မချစ်ပဲမနေနိုင်ကြောင်းတွေစတဲ့ သူ့ရဲ့ခံစားတွေလည်းပါတယ်...။

လွန်ခဲ့တဲ့ ၂နှစ်က ဂစ်တာလေးပဲဖြစ်ပြီး ဒီသီဆိုသူနဲ့ ဒီနားထောင်သူပဲဖြစ်ပေမယ့် လွန်ခဲ့တဲ့၂နှစ်ကနဲ့ လုံးဝကွာခြားသွားတယ်.....။သီချင်းဆိုတဲ့ကောင်လေးက အဆုံးထိခပ်ပြုံးပြုံးကြည်ကြည်နူးနူးဆိုနိုင်ခဲ့သလို နားထောင်တဲ့ကောင်လေးကလည်း မျက်ရည်တွေဝဲမနေပဲ ပြုံးပြီးနားထောင်နေခဲ့တယ်....။

စစ်မှန်တဲ့ အချစ်တွေက မုန်တိုင်းတွေကြမ်းရင်တောင်....ကံကြမ္မာက အကြိမ်ကြိမ်ဝေးကွာစေရင်တောင် ယိုင်နဲ့မသွားပဲ ခိုင်မြဲနေဦးမှာပါ........။

__________________________________

သူတို့တိုက်ခန်းလေးက အမြဲလိုလို ရယ်သံတွေနဲ့ပြည့်နေတတ်တယ်....။ ရန်ဖြစ်နေတယ်ဆိုတာ လုံးဝမရှိဘူး....။ သဘောထားမတိုက်ဆိုင်ကြပဲ ငြင်းရင်း တစ်ယောက်စိတ်ဆိုးသွားရင် တစ်ယောက်ကလျှော့ပေးတတ်တဲ့ သူတို့ကြားမှာ ကတောက်ကဆဆိုတာ ရှားပါတယ်....။

လိမ္မာသိတတ်တဲ့ ဖန်ရှင်းလေးကလည်း အမြဲအလိုက်သိတယ်။ ဒါကြောင့် ဆူရတာ ဆုံးမနေရတာမျိုးလည်း သိပ်မရှိဘူး....။

တစ်ခုပဲ...အဲ့ဒါက တစ်နေ့ထက်တစ်နေ့ပိုပိုအူတိုတတ်လာတဲ့ ရိပေါ်ကြောင့် ယုန်ငတုံးလေး ရှောင်းကျန့်ခေါင်းခြောက်ရတာ.....။

ရိပေါ်က စူပါမားကတ်ထဲနှစ်ယောက်ဈေးသွားဝယ်ရင် ကောင်မလေးတစ်ယောက်လောက်ကများ ရှောင်းကျန့်ကို မငေးလိုက်နဲ့ နေ့တစ်ဝက်လောက်ကောက်ပြီပဲ.....။ မေးမရပြုမရနဲ့ ဘယ်လိုမှ မချော့တတ်တော့လို့ ရှောင်းကျန့်က ရိကျန့်တို့ယုန်ခြံထဲ ငုတ်တုတ်သွားထိုင်နေမှ စူပုတ်စူပုတ်နဲ့ ရိပေါ်က အိမ်ထဲပြန်လိုက်ခေါ်တယ်....။

𝓞𝓷𝓬𝓮 𝓤𝓹𝓸𝓷 𝓐𝓷 𝓤𝓼Where stories live. Discover now