Once Upon An Us-6

Bắt đầu từ đầu
                                    

ရောက်ရောက်ချင်း ဖန်ရှင်းကခရီးပန်းပြီး အိပ်ရာပေါ်တင်မှောက်လျက်လေးအိပ်ပျော်သွားတယ်....။ ရိပေါ်က အ၀တ်အစားတွေ ဗီရိုထဲလိုက်ထည့်နေတုန်း ရှောင်းကျန့်ကတော့ စတိုခန်းထဲက လွှတွေသစ်သားချောင်းတွေ သုတ်ဆေးပုံးတွေယူပြီး လသာဆောင်ဘက်ထွက်သွားတယ်....။

ရိကျန့်တို့ ယုန်တစ်အုပ်ကို ထားဖို့ မြက်ခင်းစိမ်းလေးတွေနဲ့ယုန်ခြံလေးကို လသာဆောင်မှာ ရှောင်းကျန့်က ကိုယ်တိုင်လုပ်တယ်....။ သူဌေးလေး ရိပေါ်ကတော့ ဘာမှမလုပ်တတ်မကိုင်တတ်မို့ ၀မ်ရှောင်နဲ့ ရိကျန့်ကို ပိုက်ပြီးဘေးက ငုတ်တုတ်....။

ခဏနေတော့ ရိပေါ်ကပျင်းလာပြီး စတိုခန်းထဲသွားမွှေတယ်.....။ စတိုခန်းလေးထဲမှာ ဖုန်တက်နေတဲ့ ဂစ်တာအိတ်လေးကို တွေ့တော့....အတိတ်ကို သတိရပြီး မျက်ရည်ကဝဲခနဲပဲ....။ အဲ့ဒီတုန်းက သူသီချင်းကိုတောင် ဆုံးအောင်ဆိုမပြခဲ့ရဘူး....။
နေမကောင်းတဲ့ ကိုကို့ကြောင့်ရင်နာရလွန်းလို့.....။

ရိပေါ်က ဂစ်တာအိတ်ကိုဖွင့်ပြီး ဂစ်တာလေးကို ဆွဲထုတ်ပြီး အပြင်ယူလာခဲ့တယ်....။ ဒီတစ်ခါတော့ သီချင်းအဆုံးအထိ ပျော်ပျော်ရွှင်ရွှင်နဲ့ဆိုပြနိုင်မယ်လို့ သူယုံကြည်ချက်ရှိနေပြီ.....။

ရိပေါ်က ဂစ်တာလေးပိုက်ပြီး ရှောင်းကျန့်နဲ့မျက်နှာချင်းဆိုင်က ခွေးခြေခုံပုလေးပေါ် ၀င်ထိုင်လိုက်တယ်။ တဒင်ဒင်နဲ့ ဂစ်တာကြိုးတွေကို ညှိနေတဲ့ ရိပေါ်ကို ရှပ်အင်္ကျီလက်ကို လက်မောင်းထိခေါက်လို့ လွှတစ်ချောင်းနဲ့ သစ်သားစတွေကို အားရပါးရဖြတ်နေတဲ့ ရှောင်းကျန့်က မကြည့်အားသေးဘူး....။

"အဟမ်း...."

ရိပေါ်က ချောင်းဟန့်ပြီး သူရှိနေကြောင်း ရှောင်းကျန့်ကိုသတိပေးလိုက်ပြီး ဂစ်တာကိုစတီးတယ်....။

ဂစ်တာသံသာသာယာယာစထွက်လာမှ သစ်သားစအပုံကြီးကြားက ရှောင်းကျန့်ကခေါင်းထောင်လာတယ်.....။

ရိပေါ်က ရှောင်းကျန့်မျက်နှာကို ကြည်ကြည်နူးနူးကြည့်ပြီးသီချင်းစဆိုတယ်....။ လေနုအေးအေးလေးကတိုက်ခတ်နေပြီး ညနေခင်းနေရောင်ဖျော့ဖျော့လေးကသူတို့ကိုယ်ပေါ်ကျရောက်နေတယ်.....။ ရိပေါ်ရဲ့ အသံချိုချိုအေးအေးလေးက ညနေခင်းရဲ့လေပြည်လေးထဲပျံ့နှံလာတဲ့အခါ သိပ်ကိုလှပတဲ့နွေဦးရဲ့ညနေခင်းလေးက အသက်ဝင်လာတယ်....။

𝓞𝓷𝓬𝓮 𝓤𝓹𝓸𝓷 𝓐𝓷 𝓤𝓼Nơi câu chuyện tồn tại. Hãy khám phá bây giờ