ဒီတစ်ကြိမ် တိမ်မည်းတွေပြိုပြီးရင်တော့ ဆောင်းဦးလေပြည်နုလေး လာတော့မယ် ထင်ပါတယ်...။
ကောင်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဖက်လို့ အားရပါးရငိုကြွေးကြတယ်....။ မုန်တိုင်းတွေရဲ့ အဆုံးသတ်မှာ လှပတဲ့ငွေရောင်အနားသတ်တိမ်တိုက်လေးတွေ ရှိပါတယ်....။
ညဘက်ကြယ်တွေထွက်လာတဲ့ အချိန်မှာတော့ ကောင်လေးနှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်လို့ ကြယ်တွေကိုငေးကြည့်ခဲ့ကြတယ်.....။ ဒီကောင်းကင်ကြီးနဲ့ ဒီကြယ်လေးတွေပဲဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်က ဆေးရုံခေါင်မိုးထပ်ကမြင်ခဲ့ရတုန်းထက် ပိုလှတယ်လို့ သူတို့ခံစားရတယ်....။
"ကျွန်တော်လေ....ကိုကိုပြန်မလာခဲ့ရင်ဆိုတာမျိုး အမြဲကြောက်ခဲ့တာ....."
ရိပေါ်ကကြယ်တွေကို ငေးရင်း ကြယ်လေးတွေဆီကမျက်လုံးမခွာပဲပြောတယ်....။
"လမင်းကြီးကို မြင်တိုင်းလည်း လမင်းလေးလိုအေးချမ်းတဲ့ ကိုကို့ကို သတိရတယ်.....ကြယ်တွေကိုကြည့်ရင် အဲ့ဒီထဲက ကြယ်လေးတစ်လုံးလုံးကများ ကိုကိုဖြစ်နေမလားတွေးပြီး ကြောက်နေမိလို့ ကျွန်တော် ကိုကိုမရှိတော့ကတည်းက ညဘက်ကောင်းကင်ကို မကြည့်ဖြစ်တော့ဘူး....။
ကျွန်တော့် ကိုယ်ပိုင်လမင်းလေးမရှိတဲ့ ညတိုင်းဟာ ကြယ်တွေဘယ်လောက်စုံစုံ လမင်းကြီးက ဘယ်လောက်လင်းလင်း ကျွန်တော့်အတွက်တော့ မှောင်မိုက်တဲ့ အထီးကျန်ညတွေပဲ......။
အဲ့ဒီညတိုင်းမှာ အထီးကျန်ရလွန်းလို့ ကိုကိုပြန်မလာမှာ သိပ်ကြောက်ခဲ့တာ.....""ပြန်မလာမှာကြောက်တယ်???...."
"အင်း....ကိုကိုပြန်မလာမှာ ကြောက်ခဲ့တယ်...."
ကိုကိုက ညကောင်းကင်ထက်က သာနေတဲ့လမင်းကို လှမ်းငေးတယ်..။
"ကလေးလေး သိလား....။
လမင်းက နေရောင်ရှိမှတောက်ပတယ်။ နေမင်းမရှိတဲ့ကမ္ဘာမှာ လမင်းမရှိနိုင်ဘူး...။နေရောင်ခြည်ထုတ်လွှတ်ပေးနေတဲ့ နေမင်းကြီးရှိနေသေးသရွေ့ လကွယ်ရက်မှာ ပျောက်ဆုံးသွားတဲ့ လမင်းလေးက လဆန်းရက်မှာ နောက်တစ်ကြိမ်ပြန်လာဦးမှာပဲ။
Once Upon An Us-3
Start from the beginning