သူမအထင်တော့ ဒီကောင်လေးက တစ်ခုခုကို ရှာနေတယ်ထင်တယ်..။ ဘာလို့ဆို ဒီကောင်လေးက ဟိုဒီလျှောက်သွားပြီး နေညိုချိန်ရောက်တိုင်း စိတ်ပျက်လက်ပျက်ပြန်လာပြီး ကမ်းခြေဘက်က ကျောက်ဆောင်တစ်ခုပေါ်ထိုင်လို့ ဘီယာသောက်ရင်း တိတ်တိတ်လေး ငိုနေတတ်တယ်....။ ဒီကောင်လေးက ဒီကိုစရောက်ကတည်းက နေ့တိုင်းအဲ့လိုလုပ်နေတာ....။

ဒီကောင်လေးကို မြင်ရတိုင်း သူ့ရင်ထဲမှာနာကျင်မှုတွေကို ဘယ်လောက်တောင်ထိန်းချုပ်ထားရတယ်ဆိုတာ မျက်လုံးတွေကတစ်ဆင့် မြင်နေရတာမို့ သူမပါမွန်းကြပ်လာရတတ်တယ်.....။
သူဘာကိုပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုပဲရှာနေပါစေ...ပြန်တွေ့ပါစေပဲ သူမ တိတ်တိတ်လေးဆုတောင်းပေးလိုက်မိတယ်...။

___________________________

ရိပေါ်တည်းခိုခန်းကနေထွက်လာပြီးတာနဲ့ ကမ်းခြေဘက်မှာသွားထိုင်လိုက်တယ်...။ကမ်းခြေမှာတော့ လူတွေကဟိုဟိုဒီဒီ ဓာတ်ပုံရိုက်တဲ့သူကရိုက်နဲ့ ဘီယာတစ်ဘူးနဲ့ လာထိုင်နေတဲ့သူ့ကို သတိမထားမိကြပါဘူး....။

သူအခုရောက်နေတဲ့ရွာလေးက အိုင်ယာလန်နိုင်ငံ Cooley paninsula ( အိုင်ယာလန်နိုင်ငံမှာရှိတဲ့ တောင်တန်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းဆွယ်မြို့လေး) မှာရှိတဲ့ Carlingford ဆိုတဲ့ရွာလေး....။
ဒီရွာလေးကသိပ်လှပါတယ်....။ ကျောက်တုံးတွေနဲ့ဆောက်ထားတဲ့ အဆောက်အဦးတွေနဲ့ ကျောက်ခင်းလမ်းလေးတွေကလည်း ဆွဲဆောင်မှုရှိလှတယ်....။ ဆိုင်ခန်းသေးသေးလေးတွေကလည်း စိတ်ဝင်စားစရာ ချစ်စရာလေးတွေ....။ ဒါပေမယ့် အလည်အပတ်အတွက်လာတာမဟုတ်တဲ့ သူ့အတွက်တော့ စိတ်ဝင်စားဖို့ကောင်းမနေဘူး....။

ပင်လယ်လေအေးအေးက သူ့မျက်နှာပေါ်ကို ဖြတ်တိုက်ပြီး ရှည်စပြုနေတဲ့ ဆံပင်တွေကို မျက်နှာပေါ်ကိုဝဲကျသွားစေတယ်...။ ရိပေါ်ကမျက်လုံးတွေပေါ်ကျလာတဲ့ ဆံစတွေကို မဖယ်ပဲ သက်ပြင်းမောတစ်ခုရှိုက်လို့ ဘီယာတစ်ကျိုက်မော့လိုက်တယ်....။

လွမ်းတယ် ကိုကို....။

နောက်တစ်လဆို ကိုကိုကျွန်တော့်ကိုထားသွားတာနှစ်နှစ်ပြည့်ပြီ.....။ ပြန်လာမယ် ကတိပေးပြီး....ခုထိပြန်မလာသေးတဲ့ လူတစ်ယောက်ကို သူကမ္ဘာအနှံ့လိုက်ရှာနေခဲ့တာလည်း နှစ်နှစ်ပြည့်တော့မယ်....။

𝓞𝓷𝓬𝓮 𝓤𝓹𝓸𝓷 𝓐𝓷 𝓤𝓼Место, где живут истории. Откройте их для себя