ပိုက်ဆံရှိရင် ကြိုက်တာ လုပ်လို့ရတယ် 3

Start from the beginning
                                    

ရှောင်းကျန့်က နှုတ်ခမ်းလေးဆူပြီး ပြန်ရန်တွေ့တယ်။

"ဒါပေမဲ့ ငါက မင်းရဲ့ဘောလုံးကိုကောက်ပြီး
ဘောကောက်လုပ်ပေးရမှာမလား... မလိုက်ချင်ပါဘူး"

"ကြားတဲ့အတိုင်းပါဘဲရှင် သားလေးကကျမကိုသိပ်ချစ်တာ သူကျမနဲ့ခွဲနိုင်မှာမဟုတ်ဖူး ကျမလဲသားလေးကို
ပြည့်ပြည့်စုံစုံနဲ့နေရတာ မြင်ချင်ပါတယ် ဒါပေမဲ့ လူချမ်းသာပြီး သားလေးစိတ်ဆင်းရဲနေရမှာကိုတော့ မလိုချင်လို့ပါ"

"အစ်မကြီးပြောတာမှန်ပါတယ် ဒါပေမဲ့ ဒီလိပ်စာကဒ်လေးကိုယူထားပါ တစ်နေ့နေ့တစ်ချိန်ချိန် အစ်မကြီး စိတ်ပြောင်းခဲ့ရင် ကျနော်တို့ဆီဆက်သွယ်ပေးပါ ဒါဆိုခွင့်ပြုပါအုံး"

"ဟုတ်ကဲ့"

ရှောင်းကျန့်ကရီပေါ့်ကို လျှာထုတ်ပြတော့ ရီပေါ်က
အံကြိတ်ပြီး လက်သီးဆုပ်ပြကာ တောက်တစ်ချက်ခေါက်ပြီး ထွက်သွားတယ်။

ရှုးရှုးရှဲရှဲနဲ့ဒေါသတွေထွက်ပြီး ရှောင်းကျန့်ကိုလက်ညိုးထိုးကာအော်တယ်။

"အရူး ငတုံး ညစ်ပတ်ကောင်"

အရင်ကအကြောင်းတွေကို ပြန်တွေးမိရင်း မှန်ရှေ့မှာထိုင်နေတဲ့ ရှောင်းကျန့်က နှုတ်ခမ်းကိုက်ပြီး ဒေါသတွေထွက်နေတယ်ထင်။

ဦးလေးကျင်းကဝင်လာပြီး..

"သား ရှောင်းကျန့် ရီပေါ့်ကိုနားလည်ပေးလိုက်ပါ"

"အဲ့ဒီစကားလုံးတွေကို ဦးလေးရွတ်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ငယ်ငယ်တုန်းကတော့ အဲ့ဒီစကားလုံးရဲ့
အဓိပ္ပါယ်ကို နားမလည်ခဲ့ဘူး အခုတော့နားလည်သွားပြီ
လူတစ်ယောက်လုပ်သမျှကိုနားလည်ပေးနေရတာ
အဲ့လူကို ထင်ရာစိုင်းခွင့်ပေးထားဘဲမဟုတ်ဖူးလား
နားလည်ပေးခိုင်းရတဲ့ သူကဘဲပျော်စရာကောင်းသလား
နားလည်ပေးနေရတဲ့သူကကော အမြဲတမ်းအရှုံးနဲ့ဘဲ
နေနေရတော့မှာလား"

"သားရယ် သူ့ဘဝလေးက..."

"ဘာလဲ သနားစရာကောင်းတယ်လို့ ဦးလေးပြောအုံးမှာမလား ဒါဆိုကျနော်ကရော သနားဖို့မကောင်းဘူးလား
သူက ကျနော့်ကို သူရဲ့ အရုပ်တစ်ရုပ်လိုခိုင်းဖို့
သူသွားလေရာခေါ်သွားဖို့ ကျနော့်ကို ဝယ်ခဲ့တာ"

မင်းရဲ့ အရုပ် (completed) Where stories live. Discover now