Unicode:
"Wang Yibo မင်းကွာ ငါအရမ်းချစ်မှန်းသိရဲ့သားနဲ့
ယုံကြည်လို့ မြို့မှာခဏထားပြီး ရွာကအမျိုးတွေဆီ
ပြန်တာလေကွာ ချက်ခြင်းရည်းစားတစ်ယောက်ကောက်ရတယ်တဲ့လား'
"ဟုတ်တယ် ကျွန်တော်ခဗျားကိုစိတ်ကုန်နေပြီ ဘယ်အချိန်အထိကျွန်တော့်အပေါ်ဆိုးနေအုံးမှာလဲ ကျွန်တော်ကအငယ်ဖြစ်ပြီး ဘယ်အချိန်အထိသည်းခံနေရမှာလဲ'
"ငါဆိုးတယ်ဆိုတာ မင်းငါ့ကိုချစ်မှန်းသိလို့ပါကွာ ငါအစထဲကပြောထားတယ်လေ အရမ်းအလိုမလိုက်ပါနဲ့လို့ ဆိုးလို့ရမှန်းသိရင်ငါအရမ်းဆိုးမိတော့မှာပါလို့
မင်းပဲ ဆိုးပါ ကိုကို့ကိုအကုန်သည်းခံမယ်ဆို'
"အခုသည်းမခံနိုင်တော့ဘူး ကျွန်တော်နောက်တစ်ယောက်ရနေပြီ စိတ်ကစားတာလည်းမဟုတ်ဘူး ငယ်ငယ်ထဲကသူငယ်ချင်းသံယောဇဥ်လည်း ခဗျားထက် သူ့အပေါ်ပိုတယ်'
ပြောရက်လိုက်တာကလေးရာ ကိုယ့်အရှေ့မှာတောင် ကိုယ့်ထက်သူ့အပေါ်သံယောဇဥ်ပိုတယ်လို့ပြောနေပြီတဲ့လား
"Ok လေ တစ်ခုတော့ရှိတယ် မင်းထွက်သွားပြီးမှ ဘယ်တော့မှပြန်လာဖို့စိတ်မကူးနဲ့ ပြန်လက်ခံမှာမဟုတ်ဘူး'
"ရတယ်လေ ပြောစရာကုန်ပြီဆိုသွားပြီ'
ရိပေါ်ပြောပြီးပြီးချင်း ရှောင်းကျန့်လှည့်ထွက်လာခဲ့သည် ကိုယ်ကပဲထားခဲ့တဲ့သူဖြစ်ချင်သည် သနားလည်းမခံလို မာနလည်းအထိခိုက်မခံလို
အိမ်အမြန်ပြန်ပြီး မိဘတွေရှေ့ဘာမှမဖြစ်သလိုနေရသည် ရိပေါ်နဲ့သူ့ရဲ့ပတ်သတ်မှုက မိဘတွေအသိပေးပြီးသားဆက်ဆံရေးတစ်ခုလေ ရှောင်းကျန့်မိဘတွေကို ဘယ်လိုပြောပြရမှာပါလိမ့်...စဥ်းစားရင်းခေါင်းကိုက်ရသည်
စောစောအိပ်မည်ဟုဆိုကာ အိမ်ယာထဲလှဲလိုက်ရင်း ဟိုတွေးဒီတွေးနှင့် မျက်ရည်များ ဖြေမဆည်နိုင်အောင်ကျလာသည်
ဟုတ်တယ် တကယ်ဆိုရိပေါ်သူ့အပေါ်အရမ်းအလိုလိုက်ခဲ့တာ အရမ်းချစ်ပေးခဲ့တာ
တစ်လပြည့် Anniတိုင်းမပျက်မကွက်လက်ဆောင်တွေဝယ်ပေးတာ.မကြိုက်ရင် သူကပစ္စည်းကို ရိပေါ်အရှေ့တွင်ပင်မြောင်းထဲလွှတ်ပစ်ခဲ့တာ ရိပေါ်မျက်ရည်တွေဝိုင်းနေရင်ပျော်နေခဲ့တာ သူဆိုးခဲ့တာ သစ္စာမဖောက်လောက်ဘူးယုံကြည်ခဲ့တာ အခုတော့အရမ်းဆိုးလို့သည်းမခံနိုင်တော့လို့ နောက်တစ်ယောက်ကိုချစ်သွားတယ်တဲ့လား လွယ်လိုက်တာရိပေါ်ရာ ကိုယ်မဆိုးတော့ပါဘူးလည်းမပြောချင် သူလည်းမုန်းကိုယ်လည်းမုန်းတဲ့အခြေအနေထိရောက်ခဲ့ကြပြီလေ
YOU ARE READING
Love is He💚(One Shot)
Fanfictionမင်းကွာ ငါအရမ်းချစ်မှန်းသိရဲ့သားနဲ့ ယုံကြည်လို့ ထားခဲ့တာကို မင်းမို့လုပ်ရက်တယ် Xiao Zhan ကျွန်တော် ခဗျားကိုစိတ်ကုန်နေပြီ ကိုကို Wang Yibo
