"မနာလို မဖြစ်နဲ့"

"အေးပါဟယ် မပြောချင်တော့ဘူး။ဒါနဲ့
ခဏနေအုံး မူယာ နင်ဝတ်ထားတာမတိုလွန်း
နေဘူးလား နင့်မာမီမြင်သွားရင်အပြင်ထွက်
ခွင့်ပါမစ်ပြန်ပိတ်သွားအုံးမယ်။စစ်ကြောင်း
ဆိုတဲ့ကောင်ကလည်း သူ့ကောင်မလေး
တိုတိုပြတ်ပြတ်ဝတ်ထားရင်တောင် သဝန်တို
ပြီးလိုက်တားမဲ့သူမဟုတ်ဘူး။အရင်ဆုံး
ကြည့်မဲ့ကောင်"

"ဘာဖြစ်လဲ ကြည့်ပစေပေါ့သူ့ကောင်မလေး
သူကြည့်တာပဲ"

"သိပ်မမွှန်နေနဲ့ကမ ဟိုကနင့်ကိုပဲကြည့်ရင်
ငါမပြောဘူး။အပျော်တွဲတာဘာညာနဲ့ အခု
တော့ နင်တစ်ကယ်ကြွေသွားပြီမလား"

"မကြွေပါဘူး ငါကအရင်ကြွေစရာလား။သူပဲ
ငါ့ကို မပြတ်နိုင်လောက်တဲ့အထိ အတည်
ဖြစ်ရမှာ။ခုတောင် ငါတို့တွဲနေတာဘယ်
လောက်ကြာနေပြီလဲ"

နဒီ့ကိုပြောမိပြီးမှ စိတ်မကြည်မလင်ဖြစ်လာ
ရသည်။ဟုတ်တော့လည်းဟုတ်ပါသည်
စစ်ကြောင်းက သူ့ကောင်မလေးဖြစ်သည့်
မူယာ့ကို တွဲနေသည့်အချိန်မှစ ဟိုဟာမဝတ်
ရဘူး ဘယ်ကိုမသွားရဘူးဘာဆိုဘာတစ်ခုမှ
မချုပ်ဖူးခဲ့။ကိုယ်ကိုတိုင်လည်း အဲ့လိုချုပ်ချယ်
တာကိုမကြိုက်ဖူးလို့ပြောခဲ့မိသည်။မူယာ
မကြိုက်မှာ စိုးလို့သူဆင်ခြင်တာလား
တစ်ကယ်ပဲ မချုပ်ချယ်ချင်တာလားဆိုတာ
တော့ သူကိုယ်တိုင်ပဲသိမှာပဲ။

ယောကျာ်းလေး တစ်ယောက်ဆီက
သဝန်တိုတာ ခံချင်နေတာလားဆိုတာ
အခုချိန်မှာဖြစ်နေသည့် စိတ်ကိုကိုယ်ကိုတိုင်
အဖြေရှာရခက်နေသည်။

"မူယာ နင်လဲသတိထားအုံးနော် အခုခေတ်
ကလေ ကိုယ့်လူကိုယ်သေချာအကဲခတ်နေမှ
တော်ရာကျတာ"

ဆိုဖာပေါ်မှာထိုင်ရက်နဲ့ လက်တစ်ဖက်ကို
လာဆွဲပြီး ညိုမဲနေတဲ့မျက်ကွင်းတွေနဲ့
မော့ကြည့်ပြီး သတိပေးသလိုပြောနေတဲ့
ရွှေကိုသနားနေပေမဲ့ မထိန်းနိုင်စွာရယ်ချ
မိသည်။

"ရွှေ နင်ပြောသလို ဘယ်တော့မှဖြစ်လာမှာ
မဟုတ်ဘူး။စစ်ကြောင်း လောက်ဖြောင့်
တာစစ်ကြောင်းပဲရှိတယ် ဘယ်လောက်
တောင်ဖြောင့်လဲဆို သူ့ကောင်မလေးဖြစ်တဲ့
ငါ့ကိုဘေးမှာထားပြီး စော်အမိုက်စားတွေ
တွေ့ရင် ကြည့်ချင်ကြည့်နေတာ။အေ အဲ့လို
ဖြောင့်နေလွန်းလို့ကို ငါ့မှာစိတ်မချဖြစ်နေ
ရတာ"

Reward[Him From Final Year]Where stories live. Discover now