"မူယာအဲ့တာကြောင့်နင့်ကိုပြောတာ
မကြိုက်ရင်လည်းကျော်မသွားနဲ့ လေ့လာပါ
ဆိုနေမှ။ရှတယ်ဆိုတာ ယောကျာ်လေးချင်း
ကြိုက်တဲ့သူကိုcrushမိတာ ဒါမှမဟုတ်
ကိုယ်နဲ့ကြိုက်နေရင်း ပြောင်းသွားတာကို
ပြောတာ။အခုဒီဟာမ အနှစ်နှစ်အလလ
သေအောင် crushနေတဲ့စီနီယာအကိုကြီး
က ကောင်လေးရှိတယ်တဲ့လေ"

"ဟဲ့တစ်ကယ်လား ကိုဗညားကအဲ့လို
မထင်ရပါဘူး"

"နင်တို့ငါ့ကိုမနှစ်သိမ့်ပေးတဲ့ အပြင် အနာ
ပြန်ဆွနေကြတာလား။အဲ့ဒီအကြောင်းမပြော
ကြပါနဲ့တော့ဟာ ငါတစ်ကယ်ငိုချင်နေပြီ"

လက်နှစ်ဖက်နဲ့မျက်နှာကွယ်ပြီး ငိုတော့မဲ့
အသံနဲ့ကြေကွဲနေတဲ့ရွှေက အရင်ရည်းစား
ိနဲ့ပြတ်တုန်းကတောင် ဒီလောက်အခြေအနေ
မဆိုးဖူးဘူး။တော်ရုံအခြေအနေမဟုတ်ဘူး
ဆိုတာသိလိုက်တော့ ရွှေစင့်အနားသွားပြီး
နှစ်သိမ့်ဖို့ပြင်ရသည်။အခုခေတ်မှာဒါတွေများ
လာတာကို လက်မခံနိုင်တာမဟုတ်ပေမဲ့
သဘောလဲမကျဘူး။အခုတော့ကိုယ့်
သူငယ်ချင်းပါ ခံစားနေရတာမြင်တော့
စိတ်ထဲ ပိုလို့တစ်မျိုးဖြစ်မိသည်။

"ရွှေ နင်ငိုစရာမလိုဘူး နင့်ကိုလိုက်နေတဲ့
ကောင်တွေများတန်းစီလို့။အဲ့တာတွေ မေ့
လိုက်တော့ဟာ အပြင်သွားမယ် စိတ်ကို
relaxလုပ်လိုက်"

နဒီနဲ့မျက်စပစ်ပြစ်ပြီး ငိုချင်ရက်လက်တို့
ဖြစ်နေသည့် ရွှေကိုအပြင်သွားဖို့တိုက်တွန်း
နေရင်းဖုန်းမျက်နှာပြင် မှာပေါ်လာတဲ့
contant name ကြောင့်ပြုံးမိရင်း
မိန်းကလေးသဘာဝ နည်းနည်းကြာမှ
ပြန်ဖြေလိုက်သည်။

"အင်း"

"အွန်း ခုထွက်လာနေပြီ မာမီတို့အမြင်
ကောင်းအောင် နဒီတို့ကိုလာခေါ်ခိုင်း
ထားတာ နဒီ့ ဘဲလည်းပါတယ်"

"pioneerနော် အွန်း"

ုဖုန်းချလိုက်သည့်တိုင် ဖုန်းမျက်နှာပြင်ကို
အကြည့်မပြတ်နိုင်ပဲ မျက်နှာကပြုံးစိစိဖြစ်နေ
မိတော့ နဒီမ မဲ့ကာရွှဲ့ကာနှင့်။

"အမယ်လေး အသံကချက်ချင်းကြီးနော်
ဆရာမကြီးဆီက ပညာလေးဘာလေးပြန်
သင်ရမယ်"

Reward[Him From Final Year]Where stories live. Discover now