လသာဆောင်တွင် ငြိမ်သက်စွာရပ်ကာ ကောင်းကင်ထက်မှ ထိန်လင်းနေသည့်လမင်းကြီးနှင့်အတူ ကြယ်များကြည့်နေသော ဟန်မာရီတယောက် သူ့အထိန်းတော်ဒန်လု၏အပြောအား ခေါင်းညိတ်ကာ အသိမှတ်ပြုလိုက်သည် .. အေးစက်သည့်ညလေပြေက အနီရဲရဲဝတ်ရုံကို အသာတိုက်ခတ်နေသည် ..
ဒီလိုသေးနုပ်လှတဲ့နိုင်ငံငယ်လေးက ငါ့ကိုအကဲစမ်းချင်တယ်တဲ့လား နုံချာလိုက်တဲ့ဟာတွေ ..
အေးစက်စက်အပြုံးတပွင့်နှင့်အတူ နှုတ်ခမ်းဖျားမှ ရေရွတ်လိုက်ပီးနောက် သက်ပြင်းတခုအားချလိုက်မိသည် ..
လူတွေ၏ စိတ်နေစိတ်ထားကိုသူအများကြီးနားလည်ခဲ့ရသည် .. တော်တော်များများဟာ သူ့အားအမြင့်ဆုံး ချီးကျုးသံများပို့သနေသော်လဲ တကယ့်တကယ်သူနှင့်မရင်းနှီးချင်ကြ .. သူ့အားပြောကြသည့်နောက်ကွယ်ကစကားများကို သူကြားသည် ..သူသည် နှလုံးသားမဲ့စွာ မချစ်တတ်ဘူးတဲ့ ..သူကမချစ်တတ်တာထက် ချစ်စရာလူမရှိတာဆိုပိုမှန်ပါလိမ့်မည် .. သူ့ မယ်တော်မှာ သူမွေးပီးပီးချင်းပင် ဆုံးပါးသွားခဲ့သည်.. သူ့ဖခမည်းတော်မှာလဲ တိုင်းရေးပြည်ရာကိစ္စများကြောင့် ဖခင်တယောက်ရဲ့နွေးထွေးမှုကိုမပေးနိုင်ခဲ့ချေ .. မွေးကတည်းက အထိန်းတော်များနှင့်သာကြီးပြင်းခဲ့ရပီး သိတတ်စအရွယ်မှစ၍ သိသင့်သောအသိပညာများနှင့်တတ်သင့်သောကိုယ်ခံပညာများအား သင်ယူရင်းဖြင့်သာ ကြီးပြင်းခဲ့ရသည် ..
သူမအသက် 17နှစ်အရွယ်တွင် သူမ၏ဖခင် ဘုရင် ဟန်ယုမှာ နတ်ရွာစံသွားခဲ့သည် .. ထိုကြောင့်သူမသည် အသက်17နှစ်အရွယ်ကပင် ထီးနန်းအားဆက်ခံခဲ့ရသည် .. သူမထီးနန်းအုပ်စိုးချိန်မှစ၍ ဟန်တိုင်းပြည်မှာပို၍ပင် အေးချမ်းသာယာကာ ချမ်းသာဝပြောခဲ့သည် .. ထို့ကြောင့်လဲသူမ၏ ဂုဏ်သတင်းမှာ တခြားတိုင်းပြည်တွေထိပင် မွှေးပျံ့ခဲ့သည် .. ထိုသို့ကောင်းသောသတင်းများနဲ့ရပ်တည်နိုင်ဖို့ရာ သူအားထုတ်ခဲ့ရသည်မှာလဲ မနည်းလှ .. သူရဲ့ငယ်ရွယ်မှုတွေ ..
မိန်းကလေးတယောက်ရဲ့နူးညံ့ခြင်းတွေ ..
ပင်းပန်း နာကျင်ခဲ့ရခြင်းများမှာ သေလုမျောပါး ..
ထိုပေးဆပ်မှုများနှင့်အတူ သူ၏အေးစက်ပြတ်သားမှုများကြောင့်ပါ တခြားသောတိုင်းပြည်မှ အမျိုးသားဘုရင်များ၏ကြောက်ရွံ့ရိုသေခြင်းကိုရခဲ့ခြင်းဖြစ်သည် ..သူမ၏ကျော်ဇောလှသော သတင်းများထဲမှ လူပြောအများဆုံးနှင့် ကြားရသူအမျိုးသားတိုင်း ရင်နာရသည့်အကြောင်းတရားမှာတော့ ဟန်တိုင်းပြည်၏ဘုရင်မ ဟန်မာရီက ယောကျာ်းသားများအားစိတ်မဝင်စားပဲ လိင်တူအမျိုးသမီးများကိုသာ နှစ်သက်ခြင်းပေ ..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )
Part - 1 [Unicode]
Start from the beginning
![ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]](https://img.wattpad.com/cover/211557276-64-k90226.jpg)