ဟန်တိုင်းပြည်သည် ချမ်းသာကြွယ်ဝသလို ခိုးသူ လုသူ လုံးဝမရှိသည့် တခုတည်းသောနိုင်ငံဖြစ်သည် .. စိုက်ပျိုးရေးနှင့် ကူးလူးရောင်းဝယ်ရေးကိုအဓိကလုပ်ကိုင်ကြကာ တိုင်းပြည်အတွင်းလုံခြုံမှုရှိသည်မှာ ဘယ်အချိန်ထသွားသွား တိုက်ခိုက်သူမရှိစေရပေ .. ထို့ကြောင့်လဲ နယ်လှည့်ရောင်းဝယ်ဖောက်ကားသူများ အများဆုံးရှိတာမို့ အကြီးမားဆုံးဈေးပွဲတော်တည်ရှိသောနိုင်ငံလဲဖြစ်သည် .. ထိုဈေးပွဲတော်တွင် မရသည့်ပစ္စည်းအမျိုးမည်ဆိုတာ မရှိသလောက်ရှားတာမို့ တခြားသောတိုင်းပြည်မှ မင်းမျိုးမင်းနွယ်များကပင် လာရောက်ဝယ်ယူတတ်ကြသည် ..
" အရှင်မင်းကြီး! .. အရှင်မင်းကြီး! "
ပူလောင်စွာတွေးနေလို့မှမဆုံးသေး ရဲမက်တဦး၏ အမောတကြီးပြေးဝင်လာမှုကြောင့် ရင်ထဲထိတ်သွားရသူမှာ ဘုရင်ဖုလုံပင်ဖြစ်သည် .. ကြားရမည့်သတင်းစကားအား အားတင်းလို့နားထောင်ရန် သူ့စိတ်ကိုပြင်ထားလိုက်သည် ..
" ဘယ်လိုဖြစ်လာတာလဲ မောင်မင်း စိတ်ကိုငြိမ်အောင်ထားပီး လျှောက်တင်စမ်း "
" စိုးရွံ့ပါတယ်အရှင်မင်းကြီး ကျွန်တော်မျိုးတို့ရဲ့ တပ်ဟာ အရေးနိမ့်သွားပါတယ်ဘုရား အခု ဟန်တိုင်းပြည်ရဲ့ စစ်သေနာပတိချုပ်နဲ့ တပ်များဟာ ကျွန်တော်မျိုးတို့ နန်းမြို့ရိုးကို ဖြတ်ကျော်ဝင်ရောက်လာပါပီ "
ရဲမက်ရဲ့လျှောက်တင်မှုအပီး ဘုရင်ဖုလုံတယောက် သူစိုးရိမ်နေခဲ့သလိုဖြစ်လာခဲ့ပီဖြစ်၍ ဖင်ထိုင်လျှက် လဲကျမလိုပင်ဖြစ်သွားရသည်.. မကြာပေ ဟန်တိုင်းပြည်၏ စစ်သေနာပတိချုပ်နှင့် တပ်သားအချို့မှာ သူ၏နန်းဆောင်အတွင်းသို့ပင် ဝင်ရောက်လာကြသည် .. နန်းဆောင်အပြင်ဘက်တွင်လဲ တိုက်ခိုက်သံများကဆူညံလို့နေကာ အများအားဖြင့်ကျဆုံးသူများပါ သူ၏တပ်သားများပင်ဖြစ်သည် ..
" ဘုရင်ဖုလုံ အညံ့ခံပါ "
စစ်သေနာပတိ၏စကားသံနှင့်အတူ ရဲမက်တချို့က ဘုရင်ဖုလုံအားချုပ်ကိုင်၍ ဒူးထောက်လျှက် ချုပ်ခြင်းကိုခံလိုက်ရတော့သည်။ .
.
.
.
"အရှင် ကျွန်တော်မျိုးမတို့တပ်များ အနိုင်ရကာ ဘုရင်ဖုလုံအားခေါ်ဆောင်၍ ပြန်လာနေကြပါပီ "
BINABASA MO ANG
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )
Part - 1 [Unicode]
Magsimula sa umpisa
![ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]](https://img.wattpad.com/cover/211557276-64-k90226.jpg)