Part-1(ZC & UC)

13.8K 706 9
                                    

ဖြူလွှလွှသဲသောင် ပြင်ပေါ်မှာ လှပစွာ ဆင်ယင်ထားသော မင်္ဂလာပွဲလေး...
Xiao Zhan တစ်ယောက် Necktieကိုပြန်ပြင်ရင်း မှန်ထဲမှ သူ့ ပုံရိပ်ကို ကြည့်ကာ ကြည်နူးနေမိသည်..
ဒီနေ့ သူ အရမ်းချစ်ရတဲ့ Lei Leiနဲ့ လက်ထပ်ရမယ့်နေ့.
သူ့ဘဝရဲ့ အပျော်ဆုံးနေ့..
နောက် ဆုံးတော့ သူ Lei Leiကို တရားဝင် ပိုင်ဆိုင်ခွင့် ရတော့မယ်..

"Zhan Zhan"

"မား.. Lei Lei အဆင်သင့် ပြင်ပြီလား..ဖြစ်ပြီဆို ပွဲစတော့မယ်လေ"

"Zhan Zhan..Lei Lei မရှိတော့ဘူး "

"မား..မား ဘာပြော လိုက်တယ်"

"Lei Lei လေ Wang Li Han နောက်လိုက်သွားပြီ Zhan Zhan"

"ဘာ.."

Xiao Zhan ကုတ်အကျီင်္ကိုဆွဲချွတ်ကာ ကမ်းခြေဘက် ထွက်ခဲ့ ပြီး ပြင်ဆင်ထားသမျှ အရာတွေကို ဖျက်ဆီးပစ်သည်..

"Lei Lei..မင်းရက်စက်လိုက်တာ..မင်း ငါ့ကို အရှက်ခွဲတယ်.."

......

ကမ်းခြေမှ Hotelတစ်ခု အတွင်း အရက် ပု လင်းကို ချကာ သောက်နေသော လူတစ်ယောက်..
နောက်ဆုံးတော့ သူ ချစ်တဲ့ ကိုကို က မိန်းမတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပြီပေါ့. ကိုကို့ ကို မချစ်တဲ့ မိန်းမကို ကိုကိုက လက်ထပ် တယ်ပေါ့..အဟတ်

"သခင်လေး.."

"ဘာကိစ္စရှိလို့လဲ.."

"သခင်လေး အကို သခင် ကြီး Li Hanက Lei Leiနဲ့ထွက်ပြေးသွားလို့တဲ့"

"ဘာ.."

Wang Yibo အမူးတွေတောင် ပြေသွား သလို ခံစားလိုက်ရသည်.
ကိုကို ဘယ်လိုဖြစ်နေပြီလဲ..သူ အပြေးအလွှား Hotelထဲက ပြေးထွက်ခဲ့သည်..

....

ကိုကို့ကို ရှာနေတာ ကမ်းခြေ တစ်ခုလုံး နှံ့နေပြီ..မတွေ့..မိုးတောင် ချုပ်လာပြီ..စိတ်ညစ်ညစ်နဲ့ ဆံပင်တွေကို ဆွဲဖွ ပြစ်ကာ ရှပ်အကျီင်္ကြယ်သီးတွေကို ဖြုတ်ချ ပစ်ပြီး သဲသောင် ပြင်ပေါ်ထိုင်ချ လိုက်သညိ..

ဘယ်ရောက်နေလဲ ကိုကို...

"တီတီ"

"ပြော.."

"သခင်လေး..Xiao Zhanကိုတွေ့ပါပြီ"

"ဘယ်မှာလဲ"

you are like a Oyster without pearl (Completed )Where stories live. Discover now