Tom loved Jerry 25

Start from the beginning
                                    

ဝမ်ချင် : စားညီမလေး ဒါလေးကောင်းတယ်သိလား
ယန်ယန်း : ဟုတ် မမလည်းစားလေ
ဝမ်ချင် : အင်းပါ ညီမလေးကိုကြည့်ရတာ နည်းနည်းလေးပိန်နေသလိုဘဲနော် များများစား
ယန်ယန်း : အမလေးမလုပ်ပါနဲ့ မမရယ် များများစားလိုက်မှ ညီမလေးကို ဘယ်သူမှ မကြိုက်ဘဲနေလိမ့်မယ်
ဝမ်ချင် : ဘာဖြစ်လဲ မမတစ်ယောက်လုံးရှိတယ်
ယန်ယန်း : ရှင် !!
ဝမ်ချင် : အော် ဟိုဟာလေ မမပြောတာက မမနဲ့
သူငယ်ချင်းလုပ်လို့ရတယ်လို့ပြောတာ
ယန်ယန်း : အော် ဒါပေါ့ ညီမလေးမှာ မမတစ်ယောက်လုံးရှိတယ် အားမငယ်တော့ဘူး စားပြီဘဲ။
ဝမ်ချင်  : အင်း စား၊များများသာစာ ဝလာရင်လည်း မမတာဝန်ထား
ယန်ယန်း : ဟုတ်မမ..............

Yibo :ရှောင်းကျန့်လေး နေ့လည်စာသွားစားမယ်လေ
XZ    : မစားဘူး
Yibo :ဘာလဲ မနက်ကကိစ္စကို စိတ်ကောက်နေတာလား
XZ   :မကောက်ပါဘူး မစားချင်လို့မစားတာ
Yibo :အင်းပါ ဒါဆိုရင် ငါလည်းမစားတော့ဘူး ဒီတိုင်းနေမယ်။ငါ့အခန်းလည်း မပြန်တော့ဘူးကွာ...။
XZ  : ဟာ ဝမ်ရိပေါ် အဲ ကိုကို မင်းငါ့ကို နောက်နေတာလား ၊ငါတကယ်ဗိုက်မဆာလို့မစားတာ
Yibo : မင်းတောင် မဆာတာ ငါလည်းဆာစရာအကြောင်းမှ မရှိတာ
ထိုအချိန်တွင် ဝမ်ချင် ကြားဝင်ရတော့သည်။
ဝမ်ချင်  : ကဲတော်ပါတော့ တစ်ယောက်ကလည်း စိတ်ဆိုးချင်ယောင်ဆောင်တယ် ၊နောက်တစ်ယောက်ကလည်း ချော့တာကို ရိုးရိုးမချော့ဘူး ဆန်းကြယ်နေကြတယ်။သွား မျက်စိနောက်လို့ မြန်မြန်သွားစားကြတော့။ပြန်မလာလေ ကောင်းလေဘဲ
Yibo : တော်စမ်း ငါတို့က နင့်လို နှာဘူးမဟုတ်ဘူး
XZ    : ဟုတ်ပ ပြောပြလိုက် ကိုကို
Yibo. : အင်း ပြောပြလိုက်ပြီ ရှောင်းကျန့်လေး
လာ ကိုကိုတို့နေ့လည်စာ သွားစားစို့
XZ. : ဟုတ်
ဝမ်ချင် သူ့ကို ပြောဆိုပြီး ထွက်သွားကြတဲ့ နှစ်ယောက်ကိုကြည့်ကာ
"ဟင့် လုပ်ထားကြအုန်းပေါ့ နင်တို့လင်မယားတွေ
ငါသာ ရည်းစားရလို့ကတော့ သောက်ရမ်းတွေ ပြန်ရိုပြမယ် ကြည့်နေ...... "

# Han 7
သာသာ update လေးနောက်ကျသွားတယ်
သွေ့ပုချီ ဒါနဲ့ မနက်ဖြန် မင်္ဂလာဆောင်ပြီနော် 😊😊

Tom loved Jerry ( မတည့်အတူနေ)
Part 25
ZAWGYI
XZ  : ဝမ်ရိပေါ် လွှတ်လွှတ် ဒီပုံစံကြီးနဲ့မဝင်ချင်ဘူးလို့ဆိုနေကွာ
Yibo : မင်္ဂလာဘဲဆောင်တော့မှာကိုဘာလို့မဝင်ချင်ရတာလဲ ပြောပါအုန်း
XZ  : မသိဘူးကွာ မဝင်ချင်ဘူး
Yibo : နေအုန်းနေအုန်း ကုမ္ပဏီရှေ့လည်းရောက်ရော ဝမ်ရိပေါ်ဖြစ်သွားတာလား
XZ  : ဟုတ်တယ်လေ အလုပ်မှာတော့ မခေါ်ချင်ဘူး
အလုပ်စည်းကမ်းဆိုတာရှိတယ်လေ၊ ဘယ်လောက်ဘဲ မင်းနဲ့လက်ထပ်မယ်ပြောပြော သူများမျက်စိနောက်အောင်မနေသင့်ဘူးလေ ဟုတ်တယ်မလား
Yibo : မဟုတ်ပါဘူး မင်းကိုဘယ်သူက မျက်စိနောက်ရဲလည်း နောက်ရဲတဲ့သူကို ငါအလုပ်ထုတ်ပစ်မှာ
XZ  : မင်းကလည်း အာဏာကို အလွဲသုံးစားလုပ်မယ်ဆိုတာကြီးဘဲ
Yibo : လာပါ ရှက်မနေနဲ့  ကုမ္ပဏီတစ်ခုလည်းသိနေလောက်ပါပြီ
XZ   : ဟမ်ဘာလို့လဲ
Yibo : မနေ့က ဌာနတွေအားလုံးကို ဖိတ်စာပို့ထားဖို့ ဝမ်ချင်ကို ပြောပြီးသွားပြီလေ
XZ  : ဟာ အကုန်သိသွားပြီလား
Yibo : ဒါပေါ့
XZ  : ဟွန့် မထူးတော့ပါဘူး ၊အကုန်သိသွားမှတော့ ငါတစ်ယောက်ထဲလည်း မဝင်ရဲဘူး ဌာနထိလိုက်ပို့တော့
Yibo : ဒါဆို ကိုကိုလို့ခေါ်
XZ   : ကိုကို
Yibo : အခုမဟုတ်ဘူး ဘယ်နေရာဘဲ ရောက်ရောက် ကိုကိုလို့ခေါ်ခိုင်းတာ
XZ  : ဟာ မခေါ်ချင်ပါဘူးကွာ
Yibo : ဒါဆိုလည်း ကိုယ့်ဘာသာ တစ်ယောက်တည်းသွား လိုက်မပို့ဘူး။မင်းဝင်သွားတာနဲ့ ကုမ္ပဏီမှာရှိတဲ့လူတွေက မင်းကို ဝိုင်းကြည့်ကြမှာ
ဝမ်ရိပေါ် ရှောင်းကျန့်အား ခြိမ်းခြောက်လေတော့ ရှောင်းကျန့် သူမပါဘဲ မဝင်ရဲပေ။
XZ  : ခေါ်မယ်ကွာ လိုက်ပို့တော့
Yibo : အင်း လာ ငါ့လက်ကိုဆွဲထား

Tom loved Jerry (complete)Where stories live. Discover now