"ဟင်...ဟိုကောင်"
ဝမ်ရီပေါ်ကရှောင်းကျန့်ကို မြင်တော့ ကားပေါ်က အိတ်တစ်လုံးကိုယူပြီး လျောက်လာတယ်။
"ဟေး...ညစ်ပတ်အိုး"
"ငါ့နာမည် ညစ်ပတ်အိုးမဟုတ်ဘူး ရှောင်းကျန့်"
"အဟင်း..မင်းကဘယ်ချိန်ကြည့်ကြည့်ညစ်ပတ်နေမှတော့
ညစ်ပတ်အိုးဘဲပေါ့"ရှောင်းကျန့်က နှာတစ်ချက်မှုတ်ပြီး သူ့လက်ကိုကြည့်မိတော့
"ဟင် သွားပြီ... သွားပြီ...ငါ့ရေခဲချောင်းအရည်ပျော်ကုန်ပြီ
အဲ့တာမင်းကြောင့် ""ဟာ..မင်းဘာသာမင်းဖြစ်တာ ငါနဲ့ဘာဆိုင်လို့လဲ"
"မသိဘူး မင်းအလျော်ပြန်ပေးရမယ်"
"ဘာ....အဟင်းကောင်းပြီလေ မင်းတစ်နေ့မှာ
ရေခဲချောင်းနှစ်ချောင်းစားလို့ရတဲ့ ပိုက်ဆံကိုပေးမယ်
မင်းငါနဲ့ကစားပေး.. ဘယ်လိုလဲ""ဘယ်လို...ဘယ်လို.."
"နားလေးနေလား "
"မဟုတ်ပါဘူး မင်းကလဲ ငါကကစားပေးမှာပေါ့"
"ကောင်းပြီ"
ဝမ်ရီပေါ်က သူ့အိတ်ထဲက ပန်းသီးတစ်လုံးကိုထုတ်လိုက်ပြီးတော့ ရှောင်းကျန့်ကိုပေးတယ်။ ရှောင်းကျန့်က ပန်းသီးကိုကိုင်ပြီး ကြောင်တောင်တောင်နဲ့
"အဲ့ပန်းသီးကို မင်းလက်ဖဝါးမှာတင် လက်ကိုဆန့်ပြီး
ဟိုရှေ့မှာရပ်နေလိုက်""အင်း ကောင်းပြီ"
ဘာမှမသိရှာတဲ့ ရှောင်းကျန့်က သူပြောသလိုသွားရပ်နေလိုက်တယ်။
ဝမ်ရီပေါ်က သူ့လက်ထဲက တန့်နစ်ဘောလုံးနဲ့ ရှောင်းကျန့်ရဲ့ပန်းသီးကိုင်ထားတဲ့လက်ကိုပစ်ပေါက်တယ်။
ပန်းသီးမှာမှာမထိဘဲ ဗိုက်မှာထိလိုက်
လက်မှာထိလိုက်နဲ့ တစ်ခါတစ်ခါ မျက်နှာမှာရောဘဲလာထိတယ်။
ရှောင်းကျန့် မျက်ရည်တွေကျပြီး အသံတိတ်အော်ငိုရင်းသာ နာကျည်းစွာကြည့်နေမိတယ်။ ထိုအချိန် အနားက
ဖြတ်သွားတဲ့လူတစ်ယောက်က
YOU ARE READING
မင်းရဲ့ အရုပ် (completed)
Fanfictionဇာတ်ကားတစ်ခုကို yizhanအနေဖြင့် ပြန်ရေးသားခြင်း။
မင်းက ငါ့ရဲ့အရုပ် 2
Start from the beginning