ိခေါင်းဝါရဲ့ အကူအညီမယူချင်ဖူးဆိုမှ ဒုတိယမ္ပိ ထပ်မံပစ်လဲသွားပြန်တယ်...ခေါင်းဝါကလဲ အလွတ်မပေးဘဲသူ့ကိုသေချာလှမ်းဆွဲထားလိုက်သည်...ကျောင်းသားရဲ့ရင်ခွင်ထဲမာ မကျေမနပ် ပြူးတူးပြဲတဲမော့ကြည့်နေရတဲ့
အနေထားဖြစ်သည်..."သေချာလို့လား...ကျနော်သာအချိန်မှီဖမ်းမဆွဲထားရင် ဒဏ်ရာရသွားလောက်တယ်...ဆေးခန်းဘဲသွားရအောင်"
ကျောင်းမာ သူ့အမေနောက်တယောက် တွေ့လိုက်ရသည်...မသွားချင်တဲ့နေရာကိုအတင်းတိုက်တွန်းနေတာလေ...ရှုံ့မဲ့နေတဲ့မျက်နှာကလဲ ရောဂါသည်ကျနော်ကဘဲသူ့ထက်လန်းနိုင်သေးတယ်...
"ဟယ်...ကြည့်စမ်း... Ryo မလား..ချောလက်တာဟယ်"
"လာ...လာ..Cele ကြီးကိုတွေ့ပီဆိုတော့...တို့တွေအစောကြီးလုပ်ထားတဲ့ ထမင်းဘူးသွားပေးရအောင်"
"သူ ကကြယ်ငါးပွင့်အဆင့်ရှိတဲ့ အိမ်ကစားဖိုမူးလက်ရာဘဲစားတာလေ"
"မပူပါနဲ့...Ryo က မာနမကြီးတဲ့ ရုပ်ဖြောင့်တဲ့ သူဌေးသားလေးပါ..မစားလဲအတင်းခွံ့ကျွေးမာပေါ့ ခ်ခ်'"
သူ့ဘေးနားက ဝါဝါကောင်ကိုမြင်တာနဲ့ ကောင်မလေးတသိုက် အပြေးကိုလာတော့တယ်...
"စိတ်ညစ်ပါတယ် ကွာ..."
ဖြူဖွေးတဲ့နဖူးကနေ ချွေးတွေ ထွက်ကာ အလွန်စိတ်ပျက်သွားဟန်တူရဲ့...ဒါကိုအခွင့်ကောင်းယူကာ အသာလေး ကိုယ်ဖော့ လစ်တော့သည်...
"မင်း...နေအုံးလေ...ဆေးခန်းသွားရမယ်လေ"
နေမကောင်းလို့ ဖြူဆုတ်နေတဲ့ ခရမ်းလေးကို စိတ်ပူလို့ အသံပြာအောင်အော်ဟစ်နေသော်လဲ တစတစ ဝိုင်းအုံလာတဲ့ fan တသိုက်ကြားညပ်ကာ ကျန်ခဲ့တော့သည်...
မနဲလှည့်ပတ်ပြောကာ ကောင်လေးကိုရှာပြန်တော့လဲ မြူတွေအုပ်စိုင်းနေတဲ့ နံနက်ခင်းမာ ပျောက်ခြင်းမလှပျောက်သွားတော့သည်....
ရင်ထဲဟာတာတာနဲ့ အတန်းထဲ ဝင်ထိုင်ကာ တိတ်ဆိတ်စွာထိုင်နေလိုက်သည်....ခရမ်းလေး...သက်သာပါ့မလား...ထပ်ပြီးမူးလဲနေရင် ဒုက္ခပါဘဲ...ကျောင်းစတက်တဲ့နေ့မာဘဲ
ရီစားပူမိနေသည့်လူလို အပူလုံးဆို့မိသည်..
YOU ARE READING
တစ္ဆေသတို့သား(တစ္ဆေသတို့သား)
Horrorအချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး!!!!ကြေကွဲဆို့နင့်ဖွယ်ပုံပြင်တပုဒ်ကတော့ ပြင်ဆင်ချိန်မရလိုက်နိုင်ဘဲ စတင်ခဲ့လေပြီ!!! အချိန်တွေသာ နောက်ပြန်ရစ်လို့ရရင် ကာဂိုရှီမားကို သူ ဘယ်တော့မှ ပြောင်းခဲ့မှာမဟုတ်ဘူး...