ဆက်ထိုင်နေရင် အဖြူကောင်ကို အာရုံစိုက်မိနေမှာ စိုးလို့ ထထွက်လာလိုက်သည် ။ ခုတောင် ဘာလို့မှန်းမသိ အတော်လေး စိတ်တိုနေပြီ ။

》》》》》》》》

ညရောက်တော့ ဝိုင့်ဆီ video call ခေါ်လိုက်သည် ။ လိုင်းက မအား ။ နေပါဦး သူက ဒီမှာ ဘယ်သူနဲ့ ပြောစရာရှိလို့လဲ ။
စိတ်ရှုပ်ရှူပ်နဲ့ စောစောစီးစီး ဝင်အိပ်လိုက်သည် ။

အိပ်မက်ထဲမှာ အဖြူကောင်နဲ့ ရန်ဖြစ်နေမိသည် ။

》》》》》》》

"ဝိုင် မင်းမိန်းမရော "

"ဘယ်က မိန်းမလဲ "

"My day က "

"ဘယ်သူပြောလဲ "

"တစ်မေဂျာလုံး ပြောနေတာ ပွတ်လောရိုက်နေပြီ ဒီမှာ "

ဝိုင်က ခွိကနဲ တစ်ချက်ရယ်လိုက်ပြီး မြန်မာပြည်က အခြေအနေကို မေးလိုက်သည် ။

"ဘယ်လိုလဲ မင်းတို့ အခြေအန "

"မင်းပြောသလို ရုပ်တည်ကြီးနဲ့ နေတာပဲ "

"ဘာထူးခြားလဲ "

"အင်း ... အမွှေကောင်လေး ဒီနေ့ နည်းနည်း မှိုင်နေသလားလို့ "

"ငါပြောသလို တခြား သူတွေနဲ့ ရင်းရင်းနှီးနှီးနေပြလား "

"အင်း ငါအစ်ကို မှိုင်း ကို သွားပြီး နှုတ်ဆက်လိုက်တယ် "

မှိုင်း ? ဘယ်က အစ်ကိုလဲ စဉ်းစားနေသည်။
နောက်တော့မှ Final က အစ်ကိုကြီးကို သွားသတိရသည် ။

"သိပြီ Final က မဟုတ်လား "

"အေး ဟုတ်တယ် သူ .. သူ "

"အဲ့တော့ ဘာဆက်ဖြစ်လဲ "

"ထထွက်သွားတယ်ဟ "

"အိုခေ အိုခေ နောက်ရက်တွေ နည်းနည်း စောင့်ကြည့်လိုက်ဦး  ... နောက်ဆုံး mission သေချာလုပ် "

"စိတ်ချ "

ဦး အကြောင်း မေးရင် ကောင်းမလား ? မမေးရင် ကောင်းမလား စဉ်းစားနေသည် ။
မေးလည်း H က သိမည်မထင် ။

"မင်းကိုရော ဟိုလူကြီး ဆက်သွယ်လား "

"No "

"မင်းပြန်လာမှ ချော့မယ်ထင်တယ် "

"မထင်ပါဘူးကွာ ... ခုဆို ပိုတောင် အထင်လွဲနေလောက်ပြီ "

Winner ? Where stories live. Discover now