ခလေးငယ်💗Zawgyi code

Beginne am Anfang
                                    

ညဘက်တွေအိပ်ရေးပျက်တာများပြီး ကြားယောင်နေတာလားဟု ထင်မိသဖြင့် အိမ်ထဲဝင်ရန်ပြင်တော့........

ဟင်....

သူထင်တာမမှားလျှင် အမှိုက်ပုံးအနားက ပလတ်စတစ်အိတ်အဖြူရောင်ကြီးက လှုပ်သွားသလားလို့။

စူးစိုက်ကြည့်နေမှာပင် နောက်တစ်ခါ လှုပ်လာကာ ခလေးရဲ့ ငိုသံများလည်း ပြဲခနဲထွက်လာသည်။

စိုးရိမ်မှုကြောင့် သူအလျင်အမြန်ပင် ထိုအထုတ်အားဖြေကြည့်တော့........

ပလတ်စတစ်အိတ်အဖြူရောင်ထဲတွင်ရှိနေသော ပန်းခြင်းတစ်ခု။
ထိုပန်းခြင်းထဲတွင် အဝတ်ဖြူလေးနှင့် ပတ်ထားခံရသော ခလေးငယ်လေး။

ဘယ်သူ့ကများ..ခလေးကို ဒီလို။

မဆိုင်းမတွပင် ငိုနေသော ခလေးငယ်အား သူချီပွေ့လိုက်လေတော့......

တိကနဲ အငိုတိတ်သွားသော ခလေးငယ်။

ငိုသံတိတ်သွားသဖြင့် သေချာကြည့်မိတော့....

သူ့အား မျက်လုံးတောက်တောက်လေးများနှင့် ကြည့်နေသော ခလေးလေး။

ကြယ်တွေ လင်းလက်နေသလားပင် ထင်ရလောက်အောင် တောက်ပလွန်းသော မျက်ဝန်းများက ငိုထားသဖြင့် အရောင်တလက်လက်နှင့်။

"အယ်~~"
ခေါင်းလေးစောင်းပြီး အယ်~ဟု အသံပြုကာ လက်မလေးကို စုတ်ပြီး သူ့အားပြန်ကြည့်နေသော ခလေးငယ်။

အလွန်ပင် ချစ်စဖွယ်ကောင်းသော ခလေးလေးကြောင့် Yoongiရဲ့မျက်နှာထက်တွင် အပြုံးပန်းတို့ပွင့် လန်းလာသည်။

Yoongiရယ်တာကိုတွေ့လို့ထင် နှုတ်ခမ်းဖူးလေးက ကော့တက်လာကာ တခစ်ခစ်ရယ်လာပြီး......
ခုနက ပါးစပ်လေးထဲထည့်ထားသဖြင့် သွားရည်များရွှဲနေသော လက်နှင့် Yoongiမျက်နှာအား တစ်ဖက်ဖက်ရိုက်ကာ ရယ်လာသော ခလေးငယ်။

အသန့်ကြိုက်သော Yoongiသည် ခလေးငယ်ရဲ့ ထိုလက်ကိုမူ ရွံရှာစရာလို့ မမှတ်ယူမိပါဘဲ...ချစ်စဖွယ်ကောင်းလွန်းသဖြင့် အပြုံးတို့သာ မွေးဖွားနေသည်။

Yoongiတစ်ခါပြုံးတိုင်း ခလေးငယ်က အယ်~ဟု အသံတစ်ခါပြုကာ တခ်ခ်ရယ်လေသည်။

ခလေးငယ် (completed)Wo Geschichten leben. Entdecke jetzt