ပြီးမှဘေးကိုကြည့်လိုက်တော့ ဝမ်ရိပေါ်လန့်ပင်သွားသည် တစ်ဖျတ်ဖျတ်ရိုက်ကူးနေသော သူ၏Fansလေးတွေ
လက်လေးကာကာ မရိုက်ဖို့ပြောတော့လည်း စကားနားထောင်ကြသည်

တစ်ကယ့်Fansစစ်စစ်ဆိုတာလေ ကိုယ့်Idolချစ်တဲ့သူကို ချစ်ပေးရသလို ကိုယ့်Idolက သူချစ်ရတဲ့သူကြောင့်ပျော်နေရရင်လည်း အတူလိုက်ပျော်ပေးရတာပါပဲနော် အခုလည်း ရှောင်းကျန့်လေးက ဝမ်ရိပေါ်ကိုဘယ်လောက်ထိချစ်လည်း သူတို့မြင်ပြီးပြီမို့ သဘောမတူစရာမရှိတော့ပေ
ငိုတာတော့ ငိုရအုံးမှာပဲ 😢

ဝမ်ရိပေါ် ကိုကို့ခါးလေးကိုဖက်ပြီး ကားပေါ်ကိုအမြန်လာလိုက်သည် အိမ်အမြန်ပြန်ပြီး ကိုကို့ကိုနမ်းချင်နေသည် နှုတ်ခမ်းချိုချိုလေးကိုမနမ်းရတာကြာပြီမလား

"တိတိလေး မျက်လုံးပိတ်'

"ဟင်ကိုကို ဘာလို့လဲ'

"မှိတ်ပါဆို'

ဝမ်ရိပေါ်မြန်မြန်မှိတ်လိုက်ရသည် မဟုတ်ရင်စိတ်ဆိုးနေတော့မှာ

"ဖွင့်လို့ရပြီ ဖွင့်ကြည့်တော့'

"Wow ကိုကို' ကိုကိုက ဒူးထောက်ကာ လက်တစ်ဖက်က လက်စွပ်ကိုကိုင်ထားရင်း

"Will you marry me,တိတိလေး?'

"Omg ကိုကိုရယ်' ဝမ်ရိပေါ်အသဲမာသောသူပင်လင် မျက်ရည်များကျမိတော့သည်

"လက်ထပ်ခွင့်တောင်းတာက တိတိလေးတောင်းရမှာပါ'

"ကိုကို တိတိလေးနဲ့မခွဲနိုင်တော့ဘူး လက်ထပ်ခွင့်ပေးပါတော့'

"Yes ကိုကို Infinity Yes'

ကိုကိုကလက်ကိုဆွဲကိုင်ကာ လက်သူကြွယ်မျာ လက်ထပ်လက်စွပ်လေးဝတ်ပေးတော့
ကိုကို့ကို ဆွဲထူလိုက်ရင်း ဝမ်ရိပေါ် ကိုကို့အနမ်းတွေကို ဆာလောင်မွတ်သိပ်စွာ စုတ်ယူစားသုံးလိုက်သည် ကိုကိုကလည်း အတူညီညာစွာနမ်းနေသည်မို့ အိမ်တစ်အိမ်လုံး အနမ်းသံများနှင့်ပြည့်နှက်နေသည် အသက်ရှုများပင်မဝတော့

ရှောင်းကျန့်လက်ကလေးနဲ့အသာအယာတွန်းဖယ်ရင်း

"နောက်တစ်လအတွင်းမဂ်လာဆောင်ကြမယ်နော် ကိုကိုအားလုံးပြင်ပြီးသား တိတိလေးက ကိုကို့နောက်လိုက်ခဲ့ဖို့ပဲလိုတယ်'

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now