.
"သား…အက်ဒမန်…နေဦး.."
အခန်းထောင့်မှာ ချထားတဲ့ ဖိနပ်ကို သူ့ဟာသူ ၀တ်နေတော့ စံလေး ပြောလိုက်တာ မော့ကြည့်ပြီး လက်က ဆက်၀တ်နေပြန်သည်..။
အခုချိန် သူ့အဖေ ဆီရောက်သွားရင်  ရေမချိုး အ၀တ်မလဲ မိုးချုပ်မှ ခေါ်လို့ရမှာ သိနေသည်…။
ကလေး တစ်ယောက် သဘောကျလောက်စရာ ဘာမှမရှိတဲ့ အခန်းကျဉ်းလေးထဲမှာပဲ သားက ပျေ်ာနေတာ ခက်သည်..။
"မန်မန်…ရေချိုးပြီးမှ သွားရမယ်…"
"ရဘု.."
"လုပ်ပြန်ပြီ ဒီဘူး…ငါ ပြောလိုက်တိုင်း နင်ဘာလို့ အမြဲ ငြင်းနေတာလည်း…ဟမ်…ငါ က နင့်အမေဟဲ့…"
"ဖဲ့ဖဲ့ မှ သွမယ်.."
"မသွားရဘူး..ရေအရင်ချိုးရမယ်…ပြီးရင် မယ့်လိုက်ပို့မယ်…"
"ချို့ဘု.."
"ကျစ်.."
စံလေး လက်ထဲက သမီးကို ပုခက်ထဲ ထည့်လိုက်ခါ ဖိနပ်နှစ်ဖက်ကို  ဘယ်ညာမှားစီးထားတဲ့ သားဆီကို ရောက်သွားသည်..။
အကျီ င်္ ချွတ်လိုက်တော့ ကဆုန်ပေါက် အော်ငိုတော့သည်..။
သမီးကတော့ သူ့အစ်ကို တစ်ခါ အော်ငို တစ်ခါ လန့်နေရတာ ခုတော့ နေသားကျသွားလို့ လက်ထဲက အရုပ်ပျော့လေးကိုပဲ ဆော့နေတော့သည်.။
သား  ငိုနေလို့ ချော့ရင်လည်း ရမှာ မဟုတ်သလို လျော့ပေးရင်လည်း ပိုဆိုးလာဦးမည်..။
"အီး….အီး…."
စံလေး ကိုယ်မှာ ကပ် မ ချီခါ ရေချိုးခန်းဆီကို ခေါ်လာတော့လည်း ပြောင်းဆန်နေအောင် ငိုပြန်သည်.။
"ချိုဘု…အီး….တေပပီ…တေပပီ…"
ရေချိုးခန်း တံခါးပိတ်ခါ မျက်နှာသစ်ပေးလိုက်တော့ ငိုရင်း အပြင်ထွက်လို့ရအောင် အော်ဟစ်ညီးတွားနေတာကြောင့် ရယ်မိတော့သည်..။
"လူလည်လေး….မယ့်က ဘာလုပ်လို့လည်း…"
"တေပပီ.."
"ဟား..ဟား…ရေချိုးလို့ မသေပါဘူးဟယ်…..ဒီမှာ ကြည့် မယ့်ကို ကြည့်စမ်း…."
"အီး…"
မျက်နှာကို လက်နဲ့ကွယ်ပြီး မော့ကြည့်တော့ စံလေး ပြုံးပြလိုက်ခါ
"သားသား ရေချိုးပြီး အကျီ င်္ သစ်သစ် ၀တ်ပြီး မှ ဖဲ့ဖဲ့ဆီ လိုက်ပို့ပေးမယ်နော်…ဖဲ့ဖဲ့ က ပိုချစ်မယ်လေ…နော်…လိမ်မာတယ်မလား…မလိမ်မာရင် ဖေား က မချစ်ဘူးတဲ့လေ….ဟင်…လိမ်မာလား.."
"အီး…."
စံလေး ချော့ပြောရင်း ရေချိုးပေးနေရတာ ချိုးစလောက် မသောင်းကျန်းတော့ပေမဲ့ ငိုနေဆဲပါပဲ…။
ရေသုတ်၀တ်နဲ့ ပတ်ပြီး အခန်းထဲ ပြန်ခေါ်သွားခါ အ၀တ်အစား လဲပေးဖို့ ပြင်ဆင်ရသည်..။
"မန်မန့် ကျီကျီ.."
"အဲဒါ လျှော်ဖို့ သားရဲ့…"
"ရဘု…ရဘု…"
အ၀တ်အစား အများကြီးထဲကမှ သူကြိုက်တဲ့ အနီရောင် နဲ့ ကာတွန်းရုပ်လေး ပါတဲ့ အကျီ င်္ ကိုချည်း အမြဲ ၀တ်ချင်နေတာ ခက်သည်..။
တခြားအကျီ င်္ ၀တ်ရပြီဆို အက်ဒမန်တို့ တော်လှန်ပုန်ကန် ငိုယို ဆန္ဒပြတာ အနည်းဆုံး ဆယ့်ငါးမိနစ်လောက်ကြာသည်..။
အခုလည်း ဖွက်ထားတဲ့ ခြင်းထဲက အ၀တ်တွေ အကုန်သွန်ချပြီး အနီရောင်ကို ရအောင်ယူသည်..။
အမေ ၀တ်မပေးမှာ ကြိုသိနေတော့ သူ့ဟာသူ ခေါင်းထိုး၀တ်နေပြီ..။
"အော့….အော့…နမ်းကြည့်စမ်း…မွှေးလား…ရွံစရာကြီး…ဒီမှာ သစ်သစ်လေး…တီတီလေး ၀ယ်ပေးတာ မွှေးကြည့်စမ်း…"
စံလေး လက်ထဲက အကျီ င်္ခေါက်လေးကို နမ်းခိုင်းမိတာ ရုတ်တရက် ကျောပေးပြီး သူ့လက်ထဲက အကျီင်္ ကိုပဲ ၀တ်ဖို့ကြိုးစားနေသည်…။
"ဟော…"
"အ….အီး…အီး…."
"ရှိတော့ဘူး.."
လက်ထဲ အ၀တ်ကို ဆတ်ခနဲ့ ဆွဲယူပြီး ခုံအောက် ပစ်ထည့်လိုက်တော့ လိုက်ရှာရင်း ငိုတော့သည်..။
လက်ကို အတင်းထိုးထည့် မြန်မြန် ၀တ်ပေးတာတောင် ပြန်ချွတ်ဖို့ ရုန်းကန်ရင်း နောက်ဆုံးတော့ အကျီ င်္ ၀တ်ခြင်း မက်ရှင် တစ်ခု ပြီးသွားသည်..။
"လာ…ခေါင်းဖြီးပြီး…သွားမယ်..နင့် အဖေ ဆီမှာပဲနေ…သလား…"
စံလေး ကို စိတ်မ၀င်စား မသိနားမလည်သေးတဲ့ သားကို ပွစိပွစိ ပြောဆိုရင်း ခေါင်းဖြီးသေးသေးလေးနဲ့ ဖြီးပေးလိုက်သည်..။
သမီးကို ကောက်ချီလိုက်ခါ သားကို လက်ဆွဲပြီး မီးဖိုချောင်ဘက်ကပဲ ဆင်းခဲ့ရသည်..။
အခုကျတော့ မပြေးပဲ အမေ့လက်ကို ကိုင်ရင်း ခပ်ဖြည်းဖြည်းပဲ လျှောက်ပြန်သည်.။
"ဖဲ့ဖဲ့…"
"ဟော…ဟာ.."
"မိုက်တယ်ကွာ…"
"ဟီဟီ…."
သားကို ကောက်ချီပြီး ပါးကို ဖိကပ်နမ်းတော့ ဖေချစ်သားကလည်း ရယ်ပြီး သူ့အဖေ မျက်နှာကို ပြန်ကိုင်ထားသည်..။
"ဟော…ဒိုဒိုလေး လည်း လိုက်လာတယ်…"
စံလေး လက်ထဲက သမီးကို တွေ့သွားတော့ ကွပ်ပျစ်ပေါ် ချပေးလိုက်ရတော့သည်..။
မချပေးရင်လည်း အနားကို ရောက်လာပြီး တောင်းချီမှာလေ…။
"စံ…"
"…….."
သားကို ပိုက်ထားရင်း သမီးကို ငုံ့ကြည့်ခါ ခေါ်တော့ ပြန်မထူးပေမဲ့ လှည့်ကြည့်မိသည်..။
"သမီးက သိပ်မထွားသလိုပဲ…"
" နေကောင်းနေတာပဲ…"
"ညဆို ဘာလို့ငိုတာလည်း…လေထိုးတာဆိုရင် ဒီလောက် မကြာသင့်ဘူး..နို့မထွက်လို့လား.."
"အိုး…"
စံလေး မျက်နှာရဲသွားခါ ရှက်တာနဲ့ မနေတက်ဖြစ်ခြင်းတို့ ကြီးစိုး၍ အကြည့်လည်းလွဲလိုက်ရသည်..။
"ဒီလို ငိုနေတာ မကောင်းဘူး..ခုအရွယ်က ဖွံဖြိုးမှု ရှိရမယ်လေ…ဆေးတွေ ဘာတွေ တိုက်ရမယ်…ညဆို ဘာဖြစ်လို့ ငိုတာလည်း..သိရအောင် …ကလေးကို မမငွေနဲ့ ဆေးခန်းသွားပြပါလား နော်…နော်…."
"နေကောင်းပါတယ်ဆို……သိပ်မထွားတာက သမီးက နို့လည်း သိပ်မသောက်ဘူး…"
"ဒါဆို ပါးစပ်ထဲ ဘာဖြစ်လို့လည်းမှ မသိတာ…သွားလိုက်နော်..များယ်…"
"အေးပါ…"
"ပိုက်ဆံ လိုရင် ငါ့ဆီက ယူလေ…"
"မလိုဘူး.."
စံလေး ငေါက်စပ်စပ် ပြောပြီး သမီးကို ကောက်ချီခါ ပြန်လာခဲ့လိုက်သည်..။
ပိုက်ဆံလိုရင်တဲ့လား…ငါရောက်ကတည်းက ဒေါ်လေး နဲ့ မမ ပဲ အားလုံး အကုန်ကျခံနေရတာလေ..။
နင်က အခုမှ စဉ်းစားမိတာလား..။
.
"အနိုင်.."
"ဟင်…"
"အိမ်မှာ လာအိပ်ပါလား…"
"ဘာဖြစ်လို့လည်း.."
"သမီး မအိပ်တာ နှစ်ရက်ရှိပြီ…ငါလည်း အမျိုးမျိုး သိပ်ပါတယ်…မရဘူး.."
"မနေ့က ဆေးခန်းသွားတယ်မလား..ဘာပြောလည်း.."
"လေဆေး ပေးလိုက်တယ်…ဘာမှ မဖြစ်ဘူးတဲ့လေ..ဒါပေမဲ့ သမီး ညပိုင်း ငိုရင် ငါ ရူးချင်တယ်…"
"ဟင်း…ငါ..ဘယ်အချိန်လာခဲ့ရမှာလည်း…လူကြီးတွေ သိသွားရင်…နင် စိတ်ညစ်နေရမယ်…"
"ဖွားဖွားကတော့ ပြောလို့ရပါတယ်…ဒေါ်လေးက…"
"အင်း…ညပိုင်းလာခဲ့မယ်နော်.…"
သားကို ခေါ်ပြီး ပြန်လာတော့ သားက လှည့်ကြည့်ရင်း တာ့တာ လုပ်ပြနေသေးသည်..။
မနက်ဆို သွားဖို့ ငိုပေမဲ့ အပြန်ကျရင်တော့ ဒီအချိန်ပြန်ရမယ်ဆိုတာ သိနေတော့ ကောင်းကောင်းမွန်မွန်ပဲ ပြန်လိုက်လာသည်..။
အိမ်ပေါ်ရောက်တာနဲ့ ဒေါ်လေးကို တစ်ချက်ကြည့်ပြီး ဖွားဖွားကိုသာ လိုက်ရှာမိသည်..။
"ဖွားဖွားရေး.."
"သြော်…ပြန်လာပြီလား…ကြည့်စမ်း…ချွေးတလုံး တလုံး နဲ့ ကလေးကို ဒီလောက် ဆော့ခိုင်းစရာလား…မိစံရယ်…ကလေး ကို ချွေးသုတ် အ၀တ်လဲပေးလိုက်ဦး…နေမကောင်းဖြစ်မယ်.."
"ဟုတ်ကဲ့…"
သားက ခုန်ပေါက်ပြီး အနားကိုရောက်သွားပေမဲ့ ဒေါ်လေးရဲ့ စကားတွေကြောင့် နားမလည်သေ်ာလည်း မျက်နှာလေး ပြောင်းသွားသည်..။
စံလေး လက်ပြခေါ်လိုက်တော့ အနားရောက်လာပြီး  အ၀တ်ချွတ်ဖို့ လက်ကလေး မြှောက်ပေးသည်..။
"မန်မန်…ဒီမှာဆော့နေနော်…မယ့် ဖွားဖွား ဆီကို သွားလိုက်ဦးမယ်.."
"….."
ခေါင်းညိတ်ပြီး ပုံဆွဲလက်စကို လျှောက်ခြစ်ဆွဲနေတော့ စံလေး စိတ်မချပေမဲ့ အပေါ်ကို တက်သွားရသည်..။
ဖွားဖွားက အ၀တ်ဘီဒိုရှေ့မှာ အလုပ်ရှုပ်နေတော့ စံလေး အနားမှာ ထိုင်ချလိုက်သည်..။
"သြော်…မြေး…ဘာဖြစ်လို့လည်း..ကလေး.."
"ဟို…ဟိုလေ…"
"ကလေး တစ်ခုခု ဖြစ်လို့လား.."
"ဟုတ်…အဲ..မဟုတ်ဘူး..ဖွားဖွား…သမီးလေး က ညဆို လေထိုးလို့ အရမ်းငိုတယ်…"
"အင်း…ဖွားဖွားလည်း ကြားတယ်…ညနက်ပိုင်း အောက်မဆင်းချင်တော့လို့ ဆင်းမလာရတာပါ…သမီးလေး ပင်ပန်းနေပြီလား.."
"စံ က အိပ်ရေးပျက်တယ်..ပင်ပန်းတယ်ဆိုပေမဲ့ သမီးလေး ကို စိတ်ပူလို့ပါ…"
ဖွားဖွား က ခေါင်းတညိတ်ညိတ်ဖြင့် အကျီ င်္ ခေါက်လက်စကို ချလိုက်ခါ စံလေး ကို ငေးကြည့်သည်..။
"ဆေးခန်း ပြလား.."
"ဟုတ်…ဆေးတိုက်လည်း ငိုတာပါပဲ…ဒါပေမဲ့…"
"ပြောလေ…ကလေး…"
"သူ့အဖေ ချီလျှောက်ရင်တော့ အိပ်သွားတယ်…"
"သြေ်ာ….ဟုတ်မယ်….ဒီကောင်လေးက ကလေး နဲ့ ပတ်သပ်ရင် စိတ်ရှည်တယ်…"
"ဟုတ်…အဲဒါ….သူ လာကြည့်ပေးဖို့ ဖွားဖွား ခွင့်ပြုရင်.."
"အိုး..ဖွားဖွား ပြောထားသားပဲ သမီးတို့ မိသားစု ကိစ္စ ဖွားဖွားတို့က ဘေးလူလေ….ကလေးတွေ အဆင်ပြေရင် သမီး အဆင်ပြေရင် ဖွားဖွားတို့လည်း ၀မ်းသာရတယ်.."
"ဒါပေမဲ့ ဒေါ်လေး…"
"ဟင်း…ဒီကောင်မလေး ကလည်း သမီးကို သိပ်သံယောဇဉ် ရှိတယ်…သမီးကို သိပ်ကောင်းစားစေချင်ရှာတာ….မင်္ဂလာ ကိစ္စစီစဉ်တော့ သူအများကြီး တောင်းဆိုထားတာလေ….ပျက်သွားတော့ သူ့ခမျာ စိတ်မကောင်းဖြစ်တယ်..စိတ်လည်း ဆိုးတာပေါ့..ဖူးစာဆိုတာ ကိုယ်လုပ်လို့မှ မရတာပဲ….အခုချိန်ထိ သူ့တူမကို နှမြောနေတုန်းပဲ..နားလည်ပေးလိုက်ပါ…သူ တကယ်မုန်းပြီး ရန်စောင်နေတာတော့ မဟုတ်ပါဘူး…"
"စံလေး…နားလည်ပါတယ်…ဒါပေမဲ့ စံလေး ခေါ်လိုက်ရင် ဒေါ်လေး ခံစားနေရမှာ စိုးလို့ပါ…"
"ဖွားဖွား ပြောပေးပါမယ်…အင်း ထိပ်တိုက်တော့ မတွေ့စေနဲ့ပေါ့…သမီးဒေါ်လေးငယ်က စိတ်ကို ရှေ့တန်းတင်လွန်းတယ်….သူ့ကို လည်း နားလည်အောင် ပြောပြရမယ်…တစ်ဖက် က သည်းခံရင်တောင် ပတ်၀န်းကျင် အမြင်မှာ မကောင်းဘူး….ကောင်လေးကလည်း နေတက် စားတက်လေးပါ…ဖွားဖွားကတော့ လူမမယ်လေးတွေရဲ့ ရှေ့ရေးကို တွေးရင် သမီးတို့ မိသားစုလေး ကို ပျော်ရွှင်စေချင်တယ်…"
"စံလေး လည်း သိပါတယ်….ဒါပေမဲ့….သူနဲ့ လိုက်သွားရမယ်…ဒေါ်လေး စိတ်ဆိုးမယ် ဆိုရင် မခံစား နိုင်ဘူး…ဒေါ်လေး က စံလေးကို အရမ်းချစ်တာသိပါတယ်…"
"သျှောင်နောက်ဆထုံးပါ ဆိုတာ ထုံးစံပဲလေ…နှစ်ဖက် မိဘတွေနဲ့ နေရစားရတာထက် ကိုယ်ပိုင်နေရာလေးက ပိုပြီး စိတ်ချမ်းသာရပါတယ်…တစ်စုံတစ်ခု ဖြစ်ရင်တောင် ငါ့မိဘ ငါ့ဆွေမျိုး နဲ့ ယောင်္ကျား ဆိုတဲ့ သူစိမ်းကြား ကိုယ်ကပဲ စိတ်ညစ်ရတယ်…အခု သမီး စိတ်ညစ်နေရပြီမလား…ဒါတောင် ကောင်လေးက အတော်လေး သံယောဇဉ်ရှိလို့ သည်းခံနေလို့သာပေါ့…သမီးကကော ကလေးတွေရဲ့ အဖေ ဆိုပြီး သံယောဇဉ် ကြိုးတန်းလေးတောင် မရှိဘူးလား…ဟင်…"
"စံလေး…စံလေး….မသိတော့ပါဘူး.."
"မသိတာ မဟုတ်ပါဘူး..မသိချင်ယောင်ဆောင်နေတာ….သမီး စိတ်ထဲက ခံစားချက်တွေကို သိမှ ဖွားဖွား ကအကြံပေးလို့ရမှာပေါ့…"
"သူ….စံလေး ကို အတင်းအဓမ္မ  သိမ်းပိုက်ထားတာလေ….သားကို မွေးပြီးတဲ့ အထိ ခါးခါးသီးသီး မုန်းတယ်…နောက်ပိုင်း စံလေး လေ…သူ့ကို ခံစားစေချင်တာနဲ့ သားကို သူ့သား မဟုတ်ဘူးလို့ ပြောခဲ့မိတယ်…ဖွားဖွားရယ်.."
"အိုး…"
"သူ သွေးပျက်လောက်အောင် ပြောင်းဆန်ခဲ့တယ်…လူမမယ် ကလေးကို ရန်လုပ်တာ အရူး တစ်ယောက်လိုပဲ….ဒါပေမဲ့ သမီးလေးကို ကိုယ်၀န်ရှိတော့ ပြန်ပြောင်းလဲသွားတယ်…သားကို သူ့သား မဟုတ်ဘူးဆိုတဲ့အသိ ရှိတာတောင် အရမ်းချစ်တယ်…စံလေး ကိုလည်း အရမ်းချစ်တယ်ဆိုတာ တဖြည်းဖြည်း ခံစားမိလာပါတယ်…သားကို မွေးဖွားခါနီးတုန်းက မိဘတွေကို တောင့်တ မိပေမဲ့ သမီိးကို ကိုယ်၀န်ဆောင်တုန်းကကျတော့ သူ့ကိုပဲ တောင့်တနေမိတယ်…အဲဒါကြောင့် ဆေးရုံ သွားရတယ်…စျေးဘက်တွေကို သွားရတယ်….အခွင့်အရေး ရှိလာတာတောင် သူ့ဆီကနေ ထွက်မပြေးချင်တော့ဘူး….ဒါပေမဲ့ သမီးကို မွေးပြီး တစ်လကျော်အထိ ပြန်မလာတဲ့သူ့ကို စိတ်နာတယ်….မိန်းမ တစ်ယောက်နဲ့ သွားတာ သိတော့ မခံစားနိုင်ဘူး…အဲဒါကြောင့် သူ့ကို အယုတ်တမာ ဖြစ်အောင် လုပ်ကြံ ပိုပြောခဲ့ပြီး အိမ်ပြန်လို့ ရအောင် ကြိုးစားခဲ့မိတယ်…."
"ဟင်း….ကိုယ်က ပြတ်တောင် ကလေးလေးတွေက မပြတ်ဘူး…."
"ဟုတ်ပါတယ်…ဒါပေမဲ့…သူ ပြန်မလာနိုင်တာ ဆေးရုံ တက်နေရလို့ပါ….သေလုမြောပါး ဒဏ်ရာရပြီး ဆေးရုံပေါ်မှာ မေ့မျောနေခဲ့တာတဲ့လေ…"
"ဟေ….ဒါကို သမီး က မသိခဲ့ဘူးလား.."
ဖွားဖွားက မျက်လုံးပြူးရင်း အံသြခါ မေးခွန်းမေးတော့ စံလေး ခေါင်းကို ခပ်လေးလေး ညိတ်ပြလိုက်ရသည်..။
"ကလေးသေးသေးနဲ့ စိတ်ပူနေမှာ စိုးလို့ မပြောခဲ့တာပါတဲ့…စံလေး အမှားတွေ လုပ်ခဲ့မိတာ သိတော့ အကုန်နောက်ကျသွားပြီ…အခုတော့ သူ့ကို အားနာ သနားတဲ့ စိတ်ပဲ ရှိတယ် ဖွားဖွားရယ်…ဘယ်လို ဆုံးဖြတ်ရမလည်း မသိတော့ဘူး…"
"ဟင်း…ဘ၀က ထင်တာထက် ပိုရှည်တက်တယ်….အထူးသဖြင့် ခက်ခဲလေ ကြာရှည်လေပဲ…တကယ်လို့ ပြတ်ပြတ်သားသား ရှင်းလိုက်ရင် ကလေး နှစ်ယောက်နဲ့ ဘယ်လို ရှေ့ဆက်မလည်း စဉ်းစားပြီးပြီလား…ဖွားဖွားတို့ မကျွေးမွေးနိုင်လို့ ပြောတာ မဟုတ်ဘူးနော်…စား၀တ်နေရေးလောက်ကိုပဲ တာ၀န်ယူနိုင်တာပါ…ကလေးတွေရဲ့ ရှေ့ရေး အနာဂတ်တွေကျတော့ သမီးပဲ အဖေ သမီးပဲ အမေ ဖြစ်ရမှာလေ…ဖွားဖွားကတော့ သမီး ဒုက္ခများမယ် ပဲ တွေးမိတယ်…လသားကလေး အရွယ်လေးတောင် သမီး တစ်ယောက်တည်း မထိန်းတက်သေးဘူး..တစ်အိမ်လုံး အလိုလိုက်ခံထားရတဲ့ သမီးက ရုတ်တရက် ကလေး နှစ်ယောက် အမေ ဖြစ်သွားချိန် အခက်အခဲတွေ အများကြီး ရင်ဆိုင်ရဦးမယ်… ကလေးတွေကို တစ်ယောက်ထဲ ပြုစု စောင့်ရှောက်ဖို့ဆိုရင် ရှေ့လျှောက် အများကြီး သန်မာဖို့လိုအပ်တယ်…မိဘတွေ အဒေါ်တွေ အရမ်းအလိုလိုက်ခံထားရတဲ့ သမီးက အဲလောက် မသန်မာဘူး.."
"ဟင့်…"
စံလေး ငိုတော့ ဖွားဖွားက ခေါင်းကို ပုတ်ရင်း အားပေးနှစ်သိမ့်ပေးနေတော့ ပိုလို့ ငိုချင်လာသည်..။
မေမေ တို့နဲ့ ဖုန်းပြောတိုင်းလည်း အနိုင့်ကို ဘာဖြစ်လို့ လက်ခံထားလည်း ဆိုတာမျိုး ပါနေတက်တာ စိတ်ညစ်ရသည်..။
တချို့ အမျိုးတွေဆို နှုတ်ခမ်းမဲ့ ခါ မခေါ်မပြော စိတ်ဆိုးနေကြပြီလေ…။
သူတို့ က လူမိုက်လုပ်ပြီး စံလေး ဘက်က ၀င်နာမိတာ မှားတယ်တဲ့..။
လင်မယားကြား ၀င်မိတာ ကိုယ်ပဲ အပြစ်…အမှတ်မရှိတဲ့ ဟာမ က အခုတော့ သူ့ယောင်္ကျားကို ပြန်ပေါင်းချင်နေပြီ ဆိုတာမျိုးတွေ…။
မကြားတကြား တစ်မျိုး…ပတ်၀န်းကျင်ကနေ တစ်မျိုး ကြားနေရတော့ စိတ်ညစ်လွန်းလို့ ဘာလုပ်ရမှန်း မသိအောင်ပါပဲ..။
"ဟဲ့…မိစံ…နင့်သား…မွှေနေပြီ…"
စံလေး အပေါ်ရောက်နေတာကို မသိပဲ ဒေါ်လေးက အော်တော့ ကပျာကယာ ဆင်းပြေးလာခဲ့ရသည်..။
သားကို ကြည့်လိုက်တော့ မျက်နှာ တစ်ခုလုံးပေကျံနေတာမို့ အနားကို မျက်လုံးပြူးရင်း ရောက်သွားသည်..။
"ဘာ..ဘာတွေလုပ်တာလည်း…သား…ဟစမ်း…"
"……."
"အိုး…ခဲတံတွေ….ဒါတွေက စားစရာလား…နင် စားစရာလား…."
"အီး…."
"တွေးစမ်း…ထုတ်စမ်း…"
ဒေါ်လေးက ကိုရီးယား ရုပ်ရှင်လာတဲ့ အချိန်ဆို ရေတောင် ထမသောက်တက်သူမို့ သား ကို ထမကြည့်တာ နားလည်ပါသည်..။
စံလေး အတွက်ဆို အရာရာ ကောင်းပေမဲ့ သားနဲ့ သမီးဆိုရင် အနိုင့်သွေး ပါတယ်ဆိုပြီး နည်းနည်း ငြူစူချင်သည်..။
အခုတော့ စာအုပ်မှာ ရောင်စုံခြယ်တဲ့ ခဲတံလေးတွေကို ကိုက်စားနေတာမို့ ရင်ပူရင်း ပါးစပ်ထဲကို နှိုက်ထုတ်ရသည်..။
"စားစရာလား…စားစရာလား…ဟမ်.."
"ချာဘု..အီး…"
သားက သူ့ပါးစပ်ကို နှိုက်ထုတ်နေတဲ့စံလေးလက်ကို တွန်းပစ်ပြီး ငိုရင်း ပြောပေမဲ့ မယုံလို့ ပါးစပ်ကို ဆွဲဟခါ ငုံ့ကြည့်မိသည်..။
"ထ….လာ….ငါ တကယ် စိတ်ညစ်တယ်….ဘာဖြစ်လို့ ငါချည်းပဲ…"
သားကို ခါးပေါ်တင်ချီပြီး ရေချိုးခန်းကို ခေါ်ခဲ့ခါ မျက်နှာသစ်ပေး၍ ထမင်းနဲ့ ငါးဟင်းထည့်ခါ သားကို ညစာ ထမင်းကျွေးဖို့ ပြင်ရသည်..။
"မန်မန်…ချား.."
"……."
"မရဘူး..နင် စားရင် အားလုံး ဖိတ်ကုန်တယ်…လာ..လာ..မယ့်ကျွေးမယ်နော်…သားလေးက လိမ်မာတယ်…စားနော်…"
"အီး…အီး…ပေ…ပေ…"
သူစားနေကျ ဇွန်းကို လက်နဲ့ဆုပ်ကိုင်ခါ ထမင်းပန်းကန်ကို ဆွဲလုပြီး ပြောနေတော့ စိတ်တိုလို့ မပေးပဲ ယူထားလိုက်သည်..။
ခုနောက်ပိုင်း မိစူးကိုလည်း ခိုင်းခွင့်မရတော့လို့ စံလေး တစ်ယောက်တည်း ကလေး နှစ်ယောက်အလုပ်လုပ်နေရတာ စိတ်လည်းညစ် ငိုလည်း ငိုချင်သည်..။
သမီးက ငြိမ်နေတုန်းမို့ ထမင်းမြန်မြန် ခွံပေးတာကို လက်သင့်မခံပါဘူး…။
သူ စားပြီး ဖိတ်စင်ခဲ့တာတွေကို လိုက်မသိမ်းရင် ကလေး နှစ်ယောက် တစ်ချိန်လုံးနေတဲ့ အခန်းထဲ ပုရွက်ဆိတ်လာမှာလည်း ကြောက်ရသည်..။
သန့်ရှင်းရေး အစအဆုံး လိုက်လုပ်ပေးရတာလည်း ပင်ပန်းလွန်းသည်..။
ကိုယ့်လက်နဲ့ ကိုယ်စားတာကို ဘေးအိမ်က ကလေးအမေမှာ အားကျနေပေမဲ့ စံလေးကတော့ လိုက်သိမ်းရတဲ့ အလုပ်ရှုပ်စရာတွေမရှိပဲ မြန်မြန် ခွံပေးလို့ရတာပဲ ကြိုက်သည်..။
"လိမ်မာတယ်…ဟ…"
"……"
"ဟဲ့…"
ဇွန်းကို ခပ်ပြီး ပါးစပ်ထဲ ထည့်နေတာ တစ်၀က်က ကြမ်းပြင်ပေါ် ဖိတ်ကျကုန်သည်မို့ လိုက်ကောက်ရတော့သည်..။
"ဟင်း…လုပ်…လုပ်…စိတ်ချမ်းသာသလိုသာ နေတော့…"
"စံ…စံ…"
"ဟင်…"
ပြတင်းပေါက်ကို ထဖွင့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဆရာသမား ကယ်တင်ရှင်က ရောက်နေပြီ..။
စိတ်ထဲ အတော်လေး ချမ်းသာသွားခါ အားကိုးရသူ တစ်ယောက်ကို တွေ့ရသလို ပြုံးပြ ကြိုဆိုမိသည်..။
"လာလေ…တက်လာ…"
"ဒေါ်လေး…"
"တီဗွီကြည့်နေတယ်….ကျစ်…လာစမ်းပါဟယ်…မြန်မြန်…"
စံလေး စိတ်မရှည်လို့ အခန်းထဲက ထွက်ပြီး မီးဖိုချောင် တံခါး၀မှာ ရပ်စောင့်နေလိုက်သည်..။
ဖိနပ်ချွတ်နေတဲ့ ဒင်းကို လက်ဆွဲပြီး အတင်းအဓမ္မ ခပ်မြန်မြန် ခေါ်ခဲ့ရသည်..။
"ဟာ.."
သားကိုကြည့်ပြီး စံလေး ကို လှမ်းကြည့်တော့ အားပျက်တဲ့ မျက်နှာ အမူအယာကို တွေ့ပြီး ပြုံးခါ ပခုံးပုတ်ပေးသည်..။
"အခင်းကော.."
"ဘာ အခင်းလည်း.."
"ဘာဖြစ်ဖြစ်ပေါ့…"
"ဒါရလား.."
"အင်း.."
ပျဉ်စိုမှာ စိုးလို့ ခင်းထားတဲ့ ပလက်စတစ် အစကို ယူပေးလိုက်တော့ ခေါင်းညိတ်ယူပြီး သေချာ ခင်းခါ နေရာချနေသည်..။
"ကောင်းလား..သား.."
"ဖဲ့ဖဲ့…ချား.."
"အင်း…အင်း….မန်မန် စား…ငါးဟင်းလား…ကောင်းတယ်မလား.."
"နား..တောင်းဘု.."
"ဟား…ဟား…ဒီမှာ စားနော်…"
သားကို ချီပြီး ပလတ်စတစ်ခင်းထားတဲ့ အပေါ်ကို တင်ပေးလိုက်ခါ နေရာချတော့ ဖိတ်စင်သမျှ ကြမ်းပြင်ပေါ် ရောက်မလာတော့ဘူးလေ..။
ညဏ်ကြီးရှင်ရယ်…ဘာဖြစ်လို့များ ခုမှ ရောက်လာတာလည်း..။
ကိုယ့်မှာတော့ ခါးချည့်အောင် သန့်ရှင်းရေးလုပ်ရတာမို့ သားကို ကိုယ့်လက်နဲ့ စားတက်အောင် အကျင့်လုပ်တဲ့ ဒင်းကိုတောင် စိတ်တိုမိသေးသည်..။
သား ထမင်းပန်းကန်ကို ဇွန်းနဲ့ လိုက်သိမ်းပေးရင်း ခပ်စားတက်အောင် စိတ်ရှည်လက်ရှည် သင်ပေးနေတဲ့ သူ့ကို ငေးရင်း မထင်ထားပဲ အလိုလို ပြုံးမိသွားသည်..။
ဟူး…ဖွားဖွား ပြောသလိုပါပဲ….ကလေး နှစ်ယောက်ရဲ့ တာ၀န်က များလွန်းပြီး ငါ လည်း မနိုင်ဘူး…တစ်ခါတလေ…နင့်ကို ငါ တကယ်လိုအပ်တာပါ..အနိုင်ရယ်…။

❃.✮:▹ ⋇⋆✦⋆⋇ ︵‿︵‿୨♡୧‿︵‿︵⋇⋆✦⋆⋇ ◃:✮.❃

ယောင်ပြီးတင်တာ ဟုတ်ဘူး အတည်တင်တာပါ 😁
နေပူပူနဲ့ စိတ်ညစ်ရရင် တောင်းပန်ပါတယ်ချင့် 🙏
မင်းစားမို့ စာပြန်မစစ်တော့ဘူးနော် 🙏
စပိုက်ကာ စိတ်ချမ်းသာအောင် မရေးတက်တော့ပါဘူး 😭
ဒီလိုပဲ မျောမှာပါပဲလေ 😭😭😭😭😭

အနိုင်ဆိုသိပ်တဲ့ သီချင်းလေး နားထောင်ချင်ရင်

https://m.facebook.com/story.php?story_fbid=813922628804694&id=431811203682507

အချစ်ညရင်ခုန်သံ Cover by Pyae Gyi ပါရှင့် 😍

အချိန်သေချာယူပြီး မရေးနိုင်လို့ အဆက်မမိရင် ခွင့်လွှတ်ကြပါနော် 🙏
မကျွမ်းကျင်တဲ့ နေရာဒေသအကြောင်းတွေ ပါလာတာမို့
အမှားအယွင်း အပိုအလိုလေး တွေ ဖြစ်ခဲ့ရင် ခွင့်လွှတ်ကြပါနော်🙏🙏

အရေးအသား မကောင်းလည်း ဖတ်ပေးကြတာ အားနာပါတယ်❤

ကျေးဇူးလည်း အထူးတင်ပါတယ်နော် ❤💪📒

Love u all ❤
#စပိုက်ကာ

လှိုင်းလိုလူOnde as histórias ganham vida. Descobre agora