"အား ဦးမင်းဓန ရူးနေလား
ဘာလို့ အကျယ်ကြီးပြောနေတာလဲ
ဦးလေးဇော်နဲ့ ဒေါ်ကြီးနုဘေးမှာရှိတယ် "

"ဘာဖြစ်လဲ အမှန်တရားတွေကို
အခုမဟုတ်လည်း နောက်သိလာမှာပဲ
မဟုတ်ဘူးလား ဦးဇော် "

အား ပြောလေကဲလေပဲ ဘေးနားကလူကိုတောင်
ပြန်မေးလိုက်သေးတယ် ဦးလေးဇော်တို့ကလည်း ပြုံးစိစိနဲ့ အကုန်သိနေကြသလိုပဲ ရှက်လိုက်တာ
ရှက်လိုက်တာ

"ဒါဆို ခတ်အားတယ်ပေါ့
ကိုယ်တစ်နေရာခေါ်သွားမလို့ "

"ဘယ်လဲ "

"ကိုယ့် daddy နဲ့ mommy ဆီလေ
သူတို့ကို ချွေးမလောင်းလေးနဲ့ မိတ်ဆက်ပေးမလို့"

"အား ဦးမင်းဓန ပြောပြန်ပြီ "

ဒီတစ်ခါတော့ မျက်နှာကြီးပါနီကုန်ပြီ
အား မရတော့ဘူး ရှက်လိုက်တာ

"ကဲပါ မစတော့ဘူး အတည်လက်ထပ်ယူပြီးမှ
ပြန်ပြောတော့မယ် အခုတော့ သွားရအောင်
ဟုတ်ပြီလား "

"မပြောဘူးဆိုပြီး လက်ထပ်တာက ပါလာသေးတယ် ရယ်မနေနဲ့ ရုပ်ကိုက "

ပြောဆိုပြီးထွက်သွားသည် အိမ်ထဲမှာတော့
ကျွန်တော်ရယ် ဦးဇော်ရယ် ဒေါ်ကြီးနုရယ်
သုံးယောက်လုံးလည်း ရယ်နေကြတာပေါ့
ငယ်မရှိတာကလွဲပြီး အားလုံးအရင်တိုင်းပါပဲ

"ဦးဇော် ခတ်နဲ့ပဲသွားတော့မယ်
အိမ်မှာပဲနေခဲ့လိုက်တော့ "

"ဟုတ်ပြီ လူလေး "

စံအိမ်ကနေ မင်းဓနတို့်ကားထွက်သွားတော့
နောက်ထပ်ကားနက်ကြီးတစ်စီးလာရပ်သည်
ကားပေါ်က လူဆင်းလာတော့မှ

"ကလေးငယ် သျှင်မင်းငယ်
နုရေ လာပါဦး ဘယ်သူလဲလို့ လာကြည့်ပါဦး "

ကျွန်တော်ကားပေါ်ကဆင်းလာတော့ ဝမ်းသာအားရ ပြေးလာသော ဦးလေးကြီး
ပြီးတော့အထဲကနေထွက်လာသော ကြီးနု

"သားငယ်လေး !!"

အထဲကနေပြေးထွက်လာပြီး ကျွန်တော့်ကို ထွေးပွေ့ထားသည်

"ဦးလေးကြီး ကြီးနု လွမ်းနေတာ "

"အပိုတွေ လွမ်းတယ်လည်းပြောသေးတယ်
ထွက်သွားကတည်းက တစ်ချက်လေးတောင် မလာဘူး တစ်ပတ်လုံးအဆက်အသွယ်ကိုပျက်"

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now