"သား မထသေးဘူးလား သျှားမင်းပိုင် "

အပြင်ကနေနိုးနေတာမရလို့ အခန်းထဲထိ လာနိုးသော ချစ်မေမေကြီး

"နောက်ထပ်နာရီဝက်ဆိုထမယ် မေမေရာ
မနေ့ညက အိပ်ရေးပျက်လို့ "

"ပျက်မှာပေါ့ မအိပ်ပဲ ဂိမ်းဆော့နေတာကို "

"မဆော့ပါဘူး ဒီတိုင်းအိပ်မရတာ ဒါကြောင့် နောက်ထပ် နာရီဝက်ပဲနော် နာရီဝက်ပြီးရင်
သားထခဲ့မယ် ပြီးတော့ မေမေကြော်တဲ့ ကြက်ဥထမင်းကြော်လေးစားချင်တာ
သားအတွက်လုပ်ထားပေး နာရီဝက်နေရင် ထခဲ့မယ် နော် နော် နော် "

သျှားမင်းပိုင်တို့ဒီလိုချွဲလိုက်ရင် မေမေလည်း မလွန်ဆန်နိုင်ဘူး

"ဆိုတော့ကာ မေမေနိုးနေတာကို
သားက မထဘူးပေါ့ "

"......"

"ပြီးတာပဲ မှူး ကိုခေါ်လိုက်မယ်
မထနဲ့"

တစ်ခွန်းထဲပြောပြီး ပြန်ထွက်သွားသည်
ဘာတဲ့ မှူးကိုခေါ်လိုက်မယ် မထနဲ့တဲ့
မေမေတို့ကတော့ ကျွန်တော်အကြောက်ဆုံး လက်နက်နဲ့ခြောက်သွားပြီ

မှူးတဲ့ နာမည်လေးကတစ်လုံးတည်း
ဘယ်လောက်ကဗျာဆန်လိုက်လဲ
ကျွန်တော်တို့အိမ်ဘေးကပ်ရပ်ကကောင်လေးပါ
ခင်မင်မှုကလည်း အခုမှမဟုတ်ဘူးနော်
လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းကပါ
ပြောရရင် ကျွန်တော် ၄ တန်းလောက်ကတည်းက
မှူး နဲ့ အိမ်ချင်းကပ်ရပ် ကျောင်းအတူတူ အတန်းတူတူပါ နေတာကြာလာတော့ မိဘအချင်းချင်းတောင် မောင်နှမတွေလိုဖြစ်နေပြီ
ပြီးတော့ မှူးကလည်း တစ်ဦးတည်းသောသား
ဒါပေမယ့် မှူးဖေဖေကတော့ မရှိတော့ဘူး
ကျွန်တော်တို့ ၇တန်းလောက်မှာ ဆုံးသွားတာ
မှူးမေမေက အရမ်းတော်တယ် အိမ်ထောင်ဦးစီး မရှိတော့ပေမယ့် မှူးကိုလူတောတိုးနိုင်အောင် သူကြိုးစားနိုင်တယ် မျက်နှာမငယ်စေရဘူး
ပြီးတော့ မှူးကိုလည်း ကျွန်တော့်လက်ထဲမှာပဲ စိတ်ချတယ် ဒါကြောင့် မှူးအကြောင်းကို အတွင်းကျကျသိတာ မှူးမေမေပြီးရင် ကျွန်တော်ပါ သက်တူရွယ်တူဆိုပေမယ့် ကျွန်တော့်ညီငယ်လေးလိုပဲ ကုန်ကုန်ပြောရရင်
ကျွန်တော်တို့နှစ်ယောက်ကြားသံယောဇဉ်က သူငယ်ချင်းထက်ကိုပိုတယ် ညီအကိုလိုမျိုးပေါ့
ပြီးတော့ ညီအကိုထက်ပိုတဲ့ သံယောဇဉ်လည်း ရှိရင်ရှိနေနိုင်တယ် မမြင်ရတဲ့ ကြိုးတွေပေါ့

မှူး ❤Where stories live. Discover now