Chapter-1

61.6K 2.4K 99
                                    

"ဆုလာဘ်ရေ ဆုလာဘ်လေးရေ"

ခြံဝကနေ အရှေ့မကြည့်အနောက်မကြည့်နဲ့
အော်နေသည့်အသံက လက်ထဲကအဝတ်ကို
အလျင်မြန်ချမိ စေတဲ့အထိပဲ။ဒီနေ့အိမ်တွင်း
အခြေအနေမကောင်းလို့ အတတ်နိုင်ဆုံး
တိတ်တိတ်ဆိတ်ဆိတ်ပဲ နေချင်ပါတယ်ဆို
မေမီက အိမ်လာရင်ဆူဆူညံညံ လုပ်လိုက်
ရမှ။

"ငါဒီမှာမေမီ အိမ်ဘေးကိုလာခဲ့"

"ဟဲ့ ဆုလာဘ် နင်ဘာလုပ်နေတာလဲ ငါ
ဒီလောက်ဖုန်းဆက်နေတာဘာလို့မကိုင်လဲ"

ရေတစ်ဝက်လောက်ရောက်နေသည့်
တိုင်ဂီထဲကနေ ရေတွေခပ်ထည့်ရကာ
အဝတ်တွေကိုနှစ်ကြိမ်မြောက်ပြန်ဆေးရင်း
မေမီကိုပြန်မမော့ကြည့်နိုင်။

"ဖုန်းက အိမ်ထဲမှာငါအသံပိတ်ထားမိလား
မသိဘူး။ခဏစောင့် ငါဒါလေးလျှော်ပြီး
လှန်းလိုက်အုံးမယ် နေ့လည်ဘက်နေကပူ
နဲ့ဘယ်သွားမလို့လဲ ငါ့ဆီပဲလာတာလား။
ရည်မွန်ရော မခေါ်လာဘူးလား"

"အဲ့ကမ ရေခဲတုံးမကိုဘယ်တုန်းက
သင်တန်းသွားတဲ့အချိန်ကလွဲအပြင်ခေါ်လို့
ရလို့လဲ သိသိရင်းနဲ့လာမေးနေတယ်။ငါ့ဘဝ
သူငယ်ချင်းလေးနှစ်ယောက် ရှိပါတယ်
တစ်ယောက်ကအိမ်တွင်းပုန်းမ တစ်ယောက်
ကလည်း အပြင်တစ်ခါအဖော်ခေါ်ဖို့အရေး
ပင့်နေရတယ်။အခုလမ်းထိပ် အအေးဆိုင်
မှာ ကြံရည်သွားသောက်မလို့ အိမ်ကပါဆယ်
မှာလိုက်သေးတယ်။အဲ့တာနင်လိုက်ခဲ့
ပေးနော် ငါဝယ်တိုက်မှာ"

"အေးပါဟာ ခဏလေးပဲစောင့်"

လက်ထဲကအဝတ်ကို ရေညှစ်ရင်းပြုံးပြတာ
တောင် မယ်မင်းကြီးမ မျက်နှာကြောက
လျော့မသွား။ဟုတ်တော့လဲဟုတ်တာပဲ
သူငယ်ချင်းသုံးယောက်ရှိတာ ရည်မွန်နဲ့က
မိန်းကလေးချင်းမို့ ဟိုဟိုဒီဒီသွားချင်တာ
တောင် အိမ်တွင်းပုန်းကိုအဖော်ခေါ်မရတော့
ကျွန်တော့်ကိုပဲစာကလေးမခမျာ လာလာခေါ်
နေရသည်။ဆယ်တန်းစာမေးပွဲကြီးဖြေပြီးထား
လို့ အိမ်မှာအားနေတာမဟုတ် တနေ့တနေ့
အဖေအလုပ်မသွားခင် မနက်စောစောထမင်း
ထချက် အိမ်မှာပုံနေတဲ့အဝတ်တွေလျှော်
တနေကုန် အငယ်လေးကိုထိန်းနဲ့ အားရ
တယ်လို့မရှိပါဘူး။သူငယ်ချင်းတွေ နွေရာသီ
ကျောင်းပိတ်ရက်မှာကွန်ပြူတာ သင်တန်း
တက်နေကြပေမဲ့ အဖေ့လုပ်အားခက
အငယ်လေးမူကြိုစရိတ်နဲ့KGစတက်ဖို့စုနေ
ရတာနဲ့ အိမ်စရိတ်နဲ့တင် မကာမိတော့
မပြောရက်တော့ပါ။

Reward[Him From Final Year]Where stories live. Discover now