Episode(3)[Z+U]

658 57 2
                                    

လူတိုင်းက ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရင် အသားကုန်ခြစ်ပီး အော်ရမှ အနဲငယ်အကြောက်ပြေသွားတယ်လို့ တွေးတတ်တယ်

မျက်တွင်းဟောက်ပက်နဲ့ မျက်လုံးကအတွင်းကို ချိုင့်ဝင်နေသည်။ ဖြူဆုတ်နေပြီးသွေးမရှိတဲ့မျက်နှာ နှုတ်ခမ်းသားတွေမပေါ်အောင်ဖြူဆုတ်တဲ့နှုတ်ခမ်းတွေက သူ့သွေးတွေပြောင်းပြန်စီးဆင်းသွားသလို ခံစားရသည်။

ခေါင်းက တပတ်လည်လာတဲ့အချိန်မှာ ပြေးဖို့ပြင်မယ်ပြင်တော့နောက်ကျသွားချေပြီ။ အရုပ်ဆိုးတဲ့သရဲမသည် ခြေတလှမ်းမှမရွေ့နိုင်အောင် ပြုစားလိုက်ပြီ။

အားပါးတရအော်မယ်ကြံသော်လဲ အာစေးထည့်ထားသလို လည်ချောင်းထဲမှာတင်ပျောက်သွားသည်

ချမ်းအေးလှတဲ့ဆောင်းတွင်းထဲ ချွေးတဒီးဒီကြအောင် ထွက်ပြေးဖို့ကြိုးစားသောလဲ နေရာမာဘဲ တောင့်တောင့်ကြီးလှုပ်မရဘဲ ဘီလူးစီးသလိုမျိုးဖြစ်နေသည်။

သူ့ဖြစ်အင်ကို ထိုမိန်းကလေးရဲ့ မျက်ဆံပြူးပြူးတွေက ကျေနပ်အားရစွာ ကြည့်နေသည်။

ခါးလောက်ရှည်တဲ့ သရဲမရဲ့ ဆံပင်တွေက ရှည်ထွက်လာပီး မြွေတကောင်လို သူ့အားလာရစ်ပတ်သည်။ ဆံပင်ရဲ့အဖျားက ကြမ်းတမ်းပြီးအားသန်လွန်းသည် ကြောက်လွန်းလို့ ထွက်ပြေးချင်ပေမဲ့ အခုချိန်မာ ဆံပင်မွှေးတောင်လှုပ်မရနိုင်တဲ့ အနေထားဖြစ်သည်။

"အား!!!!!!!!!

လည်ပင်းကိုဆံပင်တွေနဲ့ ရစ်ပတ်ပြီး တရစ်ရစ်တင်းလာသည် အရမ်းမွန်းကြပ်လာပီး ခံရခက်လာတယ်

လေရှူလို့မရတော့ ရင်ဘတ်တွေက ပေါက်ကွဲထွက် မတတ်တင်းကြပ်လာသည် မျက်လုံးတွေ ပြာဝေလာပြီး အသိစိတ်တွေ လွတ်ကုန်ပီး မိုက်ခနဲ ဖြစ်သွားချိန်မာ ထူးဆန်းစွာဘဲ လည်ပင်းကိုပတ်ထားတဲ့ ဆံပင်တွေမရှိတော့သလို မျက်လုံးဖွင့်ကြည့်တော့ သရဲမက အစအနရှာမရအောင် ပျောက်သွားသည် မှောင်မဲပြီးပျက်စီးနေတဲ့အနုပညာခန်းမာ သူတယောက်ထဲသာ ကျန်ခဲ့သည်။

လည်ပင်းက အရမ်းနာကျင်လာပီး ချောင်းအဆက်မပြတ်ဆိုးလာသည်။

ို သူ့နောက်ကနေ အက်ရှရှ ယောက်ကျားသံကို တိတ်ဆိတ်နေတဲ့ ကျောင်းခန်းမှာ မသဲမကွဲ ကြားလက်ရသည်။

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now