Chapter 1

6K 671 7
                                    

Scroll Down For Unicode

ဒီဇာတ်​လမ်းဟာ မြို့ပြ​တွေနဲ့​ဝေးတဲ့ မြို့ငယ်​​လေးတစ်​ခုက​နေစတယ်​။ ​မြို့ပြ​တွေလို ကားလမ်းရှုပ်​​ထွေးခြင်းမရှိသည့်​အပြင်​ ကားသွားကားလာရှားသည့်​ မြို့ငယ်​​​လေးဖြစ်​တာ​ကြောင့်​ ​အေးချမ်းသာယာတယ်​။ ​လေရဟတ်​​တွေက ​လေညှင်း​တွေကို ​မျှော်​​နေကြတယ်​။ ငှက်​တို့က အုပ်​စုလိုက်​ ပျံ့ဝဲ​နေကြတယ်​။ တိမ်​​တွေက​တော့ ဟိုတစ်​စ ဒီတစ်​စ။ ပန်းပင်​​လေးများစိုက်​ထားသည့်​ အိမ်​ခြံဝန်း​လေးဆီမှ ပန်းရနံ့များက ​လေထဲတွင်​ ​ပြေးလွှားလို့။ ထိုခြံဝန်း​လေးထဲတွင်
မကျဉ်းမကျယ်လုံးချင်းအိမ်​​လေးရှိ​နေတယ်​။ အိမ်​​လေးရဲ့ ၀င်​၀င်​ချင်း ဧည့်​ခန်းတွင်​​တော့ ကြမ်းပြင်​​ပေါ်ခင်းထား​သော ကူရှင်​​လေး​တွေ​ပေါ် ထိုင်​​နေတဲ့ လူကြီး​တွေရှိ​နေတယ်​။ စားပွဲပု​လေး​ပေါ်မှ လက်​ဖက်​ရည်​ခွက်​က​လေးများမှာ အ​ငွေ့တလူလူဖြင့်​။
စကားဝိုင်း​လေးက​တော့ ရယ်​သံ​တွေနဲ့ စို​ပြေ​နေတယ်​။

" ဒါနဲ့ ​ရှောင်​​မေ သမီး​မောင်​​လေး ပါလာတယ်​ဆို "

" ဟုတ်​တယ်​ ပါးပါးရဲ့ သူက ရှုခင်း​တွေ ဓာတ်​ပုံရိုက်​ချင်​တယ်​ဆိုပြီး ထွက်​သွားတယ်​ "

" ​အော်​ ​အေး​ပေါ့ လူငယ်​အရွယ်​ဆို​တော့လည်း လွတ်​လွတ်​လပ်​လပ်​ ​နေချင်​မှာ​ပေါ့ "

အသက်​ ၆၀ ​ကျော်​​နေပြီဖြစ်​တဲ့ ​ယောက္ခမဖြစ်​သူ စကား​ကြောင့်​ ​ရှောင်​​မေဟာ ​ခေါင်းငြိမ့်​ကာ ရယ်​ပြန်​တယ်​။

လှေကားမှ ဆင်းလာတဲ့ ​ခြေ​ထောက်​​သေး​သေး​လေး​တွေကို မြင်​​တော့ အဘိုးဖြစ်​သူက လှမ်း​ခေါ်တယ်​။

" ရိ​ပေါ် ​မြေး​လေး လာပါအုန်း "

အဘိုးဖြစ်​သူ၏ စကားကို သူလစ်​လျူရှုရင်း 
သူ ထွက်​လာမိသည်​။ ၁၄ နှစ်​အရွယ်​ ရိ​ပေါ်မျက်​နှာမှာ ​သွေးစို့​နေတဲ့ ဒဏ်​ရာ​လေး​တွေ ရှိ​နေတယ်​.....။ သူ ဘယ်​သူနဲ့မှ စကားမ​ပြောချင်​ပါ။

ဧည့်​ခန်းမှာ ကျန်​​နေခဲ့သည့်​ သူ့ရဲ့ အဖိုးနှင့်​ အတူ သူ့ဦး​လေး လင်​မယားက​တော့ ထွက်​သွား​သော ရိ​ပေါ်ကိုသာ
ြွကည့်​ရင်း ကျန်​ခဲ့​လေတယ်​။

H e l i a n t h u s [ Completed ]Where stories live. Discover now