~~ဟမ့်! ငါဟိုအမျိုးသမီးဇာတ်လိုက်ကိုရှင်းပီးတဲ့အထိသာစောင့်နေ။ ပီးတာနဲ့ ဒီဘာမဟုတ်တဲ့ကုမ္ပဏီကနေထွက်ပစ်မယ်!~
လီဖန်သည် မျောက်ဝံ၏အသံကြီးကြောင့် သူ့အတွေးထဲမှ ရုတ်တရပ်ဆွဲထုတ်ခံလိုက်ရသည်။
“ဒါတွေကို မင်းကိုယ်တိုင်လုပ်ထားတာ သေချာလား?!”
မျောက်ဝံသည် သူ့အားမယုံကြည်သလိုကြည့်လာသည်။ သူသည် လီဖန်ဆီမှခေါင်းတစ်ချက်ညိမ့်ပြလိုက်သည်ကို သည်တွေ့လိုက်သည်။
တန်လင်း (မျောက်ဝံ၏နာမည်)သည် တုန်လှုပ်သွားသည်။ ဘာကြောင့်ဆို သူစကားပြောနေသည့်သူသည် မည်သူနည်း? တစ်ခြားသူလည်းမဟုတ်သည့် သူတို့အဖွဲ့၏တွင်းနက်ကြီးလေ။ နားလည်အောင်ပြောရရင် သူကအလုပ်လေးတစ်ခုကိုတောင်မှ သေချာမလုပ်နိုင်သည့်သူပင်! ဒါပေမယ့် သူအခုမြင်နေရတာကဘာလဲ? ဖိုင်ထဲရှိအကြောင်းအရာအစကနေအဆုံးထိသည် သေသပ်စွာစီစဉ်ထားပီး စာလုံးဆိုဒ်လဲမှန်နေကာ ဘာအမှားတစ်ခုမှမရှိပေ။ စာလုံးခြားသည့်နေရာ၌ပင် အမှားမရှိ။ စပိန်ဘာသာအား ​သေချာကျွမ်းကျင်သည့်သူတောင်မှ ဒီလိုရလဒ်မျိုးထွက်အောင်မလုပ်နိုင်ပေ။ ဒါအပြင် သူဒီဖိုင်အားပေးလိုက်တာ လွန်ခဲ့သည့်၂နာရီကမှလေ!
ဒီကောင် ဘယ်တုန်းက စပိန်ဘာသာစကားကို ငါ့ထက်ပိုတတ်သွားရတာလဲ?!
လီဖန်သည် နုံအအလိုသာရပ်နေပီး သူ့အလုပ်အားတစ်ရွက်ချင်းစီကြည့်ကာ မယုံနိုင်ဖြစ်နေသည့်မျောက်ဝံ၏မျက်နှာအားကြည့်နေလိုက်ပီး သူသည်ရုတ်တရပ်ပြောလိုက်သည်။
“ခေါင်းဆောင် ကျွန်တော်နှစ်စဉ်ခွင့်ကိုယူလို့ရမလား?”
တန်လင်းသည်ခေါင်းကိုချက်ချင်းမော့ကြည့်လာပီးလီဖန်ကိုမေးလိုက်သည်။
“ရုတ်တရပ်ကြီးဘာလို့လဲ?”
လီဖန်သည်ထိုမေးခွန်းအတွက်အဖြေအားကြိုပြင်လာသည့်အတွက် ချက်ချင်းပြန်ဖြေလိုက်သည်။
“ကျွန်တော်ဆေးကုသဖို့ကိစ္စရှိလို့။ အချိန်နည်းနည်းကြာလိမ့်မယ်….” သူ့အသံသည်တစ်ဖြည်းဖြည်းတိုးသွားပီး နောက်တော့တိတ်သွားသည်။
တန်လင်းသည် သူ့အားခေါင်းစခြေဆုံးကြည့်ပီး လှောင်လိုက်သည်။
“အင်းလေ ဒီလိုဖြစ်လာမယ်ဆိုတာကိုထင်ပီးသားပါ။ မင်းကိုယ်လုံးကိုကြည့်လိုက်တာနဲ့ကို အနည်းဆုံးတော့ ရောဂါတစ်ခုခုရှိမှန်းက ​သေချာပေါက်ပြောနိုင်ကြမှာပဲ! ကောင်းပီလေ! ဘယ်နှစ်ရက်နဲ့ ဘယ်နေ့ယူမှာလဲ?”