"အလျော်ပေးမှာပါ ဘယ်သူမှလည်း အကြွေးမထားဘူး ဒါပေမယ့် ခင်ဗျားအင်္ကျီက
အတုဆိုရင် ဘယ်လိုလုပ်မလဲ "

"ဘာ !! "

"Mr.Di , are you ok
Why are you angry ??
What did he say ?? "

"ဘာပြောပြောပေါ့ အမနဲ့ဆိုင်လို့လား  ဘာလို့အတင်းလိုက်မေးနေတာလည်း "

"Mr.Di ,what did he say looking at me??? "

"သျှင်မင်းဆက် လေရှည်မနေနဲ့
လျော်မှာဖြင့်လျော်ပေးလိုက်တော့ "

ကြားထဲက ကျွန်တော်ဝင်ပြောလိုက်သည်
ဟုတ်တယ် စိတ်မရှည်တော့ဘူး
ခဏနေ ထသတ်တော့မယ် နှစ်ယောက်သား
အခုမှပြန်တွေ့တာလေးကို ဟိုဘက်ကလည်း
ဘယ်လိုဖြစ်လာလဲမသိ ဒီဘက်ကလည်း မလျော့

"အခုက အဲလောက်ထိမပါဘူး
ခင်ဗျားကဒ်ပေးထား အိမ်ရောက်တာနဲ့ ချက်ချင်းလွှဲပေးမယ် ဟုတ်ပြီလား "

"ရော့ ကိုယ့်ရဲ့ကဒ် သေချာမှတ်သွား
ပြီးတော့ မလိမ့်တပတ် လုပ်ဖို့မစဉ်းစားနဲ့
လုပ်လို့ကတော့ golden construction
ထိလိုက်လာမယ် ကြားလား သျှင်မင်းဆက် "

"ကြားတယ် !! သွားမယ် လာခဲ့ ခတ်တ္တရာ "

အမယ် ဘေးနားက သူ့သူငယ်ချင်းကို ဆွဲပြီးထွက်သွားသည် စိတ်တိုသွားတယ်ပေါ့
အသည်းယားလိုက်တာနော်

မနေ့တစ်နေ့ကမှပြန်ရောက်တာပါ
ရောက်ရောက်ချင်း အပြေးတွေ့ချင်မိပေမယ့်
အလုပ်ကိစ္စကြောင့် မတွေ့ဖြစ်ခဲ့တာ
ဒီနေ့လည်းတွေ့မယ်လို့ မထင်ထားမိပါဘူး
ဟော တွေ့ပြန်တော့လည်း ကြွေရုပ်တို့က ရိုးရာမပျက် အအေးနဲ့ ပက်တယ်

ကျွန်တော့်ကိုတွေ့တော့ အံသြမှင်သက်သွားတဲ့ ပုံလေးက အသည်းယားစဖွယ်  ဘာမှမပြောင်းလဲသော ကလေးလေး
အကုန်လုံး လွန်ခဲ့တဲ့တစ်နှစ်ကအတိုင်းလေးပဲ
စွာတာလေးကစ မပြောင်းလဲသွားဘူး

မြင်မြင်ချင်းရင်ခွင်ထဲထည့်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားချင်ပေမယ့်
နည်းနည်းတော့ အကျပ်ကိုင်ရဦးမယ် ဒီကလေးလေးကို

"Mr. Di , what did he say ??
Why are you smile ??

တွေးနေတဲ့အတွေးလေး ဘေးနာက investment Foreigner လေးမေးကာမှ
ပျက်သွားသည်

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now