ကျွန်တော်မေးတော့ အံသြမှုဖြင့်ကြည့်လာသည်
အဖြေစကားတော့ မပြောလာ

"လာပါ မင်းကိုမေးစရာ ရှိတယ်
သစ်ပင်နားပဲသွားရအောင် "

ကျွန်တော့်လက်ကိုဆွဲကာခေါ်သွားသော ခတ်တ္တရာ
သစ်ပင်နားရောက်တော့ ကြည်နူးစရာ အတွေးလေး ဝင်လာပြန်သည်

ကျွန်တော်သိပ်ချစ်ရတဲ့ သူက
ဒီသစ်ပင်လေးအောက်မှာပဲ ကျွန်တော့်ကို
သူ့ရဲ့ခံစားချက်တွေကို ဖွင့်ပြောခဲ့တာလေ
ဟော အတွေးလေးနဲ့တင် အချက်မပေးပဲ
ရင်ခုန်သံက ဗြောင်းဆန်လာပြန်ပြီ

"သျှင်မင်းဆက် "

ကိုယ့်အတွေးနဲ့ကိုယ်မလို့ ဘေးနားက ခတ်တ္တရာ
ခေါ်သံကြားကာမှ

"အာ sorry ခတ်တ္တရာ
ခေါ်နေတာကြာပြီလား "

"ခုမှခေါ်တာ တစ်ခါပဲရှိသေးတယ် "

"Aww ဘာကြီးလဲ ပြောလေ "

"မင်းကိုမေးစရာရှိတယ် "

"အင်း မေးလေ "

"သူ့အကြောင်းပတ်သတ်တာပါလာရင်
မျက်နှာလေးငယ်သွားတာ အခု ဒီသစ်ပင်ကရော
သူနဲ့ ပက်သတ်နေတာလား "

ကျွန်တော်အဖြေပြန်မပေးခင် သက်ပြင်းအရင်ချမိသည်

"အင်း အဲဒီနေ့က ဒီသစ်ပင်လေးအောက်မှာ
ငါ့ကို ကျောခိုင်းပြီးထွက်သွားတာ
အဲနေ့ ပြီးကတည်းက မတွေ့ရတာ ခုချိန်ထိပဲ
ဒါပေမယ့် ငါနေသားကျနေပါပြီ နောက်ထပ်အချိန်အနည်းအငယ်လောက်ဆို
ငါ မေ့နိုင်လောက်ပြီ "

"မင်း သူ့ကိုချစ်ခဲ့လား သျှင်မင်းဆက် "

"အင်း ချစ်ခဲ့တာပေါ့
ဒါပေမယ့် အဲတာတွေက အတိတ်ကပါ
အခုလက်ရှိမှာက သူနဲ့ငါက မသိခဲ့တဲ့ သူစိမ်းပဲ"

"ဟုတ်ပြီ နောက်တစ်ခုမေးမယ် "

"အင်း မေး "

"မင်း နောင်တရခဲ့လား "

"ဘာအတွက်လဲ ခတ်တ္တရာ "

"ငါပြောချင်တာ မင်းသိပါတယ် "

"ဘွား ကို ပယ်ခဲ့တဲ့အတွက်လား "

ခေါင်းသာညိတ်ပြလိုက်သည်

"မရဘူး သူ့ကိုပယ်ခဲ့တဲ့အတွက်နောင်တမရဘူး
နောက်ထပ်ရွေးရဦးမယ်ဆိုရင်လည်း သူ့ကိုပယ်ပြီး
ကိုကြီးကိုပဲရွေးဦးမှာ "

ကိုယ့်ရဲ့ ကြွေရုပ်Donde viven las historias. Descúbrelo ahora