"ဟယ် နှစ်ယောက်လုံးချောချောလေးတွေထင်တယ်နော်'

"အေးအေးဟုတ်တယ် ကြိုက်နေတာများလားနျစ်ယောက်က'

"မသိဘူးလေဟယ် maskမအုပ်ထားတဲ့ကောကောက တော်တော်ချောတာနော် အုပ်ထားတဲ့တစ်ယောက်ကရော ဘယ်လောက်တောင်ချောလို့ အုပ်ထားလဲမှမသိတာ'

"အေး ဖြစ်နိုင်တယ် မင်းသားလားအဆိုတော့လားပဲ ခေါင်းရောမျက်နှာတွေရောအပြည့်အုပ်ထားတော့ ဘာမှကိုမတွေ့ရဘူး'

မိန်းကလေးတွေလည်းခက်တယ် သူတို့နှစ်ယောက်အကြောင်းအတင်းပြောတာ အနောက်ကလိုက်လာရင်းနဲ့ ပြောနေရတယ်လို့

"တိတိလေး မြန်မြန်သွားမယ်...လာ' လက်ကိုအသာအယာဆွဲကိုင်ကာရှောင်းကျန့် သူ့ရဲ့ပုံမှန်ခြေလှမ်းတွေထက်မြန်မြန်လှမ်းလိုက်သည်

ဝမ်ရိပေါ် ယက်ကန်ယက်ကန်လေးပါလာသည် ကိုကိုသူကနဲနဲမြန်ရင်ကိုယ်က သေမလောက်အပြေးလိုက်ရတာကို

အနောက်ကိုလှမ်းကြည့်တော့ ဟိုကောင်မလေးတွေမတွေ့တော့သည်မို့ တိတိလေးလက်ကိုလွှတ်ပေးလိုက်ရသည်

"တိတိလေး လက်နာသွားလား
ကိုကိုကလေ တခြားသူတွေ ကလေးကိုမှတ်မိသွားရင်တစ်မျိုးထင်ကြမှာစိုးလို့ မြန်မြန်လျှောက်တာပါ'

"ကိုကိုမပြောလည်း တိတိလေးနားလည်ပါတယ်'

"😁 အင်း
Hotpotသွားစားရအောင်နော် ကိုကိုဝယ်ကျွေးမယ်'

"ဟုတ်'

ရှောင်းကျန့်ဆိုသည်မှာ ကလေးကအစပ်မစားနိုင်မှန်းသိပေမယ့် သူနဲ့အမြဲနေပေးမယ်ဆိုတော့ အသားကျအောင် သူကြိုက်တာတွေချည်းရွေးကျွေးထားမည် နောက်ပိုင်းတိတိလေးပါ ကြိုက်လာရင် အဆင်ပြေပြီလေ 😁 (လူလည်)

..........

"ယူဘင်းရေ မင်းရော မစားတော့ဘူးလား ဝင်လာခဲ့လေ' phဆက်ကာ ယူဘင်းကိုလှမ်းခေါ်လိုက်သည်

"မေးထဲက မစားတော့ဘူးလားတဲ့ စားမှာလားမမေးဘူး'

"မင်းကလည်းစိတ်ချည်းပဲ ဟဟ
မှားပါတယ် ကျွန်တော်မျိုး လာခဲ့ပါဗျာ စားဖို့အတွက်ဖိတ်ပါတယ် အကုန်မှာပြီးပါပြီခဗျ'

Love me more than you can say (Completed) Unicode+ZawgyiWhere stories live. Discover now