Episode(2)[Z+U]

Depuis le début
                                    

သူမဘာဖြစ်လို့ စုတ်ပြတ်နေတဲ့အဆောင်ထဲ ဘာလို့တယောလာတီးနေလဲစဉ်းစားလို့မရဖူး။ သာယာလွန်းတဲ့ တယောသံနဲ့ အကျည်းတန် လွန်းတဲ့ ကျောင်းခန်းနဲ့ လုံးလုံး မလိုက်ဖက်ဖူး။

"ကျွီ......ကျွီ..."

တယောသံတွေဟာ တဖြည်းဖြည်း သံကို လွှနဲ့ဖြတ်သလိုမျိုး မညီမညာ လက်ကွက်တွေ စိပ်လာသည်။

ခလေးတယောက် စိတ်ကြိုက်ဆော့သလိုမျိုးစည်းချက်တွေ မညီတော့သလို ဂီတသံဟာ ခြောက်ခြားဖွယ်သံစဉ်အဖြစ် ရုတ်ချည်းပြောင်းလာသည်။

တီးခတ်နေရာကနေ တိခနဲ တယောသံရပ်တန့်သွားသည်။

ငါရှိနေတာ ရိပ်မိသွားလို့လား!!!

"ဆရာ!!!ကျမတီးခတ်ထားတဲ့ သံစဉ်အသစ်ကို သဘောကျရဲ့လား"

ဲ့ ထိုကျောင်းသူပြောလက်တဲ့စကားကြောင့် kakeru ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ဆန်ပိုင်း ဆရာနဲ့ မှားနေတာထင်တယ်။ ကျနော်ကခုမှ ပြောင်းလာတဲ့ ကျောင်းသားသစ်ပါ"

"မမှားပါဖူး  ဆရာရဲ့ မျက်နှာကို ကျမ သိပ်မှတ်မိတာပေါ့ Sensi က ကျမဆီရောက်လာပီဆိုမှတော့ ကြိုဆိုပွဲလေး စတင် လိုက်ရအောင်"

သူမပြောနေတာတွေ သူဘာတခုမှ နားမလည်ဖူး

ကျောပေးလျက် ရပ်နေတဲ့ သူမ ရဲ့

ခန္ဓာကိုယ် က ဒီတိုင်း ကျောပေးလျက် အနေအထားပေမဲ့

သူမရဲ့ မျက်နှာက တပတ်လှည့်လျက် သူ့ဆီ မျက်ထောင့်နီတွေနဲ့ လှမ်းကြည့်တော့ သည်







kakeru ဘာဆက်ဖြစ်မယ်ထင်ကြလဲ😅

Thz y for supporting

8:16 PM




သူ မင်သက်မိနေရာက သတိဝင်လာပြီး အမြန်ရှောင်လိုက်တော့မှ သီသီလေး လွတ်သွားသည်။
အရှိန်လွန်ပြီး မြေကြီးပေါ်ပစ်လဲကျသွားလို့ ခါးရိုးဆီက မျက်ခနဲအောင့်တက်လာသည်။

သစ်ကိုင်းခြောက်က ဘာလို့ သူ သစ်ပင်အောက်ရောက်မှ ကွက်တိပြုတ်ကျလာတာလဲ သူ့ကံကိုကဆိုးလွန်းတာပါ!!!

ဒါမဲ့ အာ့လေမတိုက်ဘဲ အသားလွတ်ကျလာတဲ့ သစ်ကိုင်းခြောက်ကို စိတ်မဝင်စားအားဖူး၊ ရှေ့မှာမြင်လိုက်ရတဲ့ ဆွေးမြေ့ပြိုပျက်နေသော ကျောင်းဆောင်က သူ့ကို ကျက်သရေကင်းမဲ့စွာကြိုဆိုနေသည်။

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Où les histoires vivent. Découvrez maintenant