စောနက သူတွေ့ခဲ့တဲ့ ကောင်မလေး က သူ့ကိုတချက်လှမ်းကြည့်ပြီး အပေါ်ထပ် လှေကားအတိုင်း တက်သွားသည်။

ဒါသူတို့စာသင်ရမဲ့ အဆောင်တော့ မဖြစ်နိုင်ဖူး။ ဒါဆို သူမက ဒီကို ကိစ္စတခုခုကြောင့် ရောက်နေတာဘဲ သူမကို အမှီလိုက်ပြီး မူလကျောင်းဆောင်သစ်ဆီ ဘယ်လိုသွားရမလဲ မေးဖို့ အချိန်ကောင်းဘဲ။

လှေကားထစ်တွေက ဆွေးမြေ့နေပီးတချို့နေရာတွေက အပေါက်ဟောင်းလောင်းနဲ့ မို့ သတိထားပြီး ဖြေးဖြေးတက်လိုက်သည်။

"ဝှီး!!!!

"အား"

ကျနော့်ခေါင်းကိုမာကျောတဲ့ အရာနှင့် ပစ်ပေါက်ခံလိုက်ရလို့ဒေါသတကြီးလှမ်းကြည့်တော့ ပြိုပျက်နေတဲ့တံခါးကဘဲ ပဟေဠိဆန်ဆန်ရှိနေသည်။

ကြက်သီးတွေတဖြန်းဖြန်းထလာပီး အနဲငယ်ကြောက်ရွံ့လာလို့ ခပ်သုတ်သုတ် အပေါ်ထပ်ကို တက်တော့သည်။

အပေါ်ထပ်ရောက်တော့ အောက်သိုးသိုးအနံ့တွေနဲ့ ဖုန်နံ့တွေက ထောင်းခနဲ လှိုက်တက်လာသည်။

ပြိုလဲပျက်စီးနေတဲ့စာသင်ခုံတွေနဲ့ မှောင်မဲလွန်းတာကြောင့် မနည်း သေချာကြည့်နေရသည်။

နေရာတိုင်းမှာ ဖုန်တွေအလိမ်းလိမ်းကပ်နေတာမို့ လမ်းလျှောက်လက်တိုင်း သူ့ခြေရာတွေကဖြူ​ဖွေး​နေသည့်ကြမ်းခင်းတွင် အကွက်လိုက် မည်းကျန်ခဲ့သည်။

အသက်ရှူလိုက်တိုင်း ဖုန်မှုန့်တွေ အလိမ့်လိုက်ဝင်လာတာမို့ လက်နဲ့ကာပြီး စောနက ကောင်မလေးကို လိုက်ရှာတာ လုံးလုံးအရိပ်အယောင်တောင်မတွေ့ရတော့။

သူမက ဘာလို့ လျှပ်စီးလျှပ်သလို လျင်မြန်နေရတာလဲ!!!

အောက်ထပ်တနေရာက တူရိယာ တခု စတင် တီးလိုက်တဲ့သံ သဲ့သဲ့ ကြားလိုက်ရသည။် သာယာလွန်းတဲ့ တယောထိုးသံက တိတ်ဆတ်လွန်းတဲ့ ကျောင်းခန်းထဲ ပျံ့လွင့်လာသည်။

သူလဲ ဘာမှတွေးမနေတော့ဘဲ လှေကားထစ်တွေ အတိုင်း ဒရောသောပါး ဆင်းချလိုက်သည်။

အနုပညာခန်းဖြစ်ခဲ့ဟန်တူတဲ့ ကျောင်းခန်းမှာ စောနက ကျောင်းသူ ကသူ့အား ကျောခိုင်းလျက် တယောကို ပခုံးမှာတင်ပီး စိတ်ပါလက်ပါ တီးခတ်နေသည။် သူမကြည့်ရတာ ဂီတကို အလွန်အမင်း နှစ်ခြိုက်ပျော်မွေ့နေဟန်နဲ့ သိမ်လွန်းတဲ့ ခါးသေးသေးတွေ လှုပ်ယမ်းလျက် ပိတုန်းရောင်ဆံနွယ်ရှည်တွေလဲ လှုပ်ခတ်လျက် သံစဉ်တခုကို ကြိုးစားတီးခတ်နေသည်။

တစ္ဆေသတို့သား(တစ္ဆေသတို့သား)Where stories live. Discover now