"ဟုတ်ကဲ့"

တစ်နာရီတောင်ရှိနေပြီအခုထိပြန်မလာသေးဘူး အစည်းအဝေးကအဲ့လောက်တောင်ကြာလား ဒီအခန်းထဲနေရတာအရမ်းပဲပျင်းနေပြီမို့အပြင်ထွက်ဖို့စီစဉ်လိုက်တယ်

companyတစ်ခုလုံးပတ်ကြည့်ရမယ်

တစ်ထပ်ပြီးတစ်ထပ်ဆင်းလာရင်းဒုတိယအထပ်ရဲ့မြေက်ဘက်ဆုံးအခန်းကိုရောက်တော့အခန်းကပုံမှန်ထက်ကျယ်နေတာမို့ဖွင့်ကြည့်လိုက်တော့

ဟင်မှောင်မဲနေတာပဲ

သေချာကြည့်လိုက်တော့မှလူတေအများကြီးရှိနေတယ်

"ဟေ့ကောင်လေးမင်းဘာလုပ်နေတာလဲထွက်ထွက်"

"ဟုတ်"

"ဘယ်ကကလေကချေလဲမသိ"

ထိုစကားကြောင့်xiao zhanထိုလူကြီးကိုပြန်ကြည့်ပြီးဆဲတော့မလို့ပါပဲ အဲ့အချိန်ဟိုးထိပ်ဆုံးမှာနေနေတဲ့လူကြီးကခုံကိုကန်လိုက်တာမို့တစ်ခန်းလုံးတိတ်ဆိတ်သွားတယ် ပြီးတော့သူကခုနကျွန်တော့်ကိုပြောတဲ့ဦးလေးနားကိုသွားပြီးထိုဦး‌ေလးမျက်နှာကိုခြေထောက်နဲကန်လိုက်တာမို့ကျွန်တော်အပါအဝင်အားလုံးကတအံ့တဩနဲ့yiboကိုကြည့်နေကြသည်

"ခုနကစကားတစ်ခေါက်လောက်ပြန်ပြောကြည့်"

ဟင်သခင်လေးရဲ့အသံ

"CEO ကျွန်တော်"

ခွပ် ခွပ် ခွပ် (ထိုးကြိတ်သံ)

သခင်လေးထိုဦးလေးမသေမချင်းထိုးနေတော့မှာလားမသိဘူး ဘေးကလူတွေလည်းဘာလို့မတားကြတာလဲ ကျစ် မဖြစ်ဘူးဆက်ထိုးနေရင်သခင်လေးရဲ့မကောင်းသတင်းတေပျံသွားလိမ့်မယ် yibo ထိုလူကိုထိုင်ခုံနဲရိုက်ချမယ်လုပ်တော့xiao zhanသူနားအမြန်ပြေးသွားသည်

"သခင်လေး မလုပ်နဲ့တော့"

ကျွန်တော်တားတော့သခင်‌လေးကကျွန်တော့်ကိုကြည့်ပြီးပြုံးပြရင်စကားဆိုလာသည်

"သူကမင်းကိုကလေကချေတဲ့ ကိုယ်တောင်ချစ်လွန်းလို့မပြောရက်မဆိုရက်ထားထားတဲ့မင်းကို သူကကလေကချေလို့ပြောနေတာလေ  အဲ့တာကြောင့်ကိုယ်ဆုံးမပေးနေတာ

"သိပြီ ကျွန်တော်သိပြီ အဲ့တာကြောင့်တော်တော့လေနော် အခုတောင်သူဆေးရုံမှာတစ်လလောက်နေရတော့မှာပဲလေနော် သွားရအောင်"

psycho boy(YiZhan)Donde viven las historias. Descúbrelo ahora