"ဟုတ် "

"ကိုယ်ပြောမယ့် စကားကို သျှင်မင်းသိပြီးသားပါ ဒါပေမယ့် ကိုယ် လေးလေးနက်နက် ပြောချင်လို့
ကိုယ့်ရင်ထဲ စကားလုံးလေးတွေ စီထားတယ် "

နားထောင်ချင်မိတယ် ဘွား ဒါပေမယ့်
တောင်းပန်ပါတယ် ဘွားရယ် ၊ ခင်ဗျား အဲစကားမပြောခင် ကျွန်တော်အရင်ပြောမှာပါ....

"အင်းပါ အခုအရင် စားရအောင် "

"Ok "

အမှန်တကယ်က စားချင်စိတ်လုံးဝမရှိ
ကိုယ်စဉ်းစားထားတဲ့ ရက်စက်တဲ့ စကားတွေ
ဘွားကို ဘယ်လိုပြောထွက်ရမလဲ

ခင်ဗျား ကျွန်တော့်ကိုချစ်သွားသည်အထိ
မရည်ရွယ်ပါဘူးဗျာ ....
ကျွန်တော်လည်း ခင်ဗျားကို ချစ်သွားမယ်လို့် မထင်မိဘူးလေ......

တွေးရင်းပင် ရင်ထဲအောင့်သက်လာသည်
ထိန်းထားသည့် မျက်ရည်တွေလည်း ကျဆင်းခွင့်မပေးမိ....

"ငယ် "

ငယ် ဟုခေါ်သောအသံကြောင့်
ကြည့်မိတော့ ဟင် ကိုကြီး !!!

"ကို ကိုကြီး "

ချက်ချင်း မတ်တပ်ထရပ်မိသည်
ဘေးနားက ဘွားပါ တအံ့တသြ...

"မင်း မင်း အဓိပတိဘွား
ဘယ်လိုလုပ် ငယ် နဲ့ "

"မင်းဓန !! "

ကိုကြီးမျက်ဝန်းထဲ ဒေါသအရိပ်အယောင်တွေ
ဖုံးလွှမ်းသွားသည် ၊ ဘွားကတော့ ဘာမှမသိနားမလည်တဲ့ ပုံစံ

"သျှင်မင်း ဘာတွေလဲ
မင်းဓန နဲ့က....

"ငယ် ဘယ်လိုဖြစ်တာလဲ "

"ဟို ကျွန်တော် ကျွန်တော် ရှင်းပြပါ့မယ်
ကိုကြီး "

"လာ သွားမယ် ငယ် "

"ဟို ကိုကြီး ကျွန်တော်....

စကားပင် မပြောခိုင်း လက်ကိုအတင်းဆွဲခေါ်ကာ
အပြင်ထွက်လာသည်

"တက် ကားပေါ် "

ကားပေါ်မတက်မိ ကျွန်တော့်လက်တစ်ဖက်ကို
ပြန်ဆွဲခံရသည်

"နေဦး သျှင်မင်း "

ဘွား ဘွားအနောက်ကနေ လိုက်လာတာလား

"လွှတ် အဓိပတိဘွား ငယ့်လက်ကို မင်းကိုင်စရာမလိုဘူး "

ပြောကာ ကျွန်တော့်ကို ဆွဲထားသော ဘွားလက်ကို
ဖြုတ်ချပလိုက်သည်

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now